Tuesday, April 08, 2014

နှစ်သစ်သင်္ကြန်မှာ အသားအရေကို ဘယ်လိုထိန်းသိမ်းကာကွယ်မလဲ

Posted by drmyochit Tuesday, April 08, 2014, under | No comments




မကြာခင်မှာ ကျရောက်တော့ မယ့် သင်္ကြန်မှာရေကစားရင်း နေ ရောင်ခြည် အပူဒဏ်ကြောင့် ဘယ်လို အသားအရေထိခိုက်မှုတွေ ရှိလာနိုင်ပြီး ဘယ်လိုကာကွယ်ရမယ် ဆို တာကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်အောင် အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်ကျော် နဲ့ တွေ့ ဆုံ မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

► အခုလိုနေပြင်းတဲ့လမှာ သင်္ကြန်ရေကစားရင် အသားအရေကို ဘယ်လိုထိခိုက်နိုင်ပါသလဲ။

သင်္ကြန်တွင်းလည်လို့ ဖြစ်နိုင် တာကတော့ နေလောင်လို့ အသားမည်းသွားတာ၊ ယားတာအဖုအပိန့် တွေထွက်တာ အဖုအပိန့်အပြင်လိုက်ထွက်တာတို့ အသားလောင်တာ တို့ ဖြစ်နိုင်တယ်။ လတ်တလောအရေ ပြားမှာဖြစ်တဲ့ ဆိုးကျိုးတွေကတော့ တစ်ရက်နှစ်ရက်နေဖြစ်တာ ဆိုပေမယ့် နေပူကိုကြိမ်ဖန်များစွာထိရင် တော့ ဒါတွေက စုပြီးခံရတာ။

အ ရေပြားထဲက ကိုလာဂျင်အီလက်စတင်အမျှင်တွေ က နေရောင်ခြည် ကြောင့် အဲဒီအမျှင်တစ်သျှူးတွေ ပျက်စီးပြီးအရေပြားက အကြောမတင်းတော့ဘူး။ အဲဒီအခါ အရေပြား မှာ လှိုင်းတွန့်တွေ အခေါက်တွေပေါ်လာတယ်။ နေပူထဲမှာ အကာအကွယ်မဲ့လုပ်လာတဲ့လူက အသက်ကြီးရင် ပိုပြီးတော့ အိုတဲ့ရုပ် ပိုပေါက်တယ်။ အရေပြားကင် ဆာဖြစ်တာက တစ်ပိုင်းပေါ့။ နေ့စဉ်နေပူလို့ခါးစည်းခံရ ရင်အဆိုအရတော့ရှိတဲ့ အသက်ထက် ငါးနှစ်လောက်ပိုကြီးတယ်လို့ ထင်ရတယ်။

► သင်္ကြန်တွင်းမှာဆိုရင် လူငယ်တွေကို စတိုင်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့အပြင်ထွက်လည်ကြတာကိုတွေ့ရပါတယ်။ သင်္ကြန်တွင်း ရေပက်ခံထွက်လည်ရင် ကျန်းမာရေးနဲ့ ညီညွ တ်ေ အာင် ဘယ်လို အဝတ်အစားမျိုးတွေကို ဝတ်ဆင်သင့်ပါသလဲ။

အဝတ်အစားကတော့ အရောင်ဖျော့ဖျော့နဲ့လုံလုံလောက်လောက် ဖုံးအုပ်နိုင်မယ့် အင်္ကျီလက်ရှည်ဘောင်း ဘီရှည်ခပ်ပွပွ ချည် ထည်တွေဝတ်သင့်ပါတယ်။ အခုက သင်္ကြန် မှာဝတ်ထားတာက ကျပ်ကျပ်တိုတို အနက်နဲ့ဆို တော့ နေရောင်ခြည်အပူဒဏ်ကို ပိုထိတာပေါ့။

► သင်္ကြန်တွင်း ရေကစားရင် နေပူဒဏ်က နေဘယ်လိုကာကွယ်မှုတွေလုပ်သင့်ပါသလဲ။

ဘယ်လို ကာကွယ်ရမလဲဆိုရင်တော့ နေပြင်းတဲ့ အချိန် ကိုရှောင်ပေါ့။ နေပြင်းတဲ့အချိန် ဆယ်နာရီကနေ သုံးနာရီအတွင်းကိုပေါ့။ ဘာလို့လဲဆို တော့ အဲဒီအချိန်က ခရမ်း လွန်ရောင် ခြည်အမြင့်ဆုံးမို့လို့ မွန်းတည့်ဝန်းကျင်ဆိုရင် အမြင့်ဆုံးခရမ်းလွန် ရောင်ခြည် ၁၂ လောက်ထိ ရှိတယ်ဆိုတော့ တော်တော်ဆိုးတာ။ အဲဒီအချိန်မှာ အန္တရာယ် ရှိ တယ်။

မနက် စောစောနဲ့ ညနေခင်းနေရောင်ခြည် ထိရင်ကောင်းတယ်။ အဲဒီအချိန်မှာ နေရောင်ခြည်နဲ့အရေပြားနဲ့ထိရင် ဗီတာမင် D ထွက်တယ်။ ဗီတာမင် D က အရိုး အဆစ်ကိုတောင်သန်မာစေသေး တယ်။ နေရှောင်ရ မယ့် အချိန်မှာ အရိပ်ကောင်းကောင်းရတဲ့ သစ်ရိပ်ဝါးရိပ်မှာ နားမယ်။ ဒါကတော့ လုပ်ကိုလုပ်ရမယ်။

► အသားအရေအတွက်ရော ဘယ်လိုထိန်းသိမ်းမှုတွေ လုပ်သင့်ပါသလဲ။

သင်္ကြန်မှာ နေရှောင်ဖို့ တော် တော်ခက်တယ်။ ထီးဆောင်းလို့မှ မရဘဲ။ ဦးထုပ်ကတော့ ရသေးတယ်။ဘာလုပ်လို့ရလဲဆိုတော့ Sun Lotion တွေ၊ Sun Cream တွေ ကို နေပူထဲ မထွက်ခင် နာရီဝက်ခန့် ကြိုလိမ်းရ မယ်။ နေထိနိုင်မယ့်နေရာတွေ မျက်နှာတွေ လက်မောင်းတွေ လက်ဖျံတွေ လည်ကုပ်တွေစသဖြင့် ထူထူလိမ်း ရ မယ်။ နေရောင်ခံရုံတင် မဟုတ် ဘူး။ ရေဒဏ်လည်း ခံရမယ်။ မိတ်ကပ်တွေက ရေထဲအရေပျော် သွားရင် သွားပြီ။ နေရောင်ခံရေစိုခံသုံးရမယ်။ SPF ၃ဝ လောက်ပါတာ လိမ်း ရမယ်။

► ရေပက်ခံပြီးပြန်လာရင်ဘာတွေလုပ် ဆောင်ရပါမလဲ။

ရေပက်ခံပြီး ပြန်လာရင်ရေချိုးပစ်ရမယ်။ ရေပက်တာက ချောင်းရေ မြောင်းရေကန်ရေ အစုံပါတယ်။ ကိုယ့်အိမ်က ရေနဲ့ရေပြန်ချိုးရမယ်။ နေလောင် သွားတဲ့ နေရာတွေကို အစို ဓာတ်ထိန်းတဲ့ ခရင်မ်လိမ်းရမယ်။ အထူးသဖြင့် ညဆို ရေမိုးချိုးပြီးရင်လိမ်းကိုလိမ်းရမယ်။ နေလောင်လို့ယားတာ ယောင်တာစပ်တာ အဖုအပိန့်ထွက်တာဆိုရင် ဆရာ ဝန်နဲ့ပြကို ပြရမယ်။ အဲဒါတွေ ကနေ ရောင်ခြည်နဲ့မတည့်လို့ ဖြစ်တဲ့အရေပြား ပြဿနာတွေ။ ဆရာဝန်နဲ့ ပြရမယ်။

► သင်္ကြန်မှာဆိုရင် ဆံပင်ဆိုးဆေး ရောင်စုံဆိုးကြတာကိုလည်း တွေ့ရပါ တယ်။ ဒါတွေကရော ဦးရေပြားကို ဘယ်လို ထိခိုက်နိုင်ပါသလဲ။

သင်္ကြန်တွင်းဆိုတော့ လူငယ် တွေကလည်း စတိုင်ပေါ့။ အရောင်မျိုးစုံ ဆံပင်စတိုင်မျိုးစုံ ပေါ်လာတယ်။ ဆံပင်ဆေးဆိုးဖို့ဆိုရင် ဆံပင်ကိုအရင်ဆုံးအရောင်ချွတ်ရမယ်။ ချွတ်ဆေးမှာလည်း ဓာတုပစ္စည်းတွေပါတယ်။ ဆိုးဆေးမှာလည်း ဓာတုပစ္စည်းတွေပါတယ်။ ဒါတွေနဲ့ မတည့်ရင်အရေပြားယားယံမှုတွေ ဖြစ်တယ်။ မျက်နှာမှာ ဖြစ် တယ်။ ခေါင်းမှာ ဖြစ်တယ်။ နားမှာ ဖြစ်တယ်။ ဆိုးဆေးမှာ PPD ဆိုတာရှိတယ်။ အဲဒါမျိုးပါရင် အချို့နဲ့ ဓာတ်မတည့်တာ ဖြစ်တတ်တယ်။ များသောအားဖြင့် ဆံပင် ဆိုးေ ဆး တော်တော်များများက အဲဒါပါတယ်။ ဆံပင်မှာသုံးတာတွေကအကုန် ဓာတုပစ္စည်းချည်းပဲ။ ဒီဓာတုပစ္စည်းတွေကို ကြိမ်ဖန်များစွာသုံးရင် အရေပြား အလာဂျီဖြစ်ပြီးတော့ ဆံပင် ကျိုးကျေတာတို့မွဲခြောက်တာတို့ ဆံပင်ကျွတ်တာတို့ ဖြစ်နိုင်တယ်။

မြတ်ဆုငြိမ်း
Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်