Saturday, October 12, 2013

တရုတ်နိုင်ငံတွင် ထိုင်ခုံတစ်လုံး ရုတ်တရက် ပေါက်ကွဲ အမျိုးသမီး တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ

Posted by drmyochit Saturday, October 12, 2013, under | No comments



တရုတ်နိုင်ငံ ဖူကျန့် ပြည်နယ်တွင် အသက် ၂၄ နှစ်အရွယ်ရှိ မိန်းကလေး တစ်ဦးသည် ကွန်ပျူတာ ရှေ့တွင် ထိုင်နေစဉ် ၄င်းထိုင်နေသော ထိုင်ခုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိန်းကလေးသည် လွင့်စင် လာခဲ့သည့် စတီး အပိုင်းအစများ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ထိုးဖောက်ဝင် ရောက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သူမ၏ ခန္ဓာကိုယ် အတွင်းမှ ဝက်အူလှည့်ပေါင်း များစွာနှင့် ပလတ်စတစ် အပိုင်းအစများကို အရေးပေါ် ခွဲစိတ် ကုသ၍ ဖယ်ရှားပေး ခဲ့ရကြောင်း သိရသည်။

၎င်းမိန်းကလေးသည်ရေချိုးပြီးနောက် ကွန်ပျူတာ စားပွဲရှေ့ရှိ ထိုင်ခုံတွင် ထိုင်၍ လေမှုတ် စက်ဖြင့် သူမ၏ ဆံပင်ကို အခြောက်ခံနေစဉ် သူမထိုင်နေသည့် ထိုင်ခုံက ရုတ်တရက် ထ၍ ပေါက်ကွဲခဲ့ မှုကြောင့် သတိမေ့ သွားခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ အစ်ကို ဖြစ်သူက ဆိုသည်။

ယင်းမိန်းကလေး ထိုင်နေသော ထိုင်ခုံတွင် တပ်ဆင်ထားသည့် ဂက်စ်ထားရှိရာ နေရာ၏ ဖိအားကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ဟန်တူကြောင်း ထိုင်ခုံစက်ရုံမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း Dangnan နေ့စဉ်ထုတ် သတင်းစာက ဖော်ပြ ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်