Sunday, January 13, 2013

မြန်မာ့စီးပွားရေးကဏ္ဍသစ်အတွက် ဂျပန်အစိုးရ တွန်းအားပေး

Posted by drmyochit Sunday, January 13, 2013, under | No comments

ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ် ဖြစ်လာပြီး နောက် မစ္စတာကာ ရိုအာဆိုသည် ပြည်တွင်း အရေးကြီး ကိစ္စများ ကို ဘေး ချ၍ မြန်မာနိုင်ငံသို့ ခရီး ထွက်ကာ အထူး စီးပွားရေးဇုန် တည်ဆောက် မည့် ဒေသတစ် ခုအား လည်ပတ်ရင်း မြန်မာနိုင်ငံ အတွက် ဘဏ္ဍာရေးအကူအညီများ ထပ်မံပေး အပ် ရန် အတည် ပြုပြောကြား သည်။

ယင်းမှာ ဂျပန်နိုင်ငံ၏ ဒုတိယ ၀န်ကြီးချုပ် လည်းဖြစ် သူ မစ္စတာ တာရိုအာဆို၏ ပထမဦးဆုံး နိုင်ငံခြား ခရီးစဉ် လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ သုံး ရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း အသက် ၇၂ အရွယ် မစ္စတာတာ ရိုအာဆိုသည် သမ္မတ ဦးသိန်းစိန် အပါ အ၀င် အစိုးရအဖွဲ့တွင် အရေးပါသော ၀န်ကြီးများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ဂျပန်နိုင်ငံက ကြွေးမြီယန်းငွေ ၅၀၀ ဘီလီယံ(ကန်ဒေါ်လာ ၆ ဘီလီယံ) လျှော့ပေါ့ပေးမည်ဖြစ်ပြီး နောက် ထပ် ကြွေးမြီ သစ် ယန်းငွေ ၅၀ ဘီလီယံ ပေးအပ်မည်ဟုလည်း သမ္မတဦးသိန်းစိန်အား အတည်ပြု ပြောကြား ခဲ့သည်။ ယင်းမှာ ယခင်ဂျပန်အစိုးရ၏ ကတိက၀တ်အပေါ် ထပ်မံအတည်ပြုခြင်း ဖြစ်သည်။

“ပြည်ပကြွေးမြီပြဿနာ ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍအတွက် မြန်မာနိုင်ငံက အရမ်းကို ကျေးဇူးတင်နေ ပါတယ်။ ကျွန်တော်ကျေနပ်ပါတယ်” ဟု မစ္စတာတာရိုအာဆိုက သတင်းထောက်များအား ပြောကြား သည်။

“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ် ချက်က ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်”ဟု သီလ၀ါ ဆိပ်ကမ်းသို့ လည်ပတ်စဉ် ဂျပန်ဘဏ္ဍာရေးဝန်ကြီးတာရိုအာဆိုက ပြောကြားသည်။ ကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် ၂၄၀၀ ဟက်တာ (ဧက ၅၉၀၀ ကျော်) ကျယ်ဝန်းသော အထူးစီးပွားရေးဇုန်မှာ ဂျပန်-မြန်မာ ဆက်ဆံရေး၏ အဓိကအစိတ်အပိုင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေအား ယမန်နှစ်အတွင်း ပြဋ္ဌာန်းပြီးနောက် အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ ဥပဒေများကို ပြန်လည်ပြင်ဆင်နေဆဲဖြစ်သည်။ သီလ၀ါ ဆိပ်ကမ်းကြောင့် အလုပ်အကိုင်ရှားပါေးသာ နိုင်ငံတွင် အလုပ်အကိုင်အခွင့်အရေးများ ရရှိလာမည်ဟု မြန်မာနိုင် ငံမှအရာရှိများက မျှော်လင့်ထားသည်။

ဂျပန်-မြန်မာ အစည်းအရုံး၏ စီနီယာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ မစ္စတာတာရိုအာဆိုက နောက်ပိုင်းတွင် ၎င်းနှင့် အတူ ခရီးသွားနေသော သတင်းထောက်များအား “ငါတို့ ကားနဲ့လျှောက်မောင်းနေတာ ကောင်း ကင်မှာ မဟာဓာတ်အားလိုင်းတွေ မင်းတို့တွေ့မိလား။ ငါတော့ မတွေ့မိဘူး။ ဒီနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် မရှိဘူး။ တည်ငြိမ်တဲ့ ဓာတ်အားပေးပို့မှုဆိုတာ ဘယ်စီးပွားရေးလုပ်ငန်းအတွက်မဆို အရေးကြီး တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ကောင်းကွက်လေးများလည်း ၎င်းကရှာတွေ့ခဲ့သည်။ ရန်ကုန်မှာ ညအခါမှာပင် ဘေးကင်း လုံခြုံသည်။ ဂျပန်နိုင်ငံကဲ့သို့ပင် ဖြစ်သည်။ အရာရှိများက အစည်းအဝေးများအတွက် အချိန်ကိုက်ရောက် ရှိကြသည်။ ဂျပန်လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော နောက်တစ်ချက်ဖြစ်သည်။ 



From : 7day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်