Sunday, January 13, 2013

အလင်းဝင်ရောက်လာသော ကေအိုင်အေ တပ်မဟာ ၅ မှ ကေအိုင်အေရဲဘော်တစ်ဦးမှ ၄င်းတို့ အားလူ တစ်ယောက် ကျည်တောင့် ၃၀ နှင့် တိုက်ခိုင်းထားပြီး ကေအိုင်အေ အတွင်းရေး သိသူ လုပ်သက် ရင့် ရဲဘော်များကို လိုင်ဇာတွင် ထိန်းချုပ်နေပြီဖြစ်ကြောင်း ပြောကြား

Posted by drmyochit Sunday, January 13, 2013, under | No comments

ကေအိုင်အေသောင်းကျန်း သူအ ဖွဲ့မှ အလင်းဝင် ချင်သူများအား ခြိမ်းခြောက် ၍တနည်း မက်လုံးပေးကာ တသွယ် ထိန်းချုပ် ထားနေပြီဖြစ်သည်။



အလင်း ဝင်လာသော ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ ရဲဘော်တစ်ဦးအား သူ၏ မိသားစုမှ ဝမ်းသား အာရပွေ့ဖက်ကြိုဆိုနေပုံ

ကေအိုင်အေမှ ကွန်ပျူတာ အလုပ်လုပ်ရမည်။ လိုင်ဇာတွင် ထားမည်။ လခ ကောင်းကောင်းပေး မည်ဟု ဆိုကာ စည်းရုံး ကာ ကေအိုင်အေ စစ်သားအဖြစ် သိမ်းသွင်းခြင်းခံခဲ့ရသည့် အလင်းဝင် ကေအိုင်အေ သ တင်းဖြန့် တစ်ဦးမှ ကေအိုင်အေ တပ်ဖွဲ့အတွင်း ရိက္ခာ၊ ခဲယမ်းများ မလုံလောက်တော့ကြောင်း၊ ရှေ့တန်း စခန်းများ ရှိ ကေအိုင်အေ ရဲဘော်များအား ကျည် ၂၉ တောင့်ခန့်သာ ပေးနိုင်တော့ကြောင်း ပြောခဲ့သည်ဟု သိရသည်။

သူ့ကဲ့သို့ပင် ဖမ်းဆီးပြီး ကေအိုင်အေ အတွက် ၀ါဒဖြန့် လုပ်ပေးရသူများကို လိုင်ဇာ ဌာနချုပ်တွင် ထား ရှိကြောင်း၊ အပြင်သို့ သူတို့ မပါဘဲ ပေးမထွက်ကြောင်း၊ မိုင်းများ ထောင်ထားသည့်အတွက် ထိမှာ စိုးသည် ဟု အကြောင်းပြပြီး အဆောက်အအုံထဲတွင် ထိန်းသိမ်းထားခဲ့သည်ဟု ၄င်းမှ ဆိုသည်။



ကေအိုင်အေမှ စုဆောင်း ခဲ့သည့် တိုင်းရင်းသား များအား ရခိုင် လူမျိုး ဆိုလျှင် ရခိုင် တပ်ဖွဲ့၊ ရှမ်းဆိုလျှင် ရှမ်းတပ်ဖွဲ့ သီးခြားစီ ထားရှိကြောင်း၊ လူမျိုးစုများ တစ်စုစီခွဲခြား ဆက်ဆံ ယုံမက ကျွေးသည့် အစား အသောက် တွင်လည်း ကေအိုင်အေ ဂျိမ်းဖောများက အခွင့်အရေး ပိုရကြောင်း၊ မြန်မာ့ တပ်မတော်မှ သတ် မည် မဟုတ်ဘဲ ကူညီထောက်ပံ့ပေးမည် ဆိုသော သတင်းများ သူတို့ သိပါက ကေအိုင်အေကို ပြန်တိုက် ကာ အလင်း ၀င်ကြမည် ဖြစ်သည်ဟု ၄င်းမှ ဆက်ပြောခဲ့သည်။

(မောင်ကျောက်ခဲ အဖွဲ့) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်