Monday, July 29, 2013

ရည်းစားဟောင်းက မျက်လုံးထိုးဖောက်ခြင်း ခံခဲ့ရသူသည် ရည်းစားသစ်က တိုက်ခိုက်ခြင်းလည်း ခံရပြန်

Posted by drmyochit Monday, July 29, 2013, under | No comments



ဗြိတိန်နိုင်ငံရှိ အသက်(၃၃)နှစ်အရွယ် ကလေးနှစ်ယောက် အမေဖြစ်သူဟာ အကြမ်းဖက်တတ်သော သူမ၏ ရည်းစားဟောင်းက သူမ၏ ညာဘက်မျက်လုံးကို ထိုးဖောက်ခဲ့သောကြောင့် မျက်လုံးတစ်ဖက် ရာသက်ပန် ကန်းသွားခဲ့ပြီး နှစ်နှစ်အကြာ၌ သူမ၏နေအိမ်တွင် သူမ၏ လက်ရှိရည်းစားက သူမအား ဓါးဖြင့် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည့်အတွက် ယခင်က အတွေ့အကြံကို ပြန်ပြောင်း သတိရခဲ့ကြောင်း ဆိုခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလတုန်းက (၁၂)နာရီကြာ ဒုက္ခခံခဲ့ရသော သူမ၏ တုန်လှုပ်ခြောက်ခြားဖွယ် ယင်းဖြစ်ရပ်ကြောင့် သူမမျက်လုံးတစ်ဖက် အမြင်အာရုံ ရာသက်ပန် ဆုံးရှုံးခဲ့ရသည်။

ထိုစဉ်က သူမ၏ကလေးတွေကို ဘယ်တော့မှ ပြန်မမြင်စေရဘူးဟု သူမ၏ရည်းစားဟောင်းက ပြောဆိုကာ သူမအား မေ့လဲသွားသည်အထိ ရိုက်နှက်ခဲ့တာဖြစ်ကြောင်း သိရသည်။

ယင်းပြစ်မှုကြောင့် (၃၄)နှစ်အရွယ်ရှိ သူမ၏ ရည်းစားဟောင်းက တသက်တကျွန်း ထောင်ကျကာ လုံခြုံရေးအပြည့်ချထားသော စိတ်ရောဂါသည်များထားရာ အဆောင်၌ နေထိုင်နေရပြီး ၎င်းအား လွှတ်မည်ဟု စဉ်းစားသည့်တိုင် အလုပ်ကြမ်း(၆)နှစ် လုပ်ကိုင်စေရန် တရားရုံးက ဆုံးဖြတ်ထားခဲ့သည်။

ယင်းဖြစ်ရပ်၏ နှစ်နှစ်အကြာ ယခုလိုအချိန်တွင် အသက်(၃၂)နှစ်အရွယ် သူမ၏ လက်ရှိရည်းစားက သူမ၏နေအိမ်တွင် သူမအား ဓါးဖြင့် ခြိမ်းခြောက်ခဲ့သောကြောင့် ယခင် ခြောက်ခြားစရာ သူမ၏ဖြစ်ရပ်ကို သူမပြန်ပြောင်း သတိရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိရည်းစားကတော့ တရားရုံးတွင် အယူခံဝင်ခဲ့သောကြောင့် ထောင်ဒဏ် ရက်သတ္တပတ် (၁၄)ပတ်သာ ကျခံစေရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ဒါ့အပြင် ၎င်းအား သူမ၏အိမ်အနီးအနား သွားလာခြင်းမှ တားမြစ်ထားခြင်းလည်း ခံထားရသည်။

Source : Daily Mail

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်