Saturday, June 29, 2013

မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ်အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်

Posted by drmyochit Saturday, June 29, 2013, under | No comments

၁၅၀၀ တန် တန်ဖိုးနည်းဖုန်းအတွက် မဲနှိုက်နေကြစဉ်

မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။

လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့် လက်ကိုင်ဖုန်း များ၏ ပြောဆို ဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြု လာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ သတ်မှတ်ပေး ရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့် သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင် မကဘဲ တခြားအခွန် အခတွေ ကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေ ဖို့ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်'' ဟု ဒုတိယ ၀န်ကြီး က ပြောကြားသည်။

ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာ မည် ဖြစ်သည့် အတွက် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေး ခုအား ပြည်သူအတွက် မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်း မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက်ယှဉ်ပြိုင်မှုများအရ ဈေးနှုန်းကို အပြိုင် အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်းအပေါ် နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွား မည် ဖြစ်ကြောင်း ပြောကြားသည်။

''တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင် ဈေးကွက်ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ ယှဉ်ပြိုင် ခွင့်ပြုပေး ပါမယ်။ ကုမ္ပဏီတွေက အပြိုင် အဆိုင် လျော့ချမှုတွေ ပြုလုပ်နိုင်တဲ့ အတွက် နောင်တစ် ချိန် ချိန် မှာတော့ ခေါ်ဆိုခတွေ ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်'' ဟု ဒုတိယ ၀န်ကြီးက ပြောကြားသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်