Wednesday, June 12, 2013

ကြက်ဟင်းခါးသီးဟင်း ချက်ကျွေး၍ လင်မယားချင်းဓါးထိုးမှု

Posted by drmyochit Wednesday, June 12, 2013, under | No comments

ပဲခူးတိုင်း ဒေသကြီး ၊ အုတ်ဖိုမြို့နယ် ၊ လက်ပံတော ကျေးရွာ အုပ်စု၊ ဂရန် စံပြကျေးရွာတွင်၊ ၁၆-၅-၁၃ ရက်နေ့ ၊ နေ့လည် ၁း၀၀ ခန့်က ကိုဇော်မင်းနိုင်မှ ဇနီးဖြစ်သူချက်ကျွေးသော ကြက် ဟင်းခါး သီးဟင်းကို အရမ်း ခါးလွန်း သည်ဟု ၊ ပြစ်တင်ပြောဆိုရာမှ လင်မယားချင်း စကားများ ရန်ဖြစ်ခဲ့ပါသည်။
ကိုဇော်မင်းနိုင်မှ ဇနီးဖြစ်သူ မစန်းစန်းမော် ၏မျက်နှာကို လက်သီးဖြင့် စတင်ထိုးပြီးခြေဖြင့် ကန်ခဲ့၍ ဇနီးဖြစ်သူမှ ဓါးမြှောင်ဖြင့် ပြန်ထိုးခဲ့ရာ ဇော်မင်းနိုင် ၏ရင်ညွန့်တည့်တည့်တွင် ဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် ၊ ဆေးရုံသို့ပို့ဆောင်၍ဆေးကုသမှုခံယူခဲ့ရကြောင်းသိရှိရပါသည်။

ကိုဇော်မင်းနိုင် ၏တိုင်တန်းမှုကြောင့် အုတ်ဖိုရဲစခန်းမှ ပ(၁၃၀/၁၃) ပုဒ်မ ၃၂၄ အရ အရေး ယူဆောင်ရွက် လျှက်ရှိကြောင်းသိရှိရပါသည်။ အစားအသောက်နှင့်ပတ်သက်၍၊ ထမင်း တလုတ် တုတ်တစ်ချက် ဟူသော စကားပုံ အသိ ရှိခဲ့သော်လည်း ဒေါသမထိန်းနိုင်သည့်အခါ ဟင်းတစ်ခွက် ကလည်း ဓါးတစ်ချက် ဖြစ်ပေါ်စေနိုင် ကြောင်း စာဖတ်သူများ သတိပြုစေနိုင်ရန် တင်ပြလိုက်ရပါသည်။

ပဲခူး သတင်းစဉ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်