![]() |
| (လေယာဉ်ပျောက် ရှာဖွေရေးအတွက် ပျံသန်းရှာဖွေရမည့် ပုံစံများကို ရေးဆွဲနေသော အင်ဒိုနီးရှားလေတပ် အရာရှိတစ်ဦး) |
လေယာဉ်သည် မြေပြင်နှင့်ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီးနောက် နာရီများစွာကြာအောင် ဆက်လက်ပျံသန်း နေခဲ့ကြောင်း အမေရိကန်၏ သတင်းအချက်အလက်သစ်များ ထွက်ပေါ်ခဲ့ပြီးနောက် မလေးရှား အာဏာပိုင်များသည် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ရှာဖွေရေး လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။
ယခင်ရရှိထားသော အချက်အလက်များအရ ခရီးစဉ် MH370 လေယာဉ်သည် မည်သည့်နေရာသို့ ရောက်ရှိနေမှန်း မသိခဲ့ရခြေ။ "MH370 ဟာ အိန္ဒိယသမုဒ္ဒရာဝေဟင်မှာ လုံးဝပျောက်ဆုံး ခဲ့ပါတယ်" ဟု ယာယီ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်က ပြောကြားခဲ့သည်။
မလေးရှား လေကြောင်းလိုင်း၏ ဘိုးရင်း ၇၇၇ လေယာဉ်မှ ဆက်သွယ်ရေး စနစ်သည် ရေဒါမှ ပျောက်သွားပြီးနောက် ဂြိုဟ်တုသို့ အချိန်အတော်ကြာသည်အထိ ဆက်တိုက် အချက်ပြခဲ့ကြောင်း တာဝန်ရှိသူများကို ကိုးကား၍ အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ အမေရိကန် ရေတပ်သင်္ဘော USS Kidd သည် မလက္ကာရေလက်ကြားမှ အိန္ဒိယသမုဒ္ဒရာသို့ ဦးတည်မောင်းနှင်နေကြောင်း အမေရိကန် ရေတပ်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဖျက်သင်္ဘော USS Kidd ကို မူလက မလေးရှား အနောက်ဘက်ကမ်းရိုးတန်း ထိုင်းပင်လယ်ကွေ့တွင် နေရာချထားခဲ့သည်။
အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာတွင် တတိယအကြီးဆုံး သမုဒ္ဒရာဖြစ်ပြီး သမုဒ္ဒရာ၏ ပျမ်းမျှအနက်သည် ၁၂,၈၀၀ ပေ (၃၉၀၀ မီတာ) ရှိသည်။
မလေးရှားလေယာဉ်အား ရှာဖွေခြင်း
မတ် ၁၄ သောကြာ
ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ်ကို တောင်တရုတ်ပင်လယ်တွင် ရှာဖွေမှုကို မရပ်တန့်သော်လည်း အရှိန်လျှော့လိုက်ပြီဖြစ်ကြောင်း ဗီယက်နမ် အစိုးရက မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် မလက္ကာရေလက်ကြားသို့ လေယာဉ်နှင့် သင်္ဘောများ စေလွှတ်ပေးရန် မလေးရှား အာဏာပိုင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။ ဗီယက်နမ်အစိုးရ၏ အဆိုပါထုတ်ပြန်ချက်သည် လေယာဉ်ရှာဖွေရန် ကြိုးပမ်းအားထုတ်မှု၏ အချက်အချာသည် မလေးရှားအနောက်ပိုင်း၊ မလက္ကာရေလက်ကြားနှင့် အိန္ဒိယသမုဒ္ဒရာသို့ ပြောင်းရွှေ့လာသော သင်္ကေတေတစ်ခုဖြစ်သည်။ ယင်းလေယာဉ်အား ရှာဖွေမှု အခြေအနေသည် အရေးပေါ်အခြေအနေမှ ပုံမှန်အခြေအနေသို့ ပြောင်းလဲလာပြီဖြစ်ကြောင်း ဗီယက်နမ်ရှာဖွေရေး ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ငုယင်ငေါ့ဆင်က ပြောကြားခဲ့သည်။
လေယာဉ်ပျောက်ရှာဖွေရေး ဧရိယာကို အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ တိုးချဲ့ထားကြောင်း မလေးရှားက မတ် ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ သို့သော် မလေးရှား လေယာဉ်သည် ပျောက်ဆုံးပြီးနောက် နာရီများစွာ ဆက်လက်ပျံသန်း နေခဲ့ကြောင်း အမေရိကန် သတင်းများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် မလေးရှား သယ်ယူပို့ဆောင်ရေး ၀န်ကြီးက ငြင်းဆိုခဲ့သည်။ ယခုအချိန်ထိ ရှာဖွေခဲ့သော နေရာများတွင် လေယာဉ်ကို မတွေ့ရှိခဲ့သောကြောင့် ရှာဖွေရေးဧရိယာကို ချဲ့ထွင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။
Ref:AFP
Eleven Media Group
Time in Rangoon


0 comments:
Post a Comment