ကျွန်း သစ်ကို လက်ရှိကဲ့သို့ ထုတ်ယူနိုင် သည့်ပမာဏထက် အစိုးရ၊ တစ် ဆင့်ခံ ကန်ထရိုက်သမားများနှင့် လက်နက်ကိုင်များလည်း ထုတ်ယူ လျက်ရှိရာ ယင်းသို့ပိုမိုထုတ်ယူ နေမည်ဆိုပါက နောင်ဆယ်နှစ် အတွင်း မျိုးသုဉ်းပျောက်ကွယ် သွားနိုင်ကြောင်း သစ်တောသ ယံဇာတ၊ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်း ရေးအသင်းဥက္ကဋ္ဌဦးအုန်းက သတိပေးပြောသည်။
လာမည့် ၂၀၁၄-၂၀၁၅မှ စတင်၍ AAC အရ ကျွန်းသစ်ကို နှစ်စဉ် တန်ချိန်ခြောက်သောင်းသာ ထုတ်ယူ ရတော့မည်ဖြစ်ပြီး ယင်း သို့ ထုတ်ယူမည်ဆိုပါက သတ် မှတ်ထားသောပမာဏထက် ပိုမို ထုတ်ယူခြင်းများ မရှိသင့်ကြောင်း၊ ယခုကဲ့သို့ ကျွန်းသစ်တန်ချိန်ထုတ် ယူမှုလျှော့ချလိုက်ခြင်းသည် ဆက် လက်ထုတ် ယူရန်ပ မာဏ လွန်စွာ နည်းပါးသွားနိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်တန်ချိန် ခြောက်သောင်း ထက် ပိုမိုထုတ် ယူနေမ ည်ဆိုပါက နောင်ဆယ်နှစ်အတွင်း ကျွန်းသစ် မှာ ပျောက်ကွယ်သွားနိုင်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဦးအုန်း က ''ဒီလိုမျိုးကျွန်းသစ်တန်ချိန် လျှော့ချလိုက်တာ ကောင်းတယ်။ ဒါပေမဲ့ ပြောထားတဲ့ပမာဏထက် ပိုမထုတ်ရဘူး။ ခြောက်သောင်း လို့ပြောပြီး ရှစ်သောင်း၊ တစ်သိန်း ထုတ်နေမယ် ဆိုရင် နောက်ထပ် ကျွန်းကို ဆက်ထုတ်လို့မရအောင် ကို ပြုန်းတီးသွားမယ်။ အခုတောင် ခြောက်သောင်းတောင် ရှိပါဦး မလားမသိဘူး။ ဘာဖြစ်လို့လဲဆို တော့ သစ်တောတွေက တော် တော်ကို ပြုန်းတီးပျက်စီးနေပြီ။ အစိုးရကလဲ ထုတ်တယ်။ တစ် ဆင့်ခံ ကန်ထရိုက်သမားတွေက လဲ တရားဝင်ထုတ်လို့ရတာထက် မတရားထုတ်ကြတယ်။ ဒီကြား ထဲ သူပုန်တွေလဲ ထုတ်နေတော့ တောတွေပျက်စီးကုန်တယ်။ ဒီ လိုသာ ဆက်သွားနေမယ်ဆိုရင် နောင်ငါးနှစ်၊ ဆယ်နှစ်က အာ ဏာကုန်ပဲ။ အဲလိုမှမဟုတ်ဘဲ သတ်မှတ်ထားသလောက်ကိုပဲ ထိန်းထိန်းသိမ်းသိမ်း ထုတ်မယ် ဆိုရင် နောက်ထပ်မပျက်စီးတော့ ဘဲ ရှိတာလေးကို ဆက်ထိန်းသိမ်း လို့ရတာပေါ့''ဟု ပြောသည်။
အဆိုပါကျွန်းသစ်ကို ၁၉၅၆ -၁၉၅ရခုနှစ်ဝန်းကျင်ခန့်က စတင် ၍ နှစ်စဉ်တန်ချိန် လေးသိန်းနှင့် အထက်ထုတ်ယူခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်ဝန်းကျင်ခန့်မှစတင်ပြီး တန် ချိန်ရှစ်သောင်းအထိ သတ်မှတ် လျှော့ချခဲ့သော်လည်း ထုတ်ယူ သည့်ပမာဏများသည် သတ်မှတ် ပမာဏထက် များနေခဲ့ကြောင်း၊ ယင်းအပြင် တစ်ဆင့်ခံကန်ထရိုက် များကို သစ်တောဧက ထောင်၊ သောင်းများအား ထုတ်ယူခွင့်ပေး ခဲ့ပြီး ပြန်လည်စိုက်ပျိုးမှုများမှာ လွန်စွာအားနည်းခဲ့ကြောင်း သိ ရသည်။
ဆက်လက်၍ ဦးအုန်းက ''သစ်တွေကို တရားဝင်ထုတ်ခွင့် ရှိတဲ့သူတွေကလဲ မတရားထုတ် နေတဲ့အတွက် တောတွေ တော် တော် ပျက်စီးကုန်ပြီ။ တောမရှိတဲ့ အတွက် ငါးလက်မ၊ ဆယ်လက်မ ရွာတဲ့မိုးရေကို မထိန်းသိမ်းပေး နိုင်တော့ဘူး။ လူတွေဒုက္ခရောက် ကုန်တယ်။ ဒါတွေကို ထိန်းချုပ်ဖို့ ဆိုရင် ဖြစ်နိုင်ရင် သစ်ထုတ်တာ တွေကိုရပ်ရမယ်။ တောတွေပြန် စိုက်ရမယ်။ စိုက်ရင်လဲ ကျွန်းသစ် တစ်မျိုးတည်းမစိုက်ဘဲ တခြား သစ်မာ၊ ပျဉ်းကတိုးတွေနဲ့ရောပြီး အစုံစိုက်ရမယ်။ အထူးသဖြင့် မြစ် ဖျားခံတဲ့တောတွေကို၊ ကမ်းနား ဒေသတွေကို ဦးစားပေးထိန်းသိမ်း ရမယ်။ တောတွေ ပြန်စိုက်တဲ့အခါ စိုက်ရုံနဲ့ မပြီးဘူး။ ဥပဒေနဲ့ထိန်း ချုပ်ရမယ်။ Instruction နဲ့မရဘူး။ ဥပဒေလုပ်ရမယ်။ ဒေသခံတွေ စိုက်ထားတဲ့တောတွေကို ထိခိုက် လာပြီဆိုရင် ဥပဒေက ကာကွယ် ပေးရမယ်။ လျော်ကြေးတွေပါ တောင်းလို့ရရမယ်။ ဒီလိုလုပ်သင့် လုပ်ထိုက်တာတွေကို အစိုးရဘက် က လုပ်တာ အားနည်းနေတယ်'' ဟု ပြောသည်။
ယင်းကဲ့သို့ထုတ်ယူနိုင်သော ပမာဏထက် ပိုမိုထုတ်ယူနေခြင်း ကြောင့် တောများပျက်စီးပြုန်း တီးမှုပမာဏမှာ ၁၉၉ဝပြည့်နှစ် တွင် ကုဗမီတာ ၂၈၀၂ဒသမရ၂ သန်းရှိခဲ့ပြီး ၂ဝဝဝပြည့်နှစ်တွင် ကုဗမီတာ ၂၈၆၉ဒသမဝ၄သန်း ရှိခဲ့ကြောင်း သိရသည်။
Yangon Media Group
0 comments:
Post a Comment