Friday, July 27, 2012

ပြည်ချစ်သား စဉ်းစားစေချင်သည် (၃)

Posted by drmyochit Friday, July 27, 2012, under | 5 comments



၂၃-၆-၂ဝ၁၂ ရက်နေ့ကမြဝတီ သတင်းစာ မှာမြစ်ကြီး နားမှာ ရှိတဲ့ ဒုက္ခ သည်စခန်းကို ဒုက္ခ သည် ယောင် ဆောင်ပြီး လာနေတဲ့ KIA က တပ်ကြပ်အဆင့် လထော် ဘရန်ရှောင် သတင်းကို ပြည်ချစ်သား ဖတ်ရလား။ မြစ်ကြီးနား မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၂ဝ လောက်ရှိတယ်။ အဲဒီမှာ တိုက်ပွဲတွေ ဖြစ်လို့ တကယ် ဒုက္ခရောက်ပြီး ရောက်လာကြတဲ့ ရွာသားတွေ ရှိသလို KIA ရဲ့မိသားစုတွေ လည်းရှိကြ တယ်ဗျ။ ဇွန်လကုန် လောက်ကမြစ်ကြီးနား တိုင်းမှူးက အဲဒီနေရာ တွေကို သွားကြည့်ပြီး ထောက်ပံ့ တာတွေ ဘာတွေ လုပ်ပေးတယ်။ ပြီးတော့ တောင်ယာ စပါးစိုက်ချိန် ဆိုတော့ ကိုယ့်ရွာကိုယ် ပြန်နေကြ၊ လိုတာ အကူ အညီ ပေးမယ် ဆိုပြီး ပြောတယ်လို့ သိရတယ်။ အောက်ခြေမှာ ကျတော့ KIA က မပြန်ခိုင်းဘူးပြန်ရင် ဘာဖြစ် မယ် ညာဖြစ်မယ်နဲ့၊ KIA စစ်သား လုပ်ခိုင်းမယ်၊ သတ်ပစ်မယ် လို့ဖြစ်နေတော့ ဘယ်သူက ပြန်ရဲမှာ လည်းဗျာ။ ကျုပ်တို့ မြစ်ကြီးနား မြို့ပေါ်က လူတွေ ဒုက္ခသည် စခန်းဆိုတဲ့ နေရာတွေကို မသွားရဲဘူး၊ Inline  ဖြစ်ရင် ကိစ္စ မရှိဘူး၊ မဟုတ်ရင်  မိသားစု အသက်ဘေးက စိုးရိမ်ရတယ် ဆိုတာ ကျုပ်တို့ဘဲ သိတယ်။


      ၁၈-၄-၂ဝ၁၂ ရက်နေ့  http: //  www.rfa.org သတင်းမှာ''တာလောကြီးကှုဗ  တပ်ဖွဲ့ ဝင်  ၄ဝ ကျော် အစိုးရထံမှာ လက်နက်ချ အလင်းဝင်''ဆိုတဲ့ သတင်းက KIA ခေါင်းဆောင် တွေရဲ့ သဘောထား တင်းမာမှု ကြောင့်လို့ပါတယ်။ KIA  ဗိုလ်ချုပ်တွေထဲမှာ အက်စ်ဂွမ်မော် ဆိုတာ နာမည်ကြီးတယ် လို့ကြား ဖူးတယ်၊ သူကရော ငြိမ်းချမ်းရေးကို တကယ်မလို ချင်လို့ တိုက်ပွဲတွေ ဝင်နေတာ များလား၊ ဒါလည်း စဉ်းစားစ ရာဘဲ။ 


          ဒါနဲ့ဆက်စပ်ရင် ကျုပ်စရေးခဲ့တဲ့  KIA NDAK ပြဿနာနဲ့ ဆက်စပ်မလား မသိဘူး၊၂၈-၄-၂ဝ၁၂ ရက်နေ့ က www. tabarwamyay.com blog နဲ့ www. mgkyautkhae.com blog တို့မှာ အေပြီ ၂၇ ရက်နေ့ ပန်ဝါ၊ လုပီဘက်က NDAK  နယ်ခြား စောင့်တပ်ကို KIA က အင်အား ၂ဝဝ ကျော်နဲ့ ဝင်တိုက်လို့ စစ်တပ်နဲ့ နယ်ခြား စောင့်တွေပေါင်းပြီး ပြန်တိုက် ခဲ့ရတယ် လို့ပါတယ်။
          ကျုပ်မေးချင် တာက ဆောင်းပါးရှင် ပြောသလို ကာချုပ်က ငြိမ်းချမ်းရေးကို မလိုလား ဘူးဆိုရင် KIA ရဲ့ လိုင်ဇာကို တကယ်ဝင် တိုက်ခိုင်းမှာပေါ့၊ အခုတော့ KIA က ဘဲတိုက် နေတယ်၊ ရိက္ခာပို့တဲ့ ရဟတ်ယာဉ်ကို ပစ်ချတယ်၊ မိုင်းခွဲတယ်၊ ဖားကန့်ဘက်မှ လူတွေဆွဲတယ် လုပ်နေတာ ရပ်သိရွာသိ ကမ္ဘာသိပဲ ဖြစ်တယ်။ အရပ်သား တွေ ဒုက္ခရောက် နေကြပြီဆိုတာ ပြည်ချစ်သား တွေးကြည့်ရင် သိနိုင်ပါတယ်။ ဒါဆိုရင် သ တ္တုချကြည့်၊ KIA ဘက်က လွန်နေပြီ လို့ထင်တယ်။ ဒါအထင်လို့ပြောတာ နော်။ ဒါဆိုရင် ဒီလုပ်ရပ် တွေကို ဘယ် သူတွေ ကလုပ်နေတာလဲ၊ ဘယ်သူ့ကြောင့် ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး မရတာလဲ၊ တရားခံအစစ် က ဘယ်သူလဲဆိုတာ ပြည်ချစ်သား စဉ်းစားစေချင် တယ်ဗျာ။
          ဘာပဲပြောပြော ဒီဖြစ်စဉ်တွေ ကိုစဉ်းစားရင်းနဲ့ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်ရင် လုံးဝ အပစ်ရပ် ဖို့ပဲ လိုတယ်လို့ ကျုပ်သိလိုက် ရတယ်။ စစ်တပ်ကတော့ သူ့ကို လာမပစ်ရင် ပြန်ပစ်စရာ အကြောင်း မရှိပါဘူးKIA မှမဟုတ်ဘူး၊ ရှမ်းပြည်က ဝမ်ဟိုင်းအဖွဲ့တို့၊ ရွက်ဆစ်အဖွဲ့တို့ အားလုံးပေါ့နော်။
          ခင်ဗျား သတင်းစာတွေမှာပြန်ကြည့်၊ KNU အဖွဲ့နဲ့ ငြိမ်းချမ်းရေး လုပ်တာ ၁၂-၁-၂ဝ၁၂ နေ့မှာ ပြည်နယ်အဆင့်၊ ၆-၄-၂ဝ၁၂ နေ့မှာ ပြည်ထောင်စုအဆင့် သဘောတူညီချက် တွေကို လက်မှတ်ရေးထိုး ကြတယ်။ ကရင်ပြည်နယ်မှာ ဒီနေ့အထိ တိုက်ပွဲဖြစ်တယ် ဆိုတာကြားရလား။  ကြတယ်။ ကရင်ပြည်နယ်မှာ ဒီနေ့အထိ တိုက်ပွဲဖြစ်တယ်ဆိုတာ ကြားရလား။ 
          အဓိကက ငြိမ်းချမ်းရေး ဆိုတာ ကြားပွဲစားမလိုဘူးလို့ ကျုပ်နားလည် သဘောပေါက်တယ်။ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၊ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတွေ ဖွဲ့စည်းထား တယ်ဆိုတာ သတင်းစာတွေမှာ ခင်ဗျားတွေ့မှာပါ။ အဲဒီကော်မတီနဲ့ တိုက်ရိုက် ဆောင်ရွက်ရင်ရ မယ်လို့ထင်တယ်၊ ကြားပွဲစားတွေ မလိုဘူးထင်တယ်၊ ကြားပွဲစားပါရင် မအောင်မြင်ဘူးဗျာ၊ ပွဲစားကတော့ ပွဲစားအလုပ်ပဲ လုပ်မှာဘဲ၊ မလိုရင် ဖျက်တတ်တာ ကြားပွဲစားရဲ့ သဘာဝပဲ မဟုတ်လား၊ အဲဒီကြား ပွဲစားတွေက အမှန်တွေကို ဘယ်လောက် သိမှာမို့လို့လဲ။

          ကချင် ပြည်နယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ မီဒီယာတွေ အများကြီး လုပ်ကြတယ်၊ ဂျာနယ်ေ တွရော၊ Website တွေရော၊ လူ့အခွင့်အရေး သမားေ တွရောဘဲ။ ငြိမ်းချမ်းရေး ကိစ္စကို မစားရဝခမ န်းပြောေ န ရေးနေပြီး လုပ်စားနေကြတာ၊ သူတို့က ဘယ်ေ လာက် သိနေလို့လဲ။ ကျုပ်တို့ပြည်နယ် သားတွေ  လာက်   သိလို့လား။
          နောက်တစ်ခု ကျွန်တော် ပြောချင်တာက KIA ကရော ကချင်လူထုကို ကိုယ်စားပြု သလား၊ ပြည် ချစ်သား စဉ်းစားကြည့်။ တိုက်ပွဲတွေ ဖြစ်လို့ခံရတာက ကျုပ်တို့ ကချင်ပြည်နယ် သားတွေ၊ လမ်း/ တံတား တွေ မိုင်းခွဲလို့ ခံရတာက ကျုပ်တို့ ကချင်ပြည်နယ် သားတွေ၊ လူသစ် ဆွဲတာ/ဖမ်းတာ ခံရတာက ကျုပ်တို့ ကချင်ပြည်နယ် သားတွေ။ ကျုပ်သာKIA ဆိုရင်၊ ကချင်လူထုကို ကိုယ်စားပြုတယ် ဆိုရင် ကချင်ပြည်နယ် ကလူတွေ ဒုက္ခရောက်အောင် မလုပ်ဘူးဗျာ။ အခုခေတ်မှာ က ချင်ပြည်နယ် ကိုယ်စားပြုဖို့ ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့၊ ကချင်ပြည်နယ် အမျိုး သားလွှတ်တော်တို့ ရှိနေပြီ၊ အဲဒီမှာခေါင်းဆောင် တွေက ဘယ်သူတွေလဲ၊ ခင်ဗျားကြည့်လိုက်၊ ပြည်နယ် ဝန်ကြီးချုပ်ဆို ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ် လွှတ်တော် ဥက္ကဌဆို ဦးရာဝမ်ဂျုံး၊ သူတို့က ကချင်တွေပဲ မ ဟုတ်လား။ ကချင်ပြည်နယ်ကို ကချင် အမျိုးသားတွေပဲ ဦးဆောင်နေတယ် မဟုတ်လား၊ အခု လွှတ်တော်မှာလည်း ကိုယ့်ပြည်နယ်အတွက် အခွင့်အရေးတွေ တောင်းဆိုခွင့် ရနေပြီဘဲ။ ဒါကြောင့် ကြားပွဲ စားဆိုတာ မလိုဘူးလို့ ကျုပ်ကပြောချင် တာပါ။
          KIA က ငြိမ်းချမ်းရေးကို တကယ်ရချင်ရင် ကြားပွဲစားမသုံးနဲ့၊ ကြားပွဲစားတွေ ကလည်း စီးပွားရေး အတွက်တွက်ပြီး ဝင်မပါနဲ့ လို့ပြောချင်တယ်။ တကယ် လုပ်ရမှာက ငြိမ်းချမ်းရေး ကော်မတီ တွေနဲ့ တိုက်ရိုက် ဆက်သွယ်ပါ၊ ကချင်ပြည်နယ်နဲ့ ပြည်သူလူထု အတွက် တကယ် ငြိမ်းချမ်းစေချင်တဲ့ စေတနာအမှန်နဲ့ တကယ် လုပ်ဆောင်ပါလို့ ကျုပ်က အကြံပြုချင် တယ်ဗျာ။
          (နောင်လည်းပဲ KIA နဲ့ပတ်သက်တဲ့ ရသမျှ အထောက်အထား၊ ကြားသိရတာတွေကို ဖော်ပြ ပေးပါအုံးမယ်)
         

5 comments:

ကေအိုင်အေ ခေါင်းဆောင်တွေလည်းနားလည်သင့်နေပြီ
အောက်ကကောင်တွေကလည်းလက်နက်ချ၊ငြိမ်းချမ်းရေးတွေလည်းလိုချင်နေပြီ
မင်းတို့ကသာ ခေါင်းမာနေကြတာ

ဦးလဂျွန်ငန်ဆိုင်း သူနောက်ကြောင်းပြန်ကြည့်ပါ သူမိသားစုကောင်းစားဖို့လုပ်နေနတာများပါတယ်
သူပိုင်ဆ်ုင်မှူတွေက နည်းတာမဟုတ်ဖူး.

နောက်ဆုံးတော့ ပြည်သူတွေပဲ ဒုက္ခရောက်တာ... တရုတ်အားကိုးနဲ့ မိုက်နေတဲ့ကောင်တွေ KIA မျိုးတုန်းမှ ကချင်ပြည်နယ်နဲ့ကချင်လူထုလည်း အေးချမ်းမှာ။

ဘယ်ကလာ တရုတ်အားကိုးရမှာလဲ။ UN ဒေါ်လာ ၃ သန်း ထောက်ပံ့ကြေးရတော့မှာ။ ပြီးတော့ သစ်တွေ ထုတ်ရောင်းနေတာ ကုန်ပြီလေ။

စောက်ရူးတွေမို့ လက်မထောင်နေတာလား.. KIA ဆိုတဲ့ကောင်တွေက ဘာလုပ်ချင်နေတာလဲ နိုင်ငံထောင်ချင်တာလား.. မြန်မာကို သိမ်းပီး KIA နိုင်ငံလုပ်ချင်တာလား .. မြန်မာဆိုတဲ့အထဲမှာရော အဲဒီအကောင်တွေ မပါဘူးလား .. ကိုယ့်အမျိုးကိုယ်သတ် ... ကိုယ့်ဒုက္ခ ကိုယ်ရှာ ... ဘာကောင်းကျိုးအတွက် စောက်ရူးထနေတာလဲ စောက်ရူး KIA

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်