Sunday, December 16, 2012

KIA က ၂၀၁၃ ခုနှစ်အတွင်းမှာ နိုင်ငံရေး၊ စစ်ရေးအရ ဖိအားပေးဖို့ လိုင်ဇာ အင်အားဖြည့်အစည်းအဝေးမှာ ဆုံးဖြတ်ပြီးနောက်ပိုင်းလုပ်ဆောင်ချက်များ..

Posted by drmyochit Sunday, December 16, 2012, under | No comments

From :စိုင်းဆိုင်ဖ

KIA က ၂၀၁၃ ခုနှစ်အတွင်းမှာ နိုင်ငံရေး၊ စစ်ရေးအရ ဖိအားပေးဖို့ လိုင်ဇာ အင်အားဖြည့် အစည်း အဝေး မှာ ဆုံးဖြတ်ပြီးနောက် ပိုင်းလုပ်ဆောင် ချက်များ..

(၁) မိုးညှင်းမြို့နယ်အတွင်း ကျောင်းသားအပါအ၀င် လူသစ်အဓမ္မစုဆောင်းခြင်း။

(၂) ဖားကန့်မြို့နယ်အတွင်း အလုပ်သမားများကို လူသစ်စုဆောင်းခြင်း။

(၃) လိုင်ဇာမှ သင်တန်းဆင်းပြီးသား တပ်သားသစ်များကို ပန်ဝါဘက်သို့ ၂သုတ်(တစ်သုတ်လျင် (၄၀၀) ၀န်းကျင်ခန့်စေလွှတ်ခြင်း။

(၄) လိုင်ဇာ မှသင်တန်းဆင်းတပ်သားသစ် တစ်သုတ်ကို ဖားကန့်ဖက်သို့အင်အားစေလွှတ်ခြင်း။

(၅) ပန်ဝါဖက်တွင် တပ်သားသစ်များအသုံးပြုပြီး လူအင်အားဖြင့်ဖိပြီးတပ်မတော်စစ်ကြောင်းများကို ၀ိုင်းပတ်ပိတ်ဆို့ကာပန်ဝါအနီးတွင်အခြေစိုက်နိုင်ရန်ဖန်တီးလာခြင်း။

(၆) ဖားကန့်ဒေသကို KIA လွတ်မြောက်နယ်မြေအဖြစ်ဖန်တီးနိုင်ရန်အားယူနေခြင်း။

(၇) ကချင်ပြည်နယ် မြို့ပေါ်ရပ်ကွက်များတွင် ပါတီဝင်အမည်ခံ၊အုပ်ချုပ်ရေးအဖွဲ့အမည်ခံ၊ ဘာသာရေးအဖွဲ့အမည်ခံများမှတစ်ဆင့် ဆက်ကြေးရိက္ဓာတိတ်တဆိတ်တောင်းခံနေခြင်း(မြို့အမည်၊ ရပ်ကွက်အမည်များနှင့် လူအမည်များရရှိထားပြီဖြစ်သော်လည်း မသေချာသဖြင့် မဖော်ထုတ်သေးပါ)။

(၈) ပန်ဝါဒေသ၊ ဆဒုံးကန်ပိုက်တီးဒေသတွင် တပ်မတော်၏တုန့်ပြန်မှုကြောင့်အထိနာသွားသောအခါ
လနန်မှ နိုင်ငံရေးဆွေးနွေးရန်အသင့်ဟု ကြေညာချက်များထွက်လာခြင်း။

(၉) KNU/KNLA မှ တာဝန်ရှိသူက KIA နှင့် ငြိမ်းချမ်းရေးရယူနိုင်ရန် NLDကြားဝင်ရန်လိုအပ် သည် ဟု ကြေညာချက်များထွက်လာခြင်း။

(၁၀) တပ်မတော်မှ ဓာတုလက်နက်များသုံးသည်ဟု ကြေညာချက်များထုတ်ပြီးနိုင်ငံတကာကန့်ကွက်ေ အာင် လုပ်ကြံလာခြင်း။

(၁၁) ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပူတာအိုဒေသသို့ ပြည်သူများအတွက်လမ်းဖောက် ရိက္ဓာပို့မည့်အစီ အစဉ်ရှိကြောင်း တင်ပြခဲ့သည်ကိုအခွင့်ကောင်းယူ စောင့်ကြိုတိုက်ခိုက်ခြင်း။

သုံးသပ်ချက်..
KIA/KIO သည် ၅၂ နှစ်မြောက်နှစ်ပတ်လည်နေ့တွင် လိုင်ဇာနှင့် ဖားကန့်သည် KIA၏ လွတ်မြောက် နယ်မြေဟု ကြေညာခဲ့ခြင်း၊ အပစ်ရပ်စဲလုံးဝမလုပ်ဘဲနိုင်ငံရေးအရသာ ဆွေးနွေး မည် ဟုကြေညာ ထား သဖြင့် တစ်ဘက်သပ်စတင်တိုက်ခိုက်ခွင့်ရှိနေပြီး မကြာခဏ တိုက်ပွဲများကိုဖန်တီးခြင်း၊ စစ်ရေး အရ ကြပ်တည်း မှုမရှိချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုအမည်ခံသာလုပ်ခြင်း၊ နောက် ပိုင်း တွေ့ ရာ လူသစ်စုဆောင်းပြီးကချင်လူမျိုးမပါ အခြားလူမျိုးမှန်သမျှ ကို ရှေ့တန်းအကျ ဆုံးနေရာများ တွင် တိုက်ပွဲဝင် ခိုင်းလာခြင်းဖြင့်လူမျိုးရေးစစ်အသွင်ဖြစ်လာစေရန်ဖန်တီးလာခြင်း၊ ကချင်ပြည်နယ်ကိုကျော်လွန်ပြီး စစ်ရေး လှုပ်ရှား မှုများ၊ အဖျက်လုပ်ငန်းများလုပ်ဆောင်လာခြင်း၊ (မိမိ ကျတော့ ဖင်တုံးလုံး ကျွတ်နေပြီး သူများပု ဆိုးပေါက်နေ သည်ကိုလက်ညှိုးထိုးရှုံ့ချသူ ကဲ့သို့)ကချင်ပြည်နယ် အတွင်း မှ ဒေသခံများကို လက်နက် အားကိုး နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေသော်လည်း လက်ပန်တောင်းတောင် သပိတ်ဖြိုခွဲမှုကို ခပ်တည် တည်ဖြင့် ၀င်ရောက်ကန့်ကွက်ခြင်း။ စစ်ရေးအရအကြပ်အတည်းဖြစ်လာချိန်တွင် လက်အောက် ငယ်သား များကို နှစ်သိမ့်သည့်သဘော၊အချိန်ဆွဲ စစ်ရေးပြင်လိုသည့်သဘောဖြင့် ငြိမ်းချမ်းရေးဆွေးနွေး လိုကြောင်းလေ သံပစ်ပြီး အစိုးရဖက်က အကြောင်းမပြန်ပါ နိုင်ငံရေး အမြတ် ထုတ်ခြင်း၊အကြောင်းပြန်ပါက အချိန်ဆွဲခြင်း၊ မရေမရာလုပ်ပစ်ခြင်း များလေ့လာသုံးသပ်မိသဖြင့် KIAသည် အမှန်တကယ် ငြိမ်းချမ်းရေးမ လိုလားဘဲ ခွဲထွက်ရေးကိုသာ အာရုံစိုက်ပြီး ဆွေးနွေးပွဲကို လိုသလိုအကြောင်းပြအသုံးချနေသဖြင့် သားဆိုး သမီး ဆိုးကို ရိုက်နှက်ဆုံးမသကဲ့သို့နိုင်ငံတော် အစိုးရ အနေဖြင့် ပြတ်ပြတ် သားသားဆုံးမ၊ ပြီးမှသာရိုက်ပြီး ရင်မုန့်ကျွေးပြီးပြန်ချော့ သကဲ့သို့ ပြတ်ပြတ်သားသား ဆုံးမပြီးမှအများနည်းတူ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့် ပါကြောင့်သုံးသပ် ရပါသည်။

www.MyanmarExpress.net

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်