Thursday, October 03, 2013

သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ

Posted by drmyochit Thursday, October 03, 2013, under | No comments


သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့က အကြမ်းဖက်ခံ ရမှုကြောင့် သေဆုံး သူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေး တာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံ အတိုင်း မြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။

သေဆုံး သူ ၅-ဦးတွင် အမျိုးသမီး ၁-ဦး၊ အမျိုးသား ၄-ဦးဖြစ်ပြီး၊ ၄-ဦးမှာ ဓါးခုတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံး ရခြင်းဖြစ်ပြီး ၁-ဦးမှာ မီးရှို့ခံရပြီးသေ ဆုံးသွားခြင်းဖြစ်ပါတယ်။

ဓါးခုတ်ခံရသူများမှာ ဒေါ်ခင်ကြည် (၉၃-နှစ်)၊ ကိုမြင့်လွင် (၄၅-နှစ်)၊ ဦးအဗ္ဗဒွလ်မီယာ (၆၀-နှစ်)၊ ဦးအဗ္ဗဒွလ် စမတ်စ် (၈၆-နှစ်)တို့ဖြစ်ပြီး ကိုခင်ဇော် (၅၀-နှစ်)မှာ ဗလီအတွင်း မီးရှို့ခံရပြီး သေဆုံးသွားခြင်းဖြစ် တယ်လို့ ဒေသခံများက ပြောပါတယ်။

ပြန်လည်ခုခံနိုင်စွမ်းအား မရှိသည့် အသက် ၉၃-နှစ်အရွယ်ရှိ အဘွားအို တစ်ယောက်အား ဓါးဖြင့် ရက်စက်စွာ ခုတ်ဖြတ်သတ်ဖြတ်နိုင်သည့် အကြမ်းဖက်သမားများကို မြင်ရခြင်းအားဖြင့် လူစိတ်ပျောက်နေပြီး အရိုင်းအစိုင်းတိရိစ္ဆာန်စိတ် ၀င်နေခြင်းသာဖြစ်တယ်လို့သည်း သံတွဲမြို့ခံ ဗုဒ္ဓဘာဝင်တစ်ဦးက M-Media ကို ပြောပါတယ်။

ဇာဏီ
M-Media

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်