Friday, June 22, 2012

နိုင်ဂျီးရီးယားအကြမ်းဖက်မှု ၉၈ ဦးထက်မနည်းသေဆုံးခြင်း

Posted by drmyochit Friday, June 22, 2012, under | No comments

နိုင်ဂျီးရီးယားနိုင်ငံ ကာဒူနာပြည်နယ်ဂိုဏ်းဂဏဆိုင်ရာအကြမ်းဖက်မှုအတွင်း လူပေါင်း ၉၈ဦးထက် မနည်းသေဆုံး ခဲ့ကြောင်း သိရှိရပါသည်။ 


ဇွန်လ ၁၇ ရက်နေ့တွင် ကာရီယာမြို့နှင့် ကာဒူနာမြို့တို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၂ခု၌ဗုံးပေါက်ကွဲခဲ့ရာ ၁၉ ဦးသေဆုံးခဲ့ပါသည်။ အဆိုပါ ဗုံးပေါက်ကွဲပြီးနောက် ခရစ်ယာန်ဘာသာကိုးကွယ်သူများက မွတ်စလင် ဟုယူဆရသူ များအားတိုက်ခိုက်ခဲ့ရာလူပေါင်း ၇၉ ဦးသေဆုံးခဲ့ပါသည်။ လက်နက်ကိုင် ခရစ်ယာန် လူရမ်းကား များကြောင့် သေဆုံးခဲ့ရသည့်ရုပ်အလောင်းများအားရှာဖွေရန် ကယ်ဆယ်ရေးသမားများ က ဆောင်ရွက်နေသကဲ့သို့ ဘဏ်နှင့်ရုံးများအား ဇွန်လ(၁၈-၁၉)ရက်နေ့များတွင် ပိတ်ထားခဲ့ရပါ သည်။ ထို့ပြင် မွတ်စလင်ဗလီများ၊ မော်တော်ယာဉ်များနှင့်ဓာတ်ဆီရုံများအား ခရစ်ယာန်များက မီးရှို့ခဲ့ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်