နျူကလီးယားကိစ္စနှင့် ပတ်သက်၍ အနောက်အုပ်စုများနှင့် ဆက်ဆံရေး တင်းမာနေသော အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက မြန်မာနိုင်ငံတွင် သံရုံးဖွင့်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း အီရန်နိုင်ငံအခြေစိုက် သတင်း မီဒီယာ များတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ရန် အီရန်အစိုးရ၏ ကမ်းလှမ်းမှုကို မြန်မာအစိုးရက လက်ခံခဲ့ပြီး သံရုံး ဖွင့်လှစ်နိုင်ရန် အခြေခံလုပ်ငန်းများ ၄င်းတို့ဘက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အီရန်အစိုးရဘက် က ထုတ်ပြန်ထားသည်။ “အီရန်သံရုံး ဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီး အီရန်ဘက်က ဖွင့်လှစ်ဖို့ စိတ်ဝင် စားကြောင်း အလွတ်သဘော ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမယ့် အခုချိန်ထိ တရားဝင် အဆိုပြုခြင်း၊ နှစ်ဖက် တရားဝင် ဆွေးနွေးသဘောတူခြင်းတွေ မရှိသေးပါဘူး” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပြခဲ့သည်။ ကမ္ဘာ့ပထမဆုံး အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေးကို ၁၉၆၈ ခုနှစ်တွင် စတင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးဖွင့် လှစ်ထားခဲ့ကာ ယခုပြည်တွင်း၌ ပထမဦးဆုံး သံရုံးဖွင့်လှစ်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Time in Rangoon

0 comments:
Post a Comment