Sunday, January 13, 2013

မြန်မာမှာ နူကလီးယားဓါတ်ပေါင်းဖို ရှိသင့်တယ်

Posted by drmyochit Sunday, January 13, 2013, under | No comments

ကျွန်ုပ်မောင်ကျောက်ခဲကတော့ အချိန်လည်း မအားလို့ သိပ် အရှည်ကြီး မပြော ချင်ဘူး ။နောက်ပြီး ကျုပ်တို့မြန်မာ နိုင်ငံသားတွေက စာလေးများ ရှည်လာရင် ကိန်းဂဏာန်းတွေ ပါလာရင် သိပ်ဖတ် ချင်တာမ ဟုတ်တဲ့လူ စားတွေ ကိုဗျ ။ဒီတော့လည်း ကျွန်ုပ် သိပ်ပြီး ကိန်းကြီး ခန်းကြီး မပြောတော့ဘူး ။လိုရင်းပြော မယ်။

ကျွန်ုပ်တို့ နိုင်ငံဟာ အင်အားကြီး နိုင်ငံ တရုတ်နဲ့ အိန္ဒိယ ကြားမှာရှိတယ် ။အဲဒီနှစ်နိုင်ငံမှာ နူကလီးယား ဓါတ်ပေါင်း ဖိုရှိတယ်။ နိုင်ငံရဲ့ လျှပ်စစ် စွမ်းအား အနေနဲ့ ယူသုံးသလို စစ်ဘက်ရေး ရာသုံးတယ် ။အဲ.နောက် တစ်ကောင်. အနောက်မြောက်ဘက်က နေ ကျွန်ုပ်တို့နိုင်ငံကို လစ်ရင်လစ်သလိုတွယ်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သာ သေးတာ နူကလီးယား ဓါတ်ပေါင်းဖိုက စွမ်းအင်နဲ့ နိုင်ငံကလည် ပတ်နေတယ်။ မကြာခင်မှာ စစ်ဘက် ကိုပါ နူကလီးယား ဒုံးတွေ များသုံး လာရင် ကျွန်ုပ်တို့  ရခိုင်ဒေသ ကစပါပြီ ။နောက် အရှေ့ ဘက်က ထိုင်း ..သူတို့လည်း 2025 ကနေစပြီး နိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖိုတွေဆောက်တော့မယ် ။အခု အစီ အစဉ်တွေရေးနေပြီ ။ နောက် မလေးရှား. သူတို့လည်း ရှိတယ် ။

ဒီနိုင်ငံတွေကြားမှာ ကျွန်ုပ်တို့နိုင်ငံက လျှပ်စစ်မီး မမြင်ဖူးသေတဲ့ ဒေသတွေ ရှိသေးတယ် ။ရန်ကုန် မန္တလေး တွေတောင် ဖုတ်လိုက်ဖုတ်လိုက်နဲ့ ။အခု နိုင်ငံတကာက လုပ်ငန်းတွေ အောတိုက်လှိမ့်ဝင်မှာ ။ကိုယ့်နိုင် ငံတောင် မီးမမှန်သေးတာ ။ဒင်းတွေကို ပေးဖို့ခက်တယ် ။အဲဒါကြောင့် မလာချင်တော့ဘူး ။

ကျွန်ုပ်တို့မှာ ရှိတယ့် ရေအားလျှပ်စစ် ရေရှိမှ မီးလာမှ ။အဲလောက်ပေါပေါများများလည်း ရေမသုံးနိုင်ဘူး ။ကျောက်မီးသွေး စက်ရုံ..ဒါကလည်း ဒေသတစ်ခုချင်းစီမှာပဲ တတ်နိုင်မယ် ။တနိုင်ငံလုံးကို ကျောက်မီးသွေး လျှပ်စစ် ဓါတ်အားတွေဆောက်လို့မဖြစ်ဘူး ။ဒါတွေက Limited resource တွေ တစ်ချိန်ကျ ကုန်မှာ ။သဘာဝ ကိုမထိအောင် သုံးတဲ့နည်းတွေတော့ ရှိတယ်။

သဘာဝ ဓါတ်ငွေ့..သူကတော့ မျှော်လင့်ချက်ရှိတယ် ။သဘာဝဓါတ်ငွေ့နဲ့ ထုတ်နိုင်ကောင်းရဲ့ ။သို့သော် နိုင်ငံခြား ဝင်ငွေက ဒင်းဆီကပဲ ရတာ ။သဘာဝဓါတ်ငွေ့နဲ့သုံးမယ်ဆို ရောင်းထားတာတွေကို ယတိပြတ် ဖြတ်ပြီး ဆောက် မှရမယ် ။သူလည်း တစ်ချိန်ကျရင်ကုန်ဆုံးမယ့် သဘာဝရင်းမြစ်ကြီး ။ကောင်းပြီ။
နူကလီး ယား ။ဆောက်သင့်တယ် ။ကျွန်ုပ်အမြင်ပေါ့ ။နူကလီးယားဓါတ်ပေါင်းဖို နှစ်ဖိုလောက်နဲ့ နိုင်ငံကို မီးအပြည့်ပေး နိုင်မယ် ။ဒါက စွမ်းအင်အသုံးချမှူတစ်ခု ။နောက်တစ်ခု စစ်ရေးယှဉ်ပြိုင်မှူ နူကလီးယား စွမ်းအင် ရှိတဲ့နိုင်ငံတနိုင်ငံဆိုတာနဲ့ တကမ္ဘာလုံးက ရှိန်တယ် ။သေချာတာတော့ စော်ကားခံ ရမယ်မ ဟုတ်ဘူး ။ဒေသတွင်းမှာလည်း ဂုဏ်တတ်မယ် ။မြန်မာနိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖို ရှိပြီဟေ့ ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ် ထိုင်း အဲနှစ်ကောင် မြန်မာကို မျက်လုံးပြူးနဲ့စောင့်ကြည့်ရတော့မယ် ။

ဒီတော့ ဘာလုပ်လုပ် ကန့်ကွက်ကြမယ့်စီမံကိန်းတွေကြားထဲမှာ ကျွန်ုပ်တို့နိုင်ငံက ပုံထဲကလို ဖယောင်း တိုင်နဲ့ ပဲ နေကြတာ ပဲကောင်း မလား ။စဉ်းစားတော့ဗျာ ။

မောင်ကျောက်ခဲ မှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်