Saturday, November 09, 2013

ဒီတစ်ညမှာ ... အာရှသာမက ကမ္ဘာကပါ .. မြန်မာဆိုတာကိုသိစေရမယ် ။

Posted by drmyochit Saturday, November 09, 2013, under | 2 comments

ဒီနေ့ ည မြန်မာစံတော်ချိန် ၁၂ နာရီခွဲမှာမြန်မာပြည်က ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ Miss Universe 2013 ပွဲကြီးစတင်တော့မှာဖြစ်ပါတယ် ။

ဘယ်သူတွေ ဘယ်ဆုတွေ၇မလဲ ..
ဘယ်သူတွေ ပြိုင်ပွဲမှာ ပြုတ်ကြမလဲ ..
ဘယ်သူတွေ ပြိုင်ပွဲဝင်နောက်ဆုံးဇကာတင် ၁၆ ယောက်ထဲပါမလဲ
Miss Photogenic ဘယ်သူလဲ ...

မေးခွန်းပေါင်းများစွာ
ခန့်မှန်းမှုပေါင်းများစွာမှာ
ထိပ်တန်းကပါဝင်နေတဲ့ မြန်မာ့မယ်အတွက် ..လူတိုင်းလိုလိုစိတ်လှုပ်ရှားနေကြမှာပါပဲ ။

ကမ္ဘာ့အဆင့် စင်မြင့်ကြီးထက်မှာ

“ MYANMAR !!!!!!!!!!!!!!!!!!!!!!!! ” လို့အော်ဟစ်ခွင့်ရတဲ့အခိုက်
ပြိုင်ပွဲဝင်မိုးစက်ဝိုင်နဲ့အတူ
ကျွန်တော်တို့အားလုံးကြက်သီးတွေ တဖျန်းဖျန်းထတဲ့အထိ
အသွေးထဲအသားထဲကနေ မျက်ရည်တွေဝိုင်းတဲ့အထိ
မြန်မာပြည်ကိုချစ်တဲ့စိတ် ...
ကိုယ့်တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်လိုတဲ့စိတ်တွေကြောင့်
နေ့မအားညမအား နဲ့ ဒီပွဲကြီးကိုအားပေးခဲ့ကြတယ် ။

ဘယ်လိုပဲတိုက်ခိုက်မှုတွေကြုံရကြုံရ ကျွန်တော်တို့ Target က Miss Myanmar ကိုအားပေးကြဖို့ပါပဲ ။

သူလား .. ဟုတ်ပါတယ် တချို့လူတွေပြောသလို မပြည့်စုံပါဘူး
တချို့လူတွေပြောသလို အလှဆုံးကြီးမဟုတ်ကြပါဘူး
တချို့လူတွေပြောသလို ခန္ဓာကိုယ်ကောက်ကြောင်းတွေက တခြား မျက်နှာဖြူမယ်တွေလို စွဲမက်ဖွယ်ကောင်းချင်မှကောင်းမှာပါ ..

ဒါပေမယ့် ..သူ့ပခုံးထက်က စလွယ် ..
Miss Universe Myanmar လို့စာတမ်းထိုးထားတယ်..
ဖိအားတွေကြားထဲမှာ “ ကျွန်မမြန်မာပြည်အတွက်ကိုယ်စားလာရောက်ယှဉ်ပြိုင်တာပါ .. ဆုများရခဲ့ရင်တစ်ကမ္ဘာလုံးက မြန်မာဆိုတာကိုသိလာကြမယ် အဲဒီအခါ မြန်မာပြည် အတွက် တစ်ခုခု လုပ်ပေးနိုင်ပါပြီ ..” ဆိုတဲ့သူ့ရဲ့စိတ်ထား ...

ဟုတ်ကဲ့ ... ဒီညမှာ ကျွန်တော်တို့အားလုံး ရင်ခုန်စွာ အားပေးလိုက်ကြရအောင်လား ။ အောက်ပါလင့်လေးကိုလည်း မလွတ်တမ်းဆက်လက် ဗုတ်ပေးကြပါဦး ။ နည်းလမ်းများကိုလည်း ပေ့ခ်ျမှာ Pin လုပ်ပေးထားပါတယ် ဖတ်ကြည့်နိုင်ပါတယ် ။


ဒီတော့ ကျွန်တော်တို့အားလုံး မြန်မာတစ်ပြည်လုံးသာမက ကမ္ဘာအရပ်ရပ်ကမြန်မာများလည်း စည်းလုံးညီညွတ်မှုကို ပြသရာရောက်အောင် Miss Universe 2013 ကိုလည်း ကြိုဆိုသောအားဖြင့် ဒီ Cover Photo လေးကို တစ်ရက်တာအဖြစ် ကိုယ့်စာမျက်နှာမှာ ချိတ်ဆွဲထားကြရအောင်လား ။

မြန်မာနိုင်ငံအလံနဲ့ .. မြန်မာ့အလှမယ် မိုးစက်ဝိုင်
ဒီတစ်ညမှာ ...
အာရှသာမက
ကမ္ဘာကပါ ..
မြန်မာဆိုတာကိုသိစေရမယ် ။

သက်တန့်ချို

2 comments:

သက်တန့်ချိုကိုပြောချင်ပါတယ်...သက်တန့်ချိုဆိုတာ ဘယ်သူမှန်းမသိပါဘူး...ဒီသတင်းကိုလဲကြုံလို့ဖတ်မိတာပါ..
လူတိုင်းလိုလို စိတ်လှုပ်ရှားနေမယ်ဆိုတာတော့မှားနေတယ်..
ဒို့တော့ စိတ်ကိုမ၀င်စားတာ...အဲဒီပွဲကိုသိလဲမသိဘူး ကြည့်လဲမကြည့်ဘူး...စိတ်လဲမ၀င်စားဘူး...
ရိုင်းတယ်ထင်ရင်ဆောရီးပါ....
ကြက်သီး တဖျန်းဖျန်း ထတယ်ဆိုတာ ဘာကိုပြောတာလဲ...
မိုးစက်ဝိုင်လို...မျောက်လိုး ...ခံရတာကိုပြောတာလား....
ခင်ဗျားပြောသလို..မြန်မာပြည်ပြင်ပကလူတွေကရော တစ်ကယ်တမ်းစိတ်ဝင်တစားရှိတာ..သေချာရဲ့လား...
ဟုတ်မှလုပ်ပါဗျာ....

1.how age you ?.2.what type of you are ?.
I think ur living alone .and do not interest to by self. you are don't have girlfriend (boyfriend )?.

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်