Monday, February 24, 2014

အတင်းအဓမ္မလူသစ်စုဆောင်းခံရသော KIA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြား

Posted by drmyochit Monday, February 24, 2014, under | No comments

ဖေဖော်ဝါရီ ၂၄ ရက် ၂၀၁၄

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ အတင်းအဓမ္မ လူသစ်စုဆောင်းခံရသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြရာ ဆင်ဘိုမြို့နယ်ခွဲအတွင်း၌ လှုပ်ရှားနေသော KIA တပ်ဖွဲ့ဝင်များမှာ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားနေကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

`` ကချင်စစ်သားတွေ ထွက်ပြေးနေတာ တောက်လျှောက်ပဲ၊ လွန်ခဲ့တဲ့ သုံးလေးရက်ကစပြီး ဒီမြို့ထဲမှာ ကချင် စစ်သားတွေ အ၀င်အထွက်များနေတယ်၊ ထွက်ပြေးသွားတဲ့ သူတို့ စစ်သားတွေကို လိုက်ပြီး စုံစမ်းနေတယ်လို့ ကြားတယ် ´´ ဟု ဆင်ဘိုမြို့ခံ ဦးလဂွန်နော်က ပြောသည်။

ပန်ဝါနယ်မြေအတွင်း လှုပ်ရှားနေသော KIA တပ်ဖွဲ့ဝင်များသည် လစာနှင့် ရိက္ခာ မရရှိမှုကြောင့် KIA တပ်ဖွဲ့ဝင် လက်နက်ကိုင်အလုပ်ကို စိတ်ကုန်ကာ အဖွဲ့လိုက် ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့ပြီးနောက် ဆက်တိုက် ဆိုသလို ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်မှု ထပ်မံဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

``အချို့က လစာနဲ့ရိက္ခာ မလုံလောက်လို့ ထွက်ပြေးတယ်လို့ ကြားတယ်၊ အခု ထွက်ပြေးတာကတော့ မလုပ်ချင်လို့ ဆိုလား၊ အတင်းအဓမ္မလူသစ်စုခံရတဲ့ လူငယ်တွေလို့ ကြားပါတယ် ´´ ဟု မိုးညှင်းမြို့ခံ တစ်ဦးက ဆိုသည်။

ဟိုပင်မြို့နယ်ခွဲ မြို့ပေါ်ရပ်ကွက်များ၌ နေထိုင်သော ဒေသခံကချင်လူငယ်(၁၀)ဦးခန့်အား မ၀င်မနေရစနစ်ဖြင့် KIA မှ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း၊ KIA အဖွဲ့က လူသစ်သင်တန်းတက်ခိုင်းရာ စိတ်ဝင်းစားမှု မရှိ သဖြင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း၊ KIA မှ ပြန်လည်ဖမ်းဆီးမည်ကို စိုးရိမ်သောကြောင့် ဟိုပင်မြို့သို့ ပြန်မလာတော့ပဲ အခြားမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ယင်းမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

`` လွန်ခဲ့တဲ့ ၂ ရက်လောက်က ဒီမြို့ပေါ်မှာ KIA တပ်ဖွဲ့ဝင်မလုပ်ချင်လို့ ပြန်ပြီးထွက်ပြေးလာကြတယ်လို့တော့ ကြားနေတာပဲ၊ ဒါပေမယ့် KIA ပြန်ဖမ်းမှာကို ကြောက်ပြီး မြို့မှာမနေဘဲ ချက်ချင်းရှောင်နေကြတယ်လို့တော့ သိရတယ်၊ အနည်းဆုံး (၅)ယောက်တော့ရှိတယ်၊ KIA က အတင်းအဓမ္မလူသစ်စုလို့ ပါသွားတဲ့ လူငယ်တွေပဲ ဖြစ်ဖို့ များပါတယ်၊ လစာမရ ရိက္ခာမ၀တဲ့ KIA တပ်ထဲကို ဘယ်သူက ၀င်ချင်မှာလဲ၊ ဒီလိုပဲ ပြေးလာကြဦးမှာပါ´´ ဟု ဟိုပင်မြို့နေ ဦးခွန်သာထူးက ပြောကြားသွားသည်။

KIA မှ ဒေသခံ ကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး လူမျိုးများအား အသက်(၁၆)နှစ်နှင့် (၄၀)နှစ်အတွင်း KIA တပ်ဖွဲ့သို့ တာဝန်မထမ်းမနေရစနစ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားရာမှ KIA သင်တန်းမပေးပီ စိတ်ပါဝင်စားမှုမရှိသဖြင့် ထွက်ပြေးလာသော KIA တပ်ဖွဲ့ဝင်များ ပိုမိုများပြားလာကြောင်း သိရှိရပါသည်။

အယ်နော်ဆိုင်း
Kachin Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်