Thursday, December 06, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟု မြန်မာ့စီးပွားရေးဦးပိုင် ပြောကြား

Posted by drmyochit Thursday, December 06, 2012, under | No comments



လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ မုံရွာ ကြေးနီ စီမံကိန်း ဆိုင်ရာ တာဝန် ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၅ ရက် နေ့တွင် ပြောကြားခဲ့သည်။


''နိုင်ငံတော် အစိုးရက ဖွဲ့ပေးထားတဲ့ အဖွဲ့ အစည်း ဖြစ်တယ်။ ဒါ့ကြောင့် ဒီ ကော်မရှင် အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်''ဟု မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ မုံရွာကြေး နီ စီမံကိန်း ဆိုင်ရာ တာဝန် ရှိသူက ပြောကြား ခဲ့ပါသည်။

နိုင်ငံတော် သမ္မတ ဖွဲ့စည်း ပေးခဲ့သော စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း နှင့်ပတ် သက်၍  ကြေးနီ မိုင်းလုပ်ငန်း ဆက်လက် လုပ်ဆောင်ခွင့် ပြုရန် သင့်/မသင့် စုံစမ်း စစ်ဆေး မှုများ ပြုလုပ်ရန် အဖွဲ့ဝင် ၁၆ ဦး ပါဝင်သော အဖွဲ့ကို ဖွဲ့စည်း ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

လက်ပံ တောင်းတောင် စီမံကိန်းကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် ကုမ္ပဏီ ဖြစ်သည့် Myanmar Wanbao Mining Copper Limited တို့  ပူးပေါင်း ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

Form: Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်