Thursday, December 06, 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရာမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Posted by drmyochit Thursday, December 06, 2012, under | No comments





From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၅

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဘရူနိုင်း ဒါရူ ဆလမ် နိုင်ငံ၌ ချစ်ကြည်ရေး ခရီး လည်ပတ်ပြီး မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်  အဖွဲ့ဝင် များနှင့်အတူ ပြည်ထောင်စု သမ္မ တမြန်မာနိုင် ငံတော်သို့ ပြန်လည် ထွက်ခွါရန် ဒေသ စံတော်ချိန် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဘရူနိုင်း ဒါရူ ဆလမ်နိုင်ငံ ဘန်ဒါ ဆရီ ဘီဂါဝန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေ ယာဉ်ဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နေပြည်တော်သို့ ပြန်လည် ထွက်ခွာသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များအား ဘရူနိုင်း ဒါရူ ဆလမ်နိုင်ငံ စက်မှုနှင့် သဘာဝ အရင်း အမြစ် များဆိုင်ရာ ၀န်ကြီး ဌာန ၀န်ကြီး H.E. Mr. Pehin Haji Yahyua ၊ ဘရူနိုင်း ဒါရူ ဆလမ်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန သံတ မန်ရေးရာ အကြီးအကဲ Dato Paduka Haji Mohd Nor ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်း ဒါရူ ဆလမ်နိုင်ငံ သံအမတ်ကြီး၊ ဘရူနိုင်း ဒါရူ ဆလမ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် သံရုံး ၀န်ထမ်း များက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာ ချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့ဝင် များနှင့် အတူ ပြန်လည် ထွက်ခွါ လာကြရာ ညနေ ၄ နာရီ ခွဲတွင် နေပြည်တော်သို့ ပြန်လည်ရောက် ရှိကြပြီး နေပြည်တော်လေ ဆိပ်၌ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊  ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊သူရဦးမြင့်မောင်၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးအေးမြင့်၊ ဒေါက် တာမြင့်အောင်၊ ဦးအေးမြင့်ကြူ နှင့် နေပြည်တော် တိုင်းစစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ ဌာန ဆိုင်ရာ အကြီး အကဲများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်း ဒါရူဆ လမ်နိုင် ငံသံ ရုံးမှ သံရုံး ယာယီ တာဝန်ခံ Syamin Nabilah Daud တို့က ကြိုဆိုနှုတ် ဆက်ကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်