Monday, February 24, 2014

ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပို့ချပေးသောသင်တန်းများအားလက်တွေ့သရုပ်ပြသ

Posted by drmyochit Monday, February 24, 2014, under | No comments



ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ပံ့ပိုးပို့ချပေးသောရဲ တပ်ဖွဲ့ ပြုပြင်ပြောင်း လဲရေးသင်တန်းများ အား လက်တွေ့သရုပ်ပြသပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် ပတ္တမြားမြို့သစ်ရှိ ရဲတပ်ရင်း (၈)တွင်ယမန်နေ့နံနက်က ပြုလုပ်ခဲ့ ရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ရင်းများကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရဘိုနီ၊မြန်မာနိုင်ငံဆိုင်ရာဥရောပ သမဂ္ဂသံအမတ်ကြီး ရိုလန်ကိုဘီ ယာတို့ တက်ရောက်ခဲ့ကြပြီး နိုင်ငံ တကာတွင် ကျင့်သုံးလျက်ရှိသော အကောင်းဆုံးလုပ်ငန်းဆောင်ရွက် နည်းများအပေါ်အခြေခံသည့် လူစု လူဝေးအား စနစ်တကျထိန်းသိမ်း မှုနည်းလမ်းများအားရဲတပ်ရင်းများ မှ ရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့် သင်ကြားပေးမှုများအား ပြသခဲ့ သည်။

ဥရောပသမဂ္ဂမှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူဗဟိုပြုရဲ လုပ်ငန်းစဉ်နှင့် လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းခြင်းအပိုင်း များအား ၂ဝ၁၃ခုနှစ် စက်တင်ဘာ လမှစတင်ခဲ့ပြီး အင်္ဂလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံစသောဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ အတွေ့အကြုံရှိ ရဲအရာရှိများက ၁၈လစီမံကိန်း ဖြင့် သင်တန်းများပို့ချပေးမည် ဖြစ် ကာ ယင်းအတွက် ယူရိုငွေ ၁ဝ သန်း(ကျပ်ငွေ ၁၃ ဒသမ ၂ ဘီလီ ယံခန့်)ထောက်ပံ့ပေးထားကြောင်း သိရသည်။ သရုပ်ပြပွဲအတွင်း ဒိုင်း လွှားမပါသော တပ်စိတ်နှင့်တပ်စု များ ဖွဲ့စည်းပုံနမူနာပြပုံစံ၊ဒိုင်းလွှား ပါဝင်သည့် တပ်စိတ်နှင့်တပ်စုများ ဖွဲ့စည်းပုံ လက်တွေ့နမူနာပုံစံ၊ အန္တရာယ်နှင့်ရင်ဆိုင်ရချိန်ဒိုင်းလွှား ပါသော ကာကွယ်ရေးနည်းလမ်း များ သရုပ်ပြခြင်း၊ ဖယ်ရှားခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရှာဖွေခြင်းဆိုင် ရာနည်းလမ်းများ သင်ကြားပုံတို့ကို ပြသခဲ့သည်။

ဒိုင်းလွှားမပါသော တပ်စိတ်နှင့် တပ်စုများဖွဲ့စည်းပုံ နမူနာပြပုံစံ၏ ရည်ရွယ်ချက်မှာ ရဲတပ်ဖွဲ့ဝင်များအား ကျွမ်းကျင် စွာဖြင့် စနစ်တကျလှုပ်ရှားပြီး လူ ထုအားလမ်းပြရန်၊ ဖိနှိပ်မှုပြုလုပ် စရာမလိုအောင် လူအုပ်စုအရှိန် လျှော့ချရန်၊ လမ်းဝင်ပေါက်များနှင့် အဆောက်အအုံများအား ပိတ်ဆို့ ရန်ဖြစ်သည်။ ဒိုင်းလွှားပါဝင်သည့် တပ်စိတ်နှင့် တပ်စုများဖွဲ့စည်းပုံ လက်တွေ့နမူနာပုံစံ၏ ရည်ရွယ် ချက်မှာ လုအုပ်စုထဲမှ အချို့က ကျောက်ခဲသို့မဟုတ်ပုလင်းများဖြင့် ပစ်ပေါက်မည်ဟု ရဲတပ်ဖွဲ့ကယူဆ ထားသည့် တင်းမာသည့် အခြေ အနေအား သင်ကြားပေးခြင်းဖြစ် သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရချိန် ဒိုင်းလွှားပါသော ကာကွယ်ရေး နည်းလမ်းများ သရုပ်ပြခြင်းတွင် လူအုပ်စုအား အခြားနည်းလမ်း များဖြင့်ဖြေရှင်းရာ၌ မအောင်မြင် ခဲ့ပါက ရဲအရာရှိများ ထိခိုက်ဒဏ် ရာရရှိနိုင်သည့်အန္တရာယ်ကျရောက် ရန်နီးစပ်လာပြီး လုံခြုံရေးအခြေ အနေမှာ အလွန်ဆိုးရွားနေသည့် အခြေအနေဖြစ်ပါက ပိုမိုအပြု သဘောဆောင်သည့် နည်းလမ်း များ အသုံးပြုခြင်းတို့ကိုသင်ကြား ပေးခြင်းဖြစ်သည်။ ဖယ်ရှားခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရှာဖွေခြင်း ဆိုင်ရာနည်းလမ်းများကို ပူးပေါင်း ဆောင်ရွက်လိုခြင်းမရှိသည့် လူအုပ် စုနှင့် တပ်ဖွဲ့ဝင်များတွေ့ဆုံရင်ဆိုင် ရသည့် အခြေအနေမျိုး ဥပမာ- အဆောက်အအုံ၊ လမ်းနှင့်အခြား နေရာများ၏ ဝင်ပေါက်များအား ပိတ်ဆို့ခြင်းအတွက် လေ့ကျင့်ပေး ခြင်းဖြစ်ကာ သင်တန်းသားရဲတပ် ဖွဲ့ဝင်များနှင့်အတူ အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ဝင်တို့က လက်တွေ့ ပဋိ ပက္ခပုံစံဖြင့်လေ့ကျင့်သရုပ်ပြသခဲ့ ကြသည်။ အဆိုပါသရုပ်ပြကွက် များကို ရဲတပ်ဖွဲ့ဝင်များက တစ် ဖက်၊ ဆန္ဒပြသူအသွင် ရဲတပ်ဖွဲ့ ဝင်များကတစ်ဖက်ဖြင့် လက်တွေ့ သရုပ်ဖော်ပြသခဲ့ကြသည်။ ယင်း သို့ လက်တွေ့သရုပ်ပြကွက်မှာ ပထမဆုံးဖြစ်ပြီး Community Polisiam ၏ အစိတ်အပိုင်းတစ်ရပ် ဟုပြောသည်။

The Union Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်