Friday, June 07, 2013

အအေးနှင့် ချွတ်ဆေး လဲထားသည့်မိန်းကလေးကိုဖမ်း

Posted by drmyochit Friday, June 07, 2013, under | No comments

တက္ကသိုလ်ကျောင်းသူတစ်ဦးသည် မိမိအခန်းဖော်သောက်မည့် လဖက်ရည်အေး အစား ချွတ်ဆေးကို လဲလှယ် ထားသည့် အတွက် ဖမ်းဆီး လိုက်သည့် ဖြစ်ရပ်တစ်ခု မစ်ချီဂန်မြို့တွင်ဖြစ်ပွားခဲ့သည်။

မစ်ချီဂန် တက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် ကေလာ အက်ရှ်လင်း ဘွန်ကိုးစကီးဆိုသူသည် သူငယ်ချင်း ဖြစ်သူ အသက် ၂၀ နှစ်အရွယ် အယ်မလီ ဂျိုးဆက်သောက်မည့် အအေးခွက်ထဲတွင် ဓာတုဗေဒခန်းသုံး အရောင် ချွတ်ဆေး များကို လဲလှယ်ထည့်ထားသည့် ပြစ်မှုဖြင့် ကြီးလေးသောပြစ်မှုကို ကျခံရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ဘွန်ကိုးစကီးသည် မစ်ချီဂန် ဗဟိုတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသူဖြစ်ပြီး အယ်မလီသည် နှမြောတွန့် တိုလွန်းသောကြောင့် ဤသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ပြည်တွင်း သတင်း စာတွင် ရေးသားထားသည်။

အယ်မလီသည် မိမိအနေဖြင့် ဤသို့လုပ်ခြင်းကြောင့် အပြင်းအထန်ခံစားရမည်ကိုသိကြောင်း ဖြောင့် ချက်ပေးပြီး အဆိပ်ခတ်ခံရသည့် အယ်မလီသည် ဆေးရုံတက်လိုက်ရသော်လည်း စိုးရိမ် စရာမရှိတော့ သဖြင့် ပြန်ဆင်းသွား ပြီဖြစ်ကြောင်း ၊ ယခုလုပ်ရပ်ကြောင့် ထောင်ဒဏ် ၁၅ နှစ်ခန့် အပြစ်ဒဏ် ခံရဖွယ် ရှိကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

မောက္ခနိုင်ငံတကာသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်