ကျိုက်ထီးရိုး တောင်ပေါ်သို့
ကင်ပွန်း စခန်း တောင်ခြေမှကား ဖြင့် တိုက်ရိုက် သွားနိုင်သည့် နောက်ပိုင်း ဘုရားဖူး
ဧည့်သည်များ ပြားလာရာ ယခုနှစ်တွင်ကျိုက် ထီးရိုးဘုရားဖူးများ စံချိန်တင် သွားပြီး တည်းခိုခန်း ခများ တစ်သိန်း ကျော်သွားကြောင်းသိရသည်။
အစိုးရ ရုံးပိတ်ရက်နှင့်နေ့ ကြီးရက်ကြီးများတွင် ဘုရားဖူး များတစ်ရက်လျှင် (၁)သိန်းကျော် လာရောက် လေ့ရှိ ကြောင်း၊ ပုံမှန် ဘုရားဖူးများလာရောက်သည့် အချိန်တွင် တည်းခိုခန်းခကို ဂေါ ပကအဖွဲ့က သတ်မှတ်ပေးထား ကြောင်း၊ ရုံးပိတ်ရက်များတွင် ဘုရား ဖူးအလွန်များပြား၍ နေရာအခက် အခဲကြောင့် တည်းခိုခန်းခဈေး မြင့်မားရခြင်း ဖြစ်ကြောင်း၊ ဘုရား ဖူးများပြားလွန်းသဖြင့် ခရီးသည်များက အခန်းကို အလုအယက်ဈေး ပိုပေးပြီး ငှားရမ်းကြသဖြင့် ဈေးနှုန်းမြင့်မားရကြောင်း၊အချို့ဘုရား ဖူးများမှာ နေရာမရ ၍ ရင်ပြင် တော်ပေါ်၌ပင် အိပ်စက်သွားရ ကြောင်း သိရသည်။
Hot News Weekly
Myanmar Forward
Time in Rangoon


0 comments:
Post a Comment