Friday, June 22, 2012

အီရန်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

Posted by drmyochit Friday, June 22, 2012, under | No comments

အီရန်မူးယစ်ဆေးဝါးဆန့်ကျင်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Ali Moayyedi မှ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ခြင်းကို ပူးပေါင်းတိုက်ဖျက်ရန် ဒေသတွင်းနိုင်ငံ 

များအားလုံးသို့တိုက်တွန်းခဲ့ပါသည်။ အီရန်၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းမှမူးယစ်ဆေးဝါးရောင်းဝယ်မှုအန္တရာယ်ကို ဖယ်ထုတ် ရှင်းလင်းနိုင်စွမ်းရှိလိမ့်မည်ဟု ဗိုလ်ချုပ်ကြီး Moayyedi ကဖော်ပြခဲ့ပါသည်။ မူးယစ်ဆေးဝါး မှောင်ခိုမှုများကိုတိုက်ခိုက်ရန်အတွက် မည်သည့်အခြားသောတိုင်းပြည်၏ကူညီမှုကိုမှမျှော်လင့် မနေရန် ဒေသတွင်းနိုင်ငံများသို့ အီရန်အရာရှိတစ်ဦးက အကြံပြုခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်