Sunday, September 16, 2012

ပြည်သူလက်မခံသောစီမံကိန်းများ ဘယ်တော့မှ အောင်မြင်မည်မဟုတ်ဟု ကိုမင်းကိုနိုင်ပြောကြား

Posted by drmyochit Sunday, September 16, 2012, under | No comments



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မဂျွယ်ခန်းမ၌ ယနေ့နံနက်မှ စတင်၍ ကျင်းပလျှက်ရှိသော မြစ်ဆုံဆည် တည်ဆောက်ရေးရပ်တန့် မှုတစ်နှစ်ပြည့်အဖြစ်ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲ တွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်မှ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူများ လက်မခံသော စီမံကိန်းများကို ဆောင်ရွက်ခြင်းမပြုရန် တောင်းဆိုပြောကြား ခဲ့ကြောင်းသိရသည်။
ကိုမင်းကိုနိုင်က “ဘာစီမံကိန်း ပဲလုပ်လုပ်။ပြည်သူတွေအတွက် ဘယ်လို အကျိုးရှိတယ်လို့ပဲ ပြောနေပါစေ။ ပြည်သူတွေက လက်မခံတဲ့ စီမံကိန်းတွေဆိုရင်တော့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ ဥပမာ အနေနဲ့ ခြံစည်းရိုး ကြက်ဆူပင် စိုက်တာတောင် ပြည်သူကလက်မခံတဲ့ အတွက် မအောင်မြင်ဘူးဟု ထို ဟောပြောပွဲ သို့တက်ရောက်လာ သူများ အားပြောကြားသည်။

ထို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲအား နံနက် ၁၀ နာရီမှ ညနေ ၅နာရီထိ စီတာပူ ရပ်ကွက်တွင် ရှိသော မဂျွယ်ခန်းမ၌ ကျင်းပသွား မည်ဖြစ်သည်။

လတ်တလောအားဖြင့် မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းခွင် အနီးရှိ ကျေးရွာများမှ ဒေသခံလူဦးရေ တစ်ထောင်ကျော်တက်ရောက်ကြောင်းနှင့် ၈၈မျိုးဆက်ကျောင်း သားများ အဖွဲ့မှ ကိုမင်းကိုနိုင်၊

ကိုဌေးကြွယ်၊ကိုပြုံးချိုတို့အပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များဖြစ်သော ဦးဝင်းမျိုးသူ          (Ecodev)၊ ဦးညိုမောင်၊ ဒေါက်တာ ခင်နီနီသန်း ( WRTC )၊ဒေါက်တာဦးထွန်းလွင် ၊ဒေါက်တာ ကျော်သူတို့မှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သတ်၍  ဟောပြော ပို့ချလျက်ရှိ ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်