Tuesday, January 28, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန်ပြောကြားသည့် ဖိုရမ်အဖွင့် မိန့်ခွန်းမှကောက်နုတ်ချက်

Posted by drmyochit Tuesday, January 28, 2014, under | No comments


ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (2nd Myanmar Development Cooperation Forum-MDCF) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ အဆိုပါဖိုရမ်၌ နိုင်ငံတော်သမ္မတဦးသိန်း
စိန်ပြောကြားသည့်အဖွင့်မိန့်ခွန်းမှ ကောက်နုတ်ချက်တချို့ကို ဖော်ပြလိုက်ပါသည်။

နိုင်ငံတော်အနေနဲ့ ပြီးခဲ့တဲ့လ ၃ဝ အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်လေးရပ်ဖြစ်တဲ့နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲ မှုနဲ့ ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်
ဆောင်ရွက်လျက်ရှိပါတယ်။

ပထမအဆင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ခဲ့သည့် အတွက် တိုင်းရင်းသားလူမျိုးစုများ အကြား အပြန်အလှန်နားလည်မှု နှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အခြေအနေကောင်းများ ဖြစ်ထွန်းခဲ့ပါတယ်။

ဒုတိယအဆင့် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုကို ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု နည်းလမ်း ဖြင့် အကောင် အထည် ဖော်ဆောင် ရွက်လျက်ရှိပြီး တိုးတက်ဖွံ့ဖြိုးမှု ရလဒ်ကောင်းများ ရရှိနေသလို ၂ဝ၁၂-၂ဝ၁၃ခုနှစ်အတွက် စီးပွား ရေးတိုးတက်နှုန်း ၇ဒသမ ၃ရာခိုင် နှုန်းရရှိခဲ့တဲ့အတွက် မူလခန့်မှန်း တဲ့ ၆ ဒသမ ၇ ရာခိုင်နှုန်းကို ကျော်လွန်စွာ ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဤအောင်မြင်ဖြစ်ထွန်းရရှိ ခဲ့တဲ့ စီးပွားရေးတိုးတက်မှုရလဒ် များဟာ နိုင်ငံတော်၊ ပြည်သူနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များပူးပေါင်းဆောင် ရွက်ခြင်းရဲ့ ရလဒ်တစ်ခုအနေနဲ့ တွေ့မြင်နိုင်ပါတယ်။

တတိယအဆင့် ပြည်သူ့ရေး ရာစီမံခန့်ခွဲရေးစနစ် ပြုပြင်ပြောင်း လဲမှုကို ဗဟိုထိန်းချုပ်မှု လျှော့ချ ခြင်းနှင့်ဒေသဆိုင်ရာ အစိုးရတွေရဲ့ အုပ်ချုပ်မှုစွမ်းရည် တိုးတက်ရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု လုပ်ငန်း များတိုးတက်ရေးအတွက် ဒေသခံ ပြည်သူများကိုယ်တိုင်ပါဝင်ဆုံးဖြတ် အကောင်အထည်ဖော်နိုင်ရန် စီမံ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

စတုတ္ထအဆင့်ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပြုပြင်ပြောင်းလဲ မှုကို စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာကိစ္စရပ်များကို အဟန့် အတားဖြစ်စေသည့်ဥပဒေ၊စည်းမျဉ်း စည်းကမ်းများကိုဖြေလျှော့ပေး လျက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲ မှုတိုင်းမှာ အားလုံး ပါဝင်သော အရေး ပါသည့် ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းထင်သာမြင်သာရှိမှု၊တာဝန် ယူမှုများကို တိုးတက်အောင် ဆောင်ရွက် လျက်ရှိပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံ ဟာ ဖွံ့ဖြိုးတိုးတက်မှုများ စတင် ရရှိနေပြီဖြစ်သော်လည်း အပြည် ပြည်ဆိုင်ရာအဆင့်သို့ တက်စေရန် များစွာ ဆောင်ရွက်ရဦးမှာ ဖြစ်ပါ တယ်။ ကျန်ရှိတဲ့ ၂၆ လအတွင်းမှာ ပြည်သူကို တိုက်ရိုက်အကျိုးပြုမည့် ဦးစားပေးကဏ္ဍ (၇)ရပ်ဖြစ်တဲ့ လျှပ်စစ်မီး၊သောက်သုံးရေ၊စိုက်ပျိုး ရေးကဏ္ဍ တိုးတက်ရေး၊ အလုပ် အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း တိုးတက်ရေး၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးလုပ်ငန်းများကိုဦးစား ပေးအစီအစဉ်နဲ့ အကောင်အထည် ဖော်ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။

ယခုအချိန်အခါမှာ မြန်မာ နိုင်ငံအနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံ တော်ဘဏ္ဍာငွေ တစ်ခုတည်းပေါ် မှာသာ မှီခိုအားထားလုပ်ဆောင်တဲ့ အစဉ်အလာကနေ အခြားသော ငွေကြေး ဇာစ်မြစ်များဖြစ်သည့် နိုင်ငံတကာအကူအညီ အထောက် အပံ့၊ ချေးငွေနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ရယူအသုံး ပြုပြီးကဏ္ဍအလိုက်၊ ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့် နေပြည်တော် သဘောတူညီချက်တွင် ပါရှိသည့် ဖွံ့ဖြိုးရေးမိတ်ဖက်များက ဆောင် ရွက်ရန် ကတိကဝတ်ပြုထားသည့် အချက်များနှင့်အညီ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေအနေများ ကို တိုးတက်အောင် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ဖိတ်ခေါ်ပါ ကြောင်း ပြောကြားလိုပါတယ်။
၂ဝ၁၃ ခုနှစ်ဟာ မြန်မာရဲ့ နိုင်ငံ တည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှု သမိုင်းမှာအားတက်စရာကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ တိုးတက် မှု ရလဒ်များဟာလည်း နိုင်ငံတော် အစိုးရ ပြည်သူများနှင့်နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပူးပေါင်း ဆောင်ရွက်နိုင်မှုများရဲ့ ရလဒ်များ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နှင့်အတူ နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် ပိုမိုပေါင်းစည်းလာပြီ ဖြစ်ပါတယ်။ စီးပွားရေးပေါင်းစပ် ဆောင်ရွက်ချက် သာဓကအားဖြင့်၂ဝ၁၃ခုနှစ်တွင် မြန်မာနိုင်ငံ အနေ ဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (၂၂) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ)၊ ပထမအကြိမ် မြန်မာ-အီးယူဖိုရမ်၊ မြန်မာဂလို ဘယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ ပါတယ်။

နိုင်ငံရေးပူးပေါင်းဆောင်ရွက် မှု အောင်မြင်မှုများကိုကြည့်ရင်
ပြည်တွင်းငြိမ်းချမ်းရေး အရှိန်အဟုန် ဖြင့် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွတ် ငြိမ်းခွင့်ပေးနိုင်ခြင်း၊ ပဋိပက္ခများ တည်ငြိမ်အေးချမ်းလာခြင်းများစတဲ့ တိုးတက်မှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ
ရေးတည်ငြိမ်မှုနှင့် ပေါင်းစည်း ဆောင်ရွက်မှုကို တည်ဆောက် လာနိုင်ပြီဖြစ်ပါတယ်။ ဒါတွေဟာ ပြည်သူများပါဝင်သော 'ပြည်သူ ဗဟိုပြုဖွံ့ဖြိုးမှု'နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင်ဆောင် ရွက်မှုများ ပြုလာလို့ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုရေးနှင့်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖြစ် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကိုနှစ်ပေါင်း ၄ဝ ကျော်အတွင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဤသို့ ခမ်း နားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက်လဲ နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်နိုင်ငံများရဲ့ နည်းပညာ အကူအညီ၊ ဖွံ့ဖြိုးမှုအကူအညီများ က များစွာပါဝင်ပံ့ပိုးနိုင်ခဲ့တာ
ကြောင့်ဖြစ်ပါတယ်။

ထို့ပြင် နိုင်ငံတကာအသိုင်း အဝိုင်းနှင့်ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ အားရစရာတိုးတက် ဖြစ်ပေါ်မှုများအနေနဲ့ မြန်မာနိုင်ငံ အား အီးယူ၊ ဥရောပ၊ သြစတြေးလျ နိုင်ငံများက ပိတ်ဆို့မှုများ ရုပ်သိမ်း ခြင်း၊ ပို့ကုန်များအပေါ် ကုန်သွယ် ရေးအထူးခံစားခွင့်ပေးခြင်း(GSP) တို့ကိုလဲ ရရှိခဲ့ပါတယ်။

နယူး ယော့က်ခ်ကွန်ဗင်းရှင်းသို့ မြန်မာ နိုင်ငံဝင်ရောက်ခွင့်ရရှိခဲ့ပြီး ကမ္ဘာ့ နိုင်ငံများနှင့်ပိုမိုပူးပေါင်းဆောင်ရွက် လာနိုင်ပါတယ်။
ဒီလိုဖြစ်ပေါ်တိုးတက်လာတဲ့ ဖြစ်စဉ်များကို ပိုမိုအရှိန်အဟုန် မြှင့်တင်နိုင်ရန် ယခုနှစ် ဖိုရမ်ရဲ့ ခေါင်းစဉ်ကို'တိုးတက်မှုအရှိန်မြှင့် ရေး-အားလုံးပါဝင်
ပူးပေါင်းမြှင့်တင်ပေး
(Accelerating Actions for Progress Through Enhancing Inclusive Coordination) ' ဆိုတဲ့အနှစ်သာရ(Theme) ကို ရွေး ချယ်ထားပါတယ်။ ဒီဖိုရမ်ကနေ ထိရောက်စွာ အားလုံးပူးပေါင်း ထိတွေ့ခံစားနိုင်တဲ့ လုပ်ဆောင်ချက် ရလဒ်ကောင်းတွေ အလျင်အမြန် ဖော်ထုတ်ဆောင်ရွက်နိုင်ကြဖို့ ဖိတ်ခေါ်လိုပါတယ်။

အဲဒီလို ပူးပေါင်းဆောင်ရွက် နိုင်ခြင်းဖြင့် ၂ဝ၁၃ ခုနှစ်တွင်ရရှိ ခဲ့သည့်အောင်မြင်မှုများကို အရှိန် မြှင့်တင်နိုင်မှာဖြစ်ပါတယ်။၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ နိုင်ငံ၏ဂျီဒီပီ ကို ၉ ဒသမ ၁ရာခိုင်နှုန်းတိုးတက် အောင်ဆောင်ရွက်ဖို့ရည်မှန်းထား ပါတယ်။

ထိုသို့ရည်မှန်းထားရာ တွင် တိုင်းဒေသကြီး/ပြည်နယ်များ တွင် နိုင်ငံဖွံ့ဖြိုးမှု အတွက် အဓိက ကျသည့် အကူအညီ၊ အထောက် အပံ့များ၊ အတိုးမဲ့ချေးငွေ၊ အတိုး နှုန်းသက် သာသည့်ချေးငွေ၊နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ နည်း ပညာအကူအညီများကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် မျှော်မှန်းသည့် ဂျီဒီပီတိုးတက်မှုနှုန်းရရှိရန် စီမံထား ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်၏ အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ပထမ ငါးနှစ်စီမံကိန်းနှင့် အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း များကိုရေးဆွဲပြီးဖြစ်သည့်အတွက်
နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက်များ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်းပါဝင်စေဖို့၊ ထိရောက်သည့်ဖွံ့ဖြိုးရေးအကူအညီ များပေးအပ် ဖို့အတွက်ဆောင်ရွက် ရာမှာ ပိုမိုရှင်းလင်းလွယ်ကူစေမှာ ဖြစ်ပါတယ်။

The Union Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်