စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ ဟာ ညနေစာအတူစားဖို့ အာရပ်မင်းသားတစ်ပါးက ပေါင်တစ်သန်းနဲ့  ဌားရမ်းခဲ့မှုကို သူမ ငြင်းဆန်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။
ဂျာမန်လူမျိုး အလှဘုရင်မ က သူမဟာ အခုလို မော်ဒယ်လောကရဲ့ ဘုရင်မတစ်ဆူဖြစ်ပြီး ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး မိန်းမသားတစ်ဦးဖြစ်နေရတဲ့အတွက် သူမကို မရေမတွက်နိုင်တဲ့ ထူးထူးဆန်းဆန်း ကမ်းလှမ်းမှုတွေ ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
“ ကျွန်မ ထူးထူးဆန်းဆန်းကမ်းလှမ်းမှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ့အာရပ်မင်းသား ကိစ္စကတော့ အထူးဆန်းဆုံးပါပဲ။ ကျွန်မနဲ့ ညနေစာအတူစားဖို့ အတွက် ပေါင်တစ်သန်းနဲ့ ဌားရမ်းနိုင်မလား လို့  သူမေးတယ်လေ။ ကျွန်မကတော့ ငြင်းလိုက်တယ်။ ဒါနဲ့ ပဲ တခြား စူပါမော်ဒယ်တွေ အဲ့အခွင့်အရေးကို အမိဖမ်းသွားခဲ့တယ်” လို့ သူမက ပြန်ပြောကြားခဲ့ပါတယ်။
အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကလောက်ဒီယာ တစ်ယောက်တည်း အခုလို အဖြစ်မျိုး ကြုံခဲ့ရတာမဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်တုန်းကလည်း ပေါ့စ်စတား မိုင်လင်းကလတ်စ် ကို ဟောလီးဝုဒ် ထိပ်တန်းတစ်ဦးက နေ့ လည်စာအတူစားဖို့ အခုလို ကမ်းလှမ်းခံရဖူးပြီး မင်းသမီး Stephanie Beacham ကလည်း ၂၀၁၀ ခုနှစ် Big Brother တီဗွီအစီအစဉ်မှာ လူစိမ်းတစ်ယောက်က လိင်ဆက်ဆံဖို့ ပေါင် လေးသောင်းနဲ့ ကမ်းလှမ်းခံခဲ့ရဖူးကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
Ref: Mirror
Trend Myanmar
Time in Rangoon


0 comments:
Post a Comment