Thursday, October 03, 2013

သံတွဲဖြစ်ရပ်နဲ့ အစိုးရရဲ့အောက်တိုဘာ ၂ သတင်းထုတ်ပြန်ချက်

Posted by drmyochit Thursday, October 03, 2013, under | 3 comments


ဒီရက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့ အခြေအနေနဲ့ ပတ်သက်ပြီး  ဒီကနေ့ ညနေပိုင်း အစိုးရရဲ့ သတင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။

ဒါကို ည ၈း၀၀ နာရီမှာ မြန်မာ့ရုပ်မြင်သံကြားကနေလည်း ထုတ်လွှင့်သွားတာ တွေ့ရပါတယ်။

မဖတ်ရသေးသူ များအတွက်  ကူးယူ ဖော်ပြလိုက်ပါတယ်။


ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ပြည်သူချင်း အငြင်း ပွားမှုဖြစ် စဉ်ကိုအကြောင်းပြု၍ ပဋိပက္ခအချို့ ဖြစ်ပေါ် ခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်များအတွင်း နှစ်ဘက် လုံးမှ ထိခိုက် ဒဏ်ရာရသေဆုံးမှုအချို့ ရှိသကဲ့သို့ အိုးအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိ ရပါသည်။ အဆိုပါ ထိခိုက် နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်နစ်နာခဲ့သည့် ပြည်သူ များနှင့် ထပ်တူ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။

နိုင်ငံတည်ငြိမ်အေးချမ်းမှု၊တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် မှု အတွက် အားသွန် ခွန် စိုက်ကြိုး ပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ် ပွားရခြင်းသည် ရခိုင်ပြည်နယ် အတွက် သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်း ဖြစ် ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ် နိုင်ရေး၊ပြစ်မှု ကျူးလွန်သူ များအား ဖော်ထုတ်၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေးနှင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည် တည်ဆောက်ပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် လည်း ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ကြောင်း ဖော်ပြအပ်ပါသည်။

3 comments:

မြန်မာနိုင်ငံ ဟာ ကမ္ဘာ့အလယ်မှာ နာမည်ဆိုးထွက်သွားပြီ လို့ ဦးသိန်းစိန် ကိုယ်တိုင် ထုတ်ဖေါ်ပြောသွားတာ ကြားလိုက်ရတယ်။ အလွန်ဘဲ ရှက်စရာကောင်းလှပါတယ်။ ဟိုတလောကလည်း TIME Magazine မှာ ပါလာလို့ အစွန်းရောက် သံဃာတစ်ချို့ နဲ့ ၉၆၉ အဖွဲ့တွေကြောင့် မေတ္တာတရားထားတတ် တဲ့ ဗုဒ္ဓဘာသာ လည်း ကမ္ဘာမှာ နာမည်ဆိုး နဲ့ ကျော်ခဲ့ပြီးပြီ။ ဒီလိုတွေ ဖြစ်နေ ရတာဟာ အစိုးရရဲ့ ကိုင်တွယ်မှူ အလွန်ညံ့ဖျင်းတယ် ဆိုတာကို ပြနေတာဘဲ။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် နိုင်ငံသားတွေရဲ့ လုံခြုံရေး၊ စီးပွါးရေး၊ပညာရေး စတာတွေ အကုန်ထိခိုက်တော့မှာ သေချာနေပါပြီ။ နောက်ဆုံးမှာတော့ အားလုံး စစ်အုပ်ချူ ပ်ရေးအောက် ပြန်ရောက်ရတော့မှာ ကို မြင်နေမိပါသည်။

စစ်​အုပ်​ချုပ်​​ရေး​အောက်​​ရောက်​စရာမ​ရှိပါဘူးဘယ်​သူ​ပြောလဲ

ဒါရှက်စရာ ကိစ္စ မဟုတ်ပါဘူး။ကိုယ့်ရဲ့ မြင့်မြတ်တဲ့ ဗုဒ္ဓ ဘာသာအတွက် ကာကွယ် တာပဲ ။Time Magazine မှာ ပါလာတဲ့ ဟာလည်း တဖတ်သက်စွပ်စွဲ တာ။ အစိုးရရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းရအောင် အခု စာရေးတဲ့ သူကကော ဘယ်လောက်တော်နေလို့လဲ။ ကိုယ်ချင်းစာပြီးပြောပါ။ ဗုဒ္ဓဘာသာဝင်ကောဟုတ်ရဲ့လား။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်