Tuesday, April 08, 2014

ကျွန်မတို့ ဟာ အဓမ္မပြုကျင့် ခံရဖို့ ရောက်လာ သူတွေ မဟုတ်ပါဘူး

Posted by drmyochit Tuesday, April 08, 2014, under | No comments


ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဘရာဇီး နိုင်ငံ မှာ ထူးခြားတဲ့ ကန့်ကွက် ဆန္ဒပြမှု တစ်ခု ပေါ် ပေါက်ခဲ့ပါတယ်။ ဒီဆန္ဒပြ မှုကို အမျိုးသမီး တွေက စတင် ဦးဆောင် ခဲ့ခြင်း ဖြစ်ပါတယ်။

တိတိ ကျကျ ပြောရရင်တော့ အမျိုးသမီး သတင်းထောက် နာနာ ကွီရော့စ် က စတင်ခဲ့ ခြင်း ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံ မှာပြုလုပ်ခဲ့တဲ့ လေ့လာမှု စစ်တမ်း တစ်ခု မှာ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုကြောင့် အဓမ္မအမှုတွေ (၆၆ ဒသမ ၅)ရာခိုင်နှုန်းအထိ ရှိနေခြင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကို ကန့် ကွက်တဲ့အနေနဲ့ အမျိုးသမီးတွေက ဆန့်ကျင် မှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ် ပါ တယ်။ အမျိုးသမီး တွေဟာ သူတို့ ရဲ့ လူမှု ကွန်ယက် ၀က်ဘ်ဆိုက် တွေမှာ မလုံ့တလုံအ၀တ်အစားတွေကို ၀တ် ဆင်ပြီး “ကျွန်မတို့ဟာ အဓမ္မပြုကျင့်ခံရဖို့ ရောက်လာသူတွေ မဟုတ်ပါဘူး လို့ စာတမ်း တွေ ရေးဆွဲကာ ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးကတော့ “အမျိုးသား တစ်ဦး အ၀တ်အစား မပါဘဲ ကိုယ်ဗလာနဲ့ လျှောက်သွားခဲ့လို့ရှိရင် သူ့ဆီမှာအကြောင်း အမျိုးမျိုးရှိနိုင်ပါတယ်။

ပူအိုက် လို့ ဘောလုံး သွားကစားဖို့စတဲ့ အ ကြောင်းတွေလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး မုဒိန်းမှုကိုလည်း ကျူးလွန်ဖို့ ဖြစ်နိုင်ပါတယ်။ ဘာကိုလုပ် မလဲဆို တာ သိသာထင်ရှားလွန်းပါတယ်” ဆိုတဲ့ စာသားကိုလည်း ရေးသား မှုပြု လုပ်ခဲ့ ပါတယ်။ ၀တ်စားဆင်ယင်မှု ကြောင့် မုဒိန်းမှု တွေဖြစ်နေရတဲ့အဆိုကို ဘရာဇီး နိုင်ငံ အတွင်း မှာရှိနေတဲ့ အဖွဲ့  အစည်း တစ်ခုက စစ်တမ်း ကောက် ယူမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါကို ဘရာဇီး အမျိုး သမီး တွေက လုံးဝလက်မခံဘဲ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ နှစ်စဉ်မုဒိန်းမှုတွေ ဖြစ်ပွားမှု ဖြင့် တက်လာပြီး မုဒိန်းမှုရဲ့ (၁၀)ရာခိုင် နှုန်း ကိုသာ တိုင်ကြားမှု ပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို လိင် ပိုင်းဆိုင်ရာ စော် ကားမှုကလည်း မြင့်တက် လာပါ တယ်။


အမျိုးသမီးတွေဆန္ဒပြတာကို တင်ထားတဲ့ဆိုက်က ဒီလိုရေးထားပါတယ်။ ပုံတွေ က အသက်အရွယ် တိုင်းကြည့် ဖို့ သင့်လျော်တဲ့ပုံတွေမဟုတ်လို့  ၁၈ ပြည့်မှ ကလစ်ပြီးကြည့်ပါလို့ ရေးထားပါ တယ်။သိပ်အဆိုး ၀ါးကြီးမဟုတ်ပေမယ့်နည်းနည်းရိုင်းလို့ အရွယ်တိုင်းအတွက်မသင့်လျော်ပါဘူး။

http://www.themeltingpot4u.com/2014/04/brazilian-women-bare-all-to-remind.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်