Tuesday, January 28, 2014

မိန်းကလေး တစ်ယောက် အနေနဲ့ ကိုယ်ခန္ဓာ အလှကို ဂရုစိုက် သင့်တယ်

Posted by drmyochit Tuesday, January 28, 2014, under | No comments

ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသားတိုင်း ကျန်းမာခြင်းနဲ့ အတူ လှပခြင်း ကိုလည်း ပိုင်ဆိုင် ချင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အသားအရေလှလိုက်တာ၊ ဆံပင် ကောင်းလိုက်တာ၊ သွား လေးတွေက

ပုလဲလေးတွေ စီထားတဲ့ အတိုင်း ညီညာလိုက်တာ စသည် ဖြင့် ပိုင်ဆိုင်ချင်ကြမှာပါပဲ။ ဒီလို အလှတရားတွေ ပိုင်ဆိုင်ဖို့ အတွက် ဘယ်လို ထိန်းသိမ်းလေ့ ရှိလဲဆိုတာ လေ့လာကြည့် လိုက်ရအောင် .....

လုပ်ဖြစ်တဲ့လေ့ကျင့်ခန်း

အားကစားအနေနဲ့ဆို ခါးလှည့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဖြစ်နေတယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းက ချက်ချင်းတော့ သူ့အကျိုးကျေးဇူးက မသိသာဘူး။ နှစ်ချီပြီးတော့လုပ်ရတာ။ ခါးလှည့်တော့ ကျောက အဆီ ကျတယ်။ ခါးအဆီလည်း မတက်ဘူး။ ခါးကိုလည်း သေးစေတယ်။ အချိန်ကုန် ငွေကုန်မရှိဘူး ဒီလေ့ကျင့် ခန်းက အချိန်လည်း မကုန်ဘူး။ စက်တွေနဲ့လည်း လုပ်စရာ မလိုဘူး။ အိမ်မှာ ဝါးလုံး လေးတစ်ချောင်းရှိရင် အဆင်ပြေ ရွေးပြီးတော့ လုပ်ဖြစ်တယ်။ ခါးလှည့်တဲ့အပြင် ကြက်တောင် ရိုက်တာတို့ စက်ဘီး စီးရတာကို လည်း သဘောကျတယ်။

ဓာတုဆေးဝါးမသုံးပါနဲ့

အသီးအရွက်များများစားပါ။ နွားနို့သောက်ပါ။ အသားတွေ သိပ်မစားပါနဲ့။ ဓာတုဆေးဝါးက ချက်ချင်းတော့ သိသာပါတယ်။ ဒါပေမဲ့ ကြာရင်တော့ အဆင်မပြေဘူး။ အားကစား လေ့ကျင့်ခန်း လုပ်တာက အဆင် ပြေတယ်။ ဓါတုဆေးဝါးကိုမသုံးတာကောင်းပါတယ်။

အသီးအရွက်များများစားပါ

ကျန်းမာရေးက အရေး ပါပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ် ထဲမှာအောင်းနေတဲ့ ချွေးပုပ် တွေကို ထွက်စေတဲ့ အတွက်လည်း ကောင်းတယ်။ အမောလည်း ခံနိုင်တယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းလည်း လုပ်ပါ။ အသီးအရွက် စားပါ။ မိန်းကလေး တစ်ယောက် အနေနဲ့ ခန္ဓာကိုယ် အလှကို ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။


Credit to မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်