Friday, July 27, 2012

အမေရိကန်နှင့် ပိုလန်နိုင်ငံတို့သည် SM-3ကြားဖြတ် ဒုံးပျံကာကွယ်ရေးစနစ်များ တပ်ဖြန့်ချထားရေးနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးလျက်ရှိခြင်း

Posted by drmyochit Friday, July 27, 2012, under | No comments

အမေရိကန်နှင့် ပိုလန်နိုင်ငံတို့သည် ပိုလန်နိုင်ငံ၌ ၂ဝ၁၈ ခုနှစ်တွင် အမေရိကန်မျိုးဆက်သစ် ဒုံးပျံ ကာကွယ်ရေးကြားဖြတ်တိုက်ခိုက်ရေးစနစ်တစ်ခု တပ်ဖြန့်ချထားရေးနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးလျက်ရှိ ကြောင်း ပင်တဂွန် စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် George Little က ပြောကြားခဲ့ပါသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta သည် ဥရောပတွင် အမေရိကန်ဒုံးပျံကာကွယ်ရေး အစိတ်အပိုင်းများ တပ်ဖြန့်ချထားရေး အပြင် အခြားသောကိစ္စရပ်များအား ဆွေးနွေးရန်အတွက် ပိုလန်ကာကွယ်ရေးဝန်ကြီးTomasz Siemoniak  နှင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။
          နေတိုးဒုံးပျံကာကွယ်ရေးတွင် ပိုလန်နိုင်ငံ၏ဦးဆောင်ခဲ့မှုအတွက် Panettor u Siemoniak အားကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံသည် ဒုံးပျံကာကွယ်ရေးစနစ်တစ်ခုထူထောင်ရန် အမေရိကန်နှင့်သဘောတူညီမှုရရှိခဲ့သော ပထမဆုံးနိုင်ငံဖြစ်ပါသည်။ ¤င်းတို့နှစ်နိုင်ငံသည် ၂ဝ၁၈ ခုနှစ်တွင် ပိုလန်နိုင်ငံ၌             SM-3ဒုံးပျံကြားဖြတ်ကာကွယ်ရေးစနစ်တစ်ခုတည်ဆောက်ရန် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကြေညာချက်တစ်စောင်တွင် George Littleက ပြောကြားခဲ့ပါသည်။SM-3ကြားဖြတ်ဒုံးပျံကာကွယ်ရေးစနစ်သည် တာလတ်ပစ်ပဲ့ထိန်း ဒုံးပျံခြိမ်းခြောက်မှုများကို ဖျက်ဆီးရန်နှင့် ကြားဖြတ်တိုက်ခိုက်ရန် ပုံစံထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဥရောပတွင်အမေရိကန်နိုင်ငံက တည်ဆောက်နေသော ဒုံးပျံကာကွယ် ရေးစနစ်၏မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ ရုရှားနိုင်ငံက ¤င်း၏နယ်စပ် အနီးတွင် အမေရိကန်ဒုံးပျံကာကွယ်ရေးစနစ်များတပ်ဖြန့်ချထားခြင်းအား ယခင်ကတည်းက ဆန့်ကျင်ခဲ့ပြီး အဆိုပါ ဒုံးပျံကာကွယ်ရေးစနစ်များသည် လုံခြုံရေးခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် ပိုလန်နိုင်ငံတွင် ဒုံးပျံကာကွယ်ရေးနှင့် လေတပ်ဖွဲ့များတပ်ဖြန့်ချထားရန် စီစဉ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ၂ဝ၁၁ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့ ကြောင်းသိရှိရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်