Sunday, August 04, 2013

ရဲတပ်သား တစ်ဦး ဆွဲကြိုးချ သေဆုံး

Posted by drmyochit Sunday, August 04, 2013, under | No comments



ဟင်္သာတ၊ သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရွာသစ် ရပ်ကွက်အတွင်း သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့် က ရဲတပ်သား တစ်ဦး ယူနီဖောင်းဝတ်ဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင် သူများ ထံမှ သိရှိရသည်။

သေဆုံးသူ ရဲတပ်သား တေဇာလင်းသည် ၎င်း၏ နေအိမ် အမြင့် ၇ ပေခန့်ရှိ ထုတ်တန်းတွင် ဝါယာကြိုး ဟောင်း အသုံးပြု၍ ထိုင်လျက် သေဆုံးနေခြင်း ဖြစ်ကြောင်း ကြံခင်း ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦး က ပြောဆိုသည်။

ရဲဝန်ထမ်း လုပ်သက် လေးနှစ်ခန့် ရှိပြီး အရက် ပုံမှန် သောက်တတ်ကာ ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ အရက် ဖြတ် ထားပြီး ယင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရဲတပ်သား သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေပြီး သေမှုသေခင်း အမှတ်စဉ် ၆ /၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ကြံခင်း ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်