Friday, January 25, 2013

ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ

Posted by drmyochit Friday, January 25, 2013, under | No comments




အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည် ကုလားရွာ အနီးတွင် ကုလားအုပ်စုတစ်စု၏ လုယက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရ ရှိသည်။


အဆိုပါ စက်လှေတွင် ဆန်အိတ် ၄၅ အိတ်ပါရှိပြီး စက်ဆရာ တစ်ဦးတည်း လိုက်ပါ ခုတ်မောင်း လာနေစဉ် စက်လှေပင်ကာ ပိုက်ကွန်တွင်မိ၍ စက်ရပ်သွားသည့်အချိန်တွင် လာရောက် တိုက်ခိုက် လုယက်ခြင်း ဖြစ်ကြောင်းသိရသည်။

" ကျောက်တော်မြို့ကို ဆန်တင်ပို့ဖို့အတွက် အပေါက်ဝကျေးရွာကနေ စက်လှေကို ခုတ်မောင်း လာတယ်။ ဂစ္စပနဒီတံတား နားကို ရောက်တာနဲ့ ပင်ကာက ရေမှာ ချထားတဲ့ ပိုက်မှာ ငြိမ့်သွားပြီးတော့ စက်ရပ်သွားတယ်။ ပင်ကာမှာ ငြိမ့်သွားတဲ့ ပိုက်ကို ဖြေဖို့ လုပ်နေတဲ့ အချိန်မှာ ပိုက်သည်ကုလားရွာက ကုလားအယောက် ၂၀ ခန့် ထွက်လာ ပြီးတော့ တိုက်ခိုက်ဖို့ လုပ်တယ်။ အဲဒီတော့ ကျနော်လည်း လွတ်ရာ လွတ်ကြောင်း ဆိုပြီးတော့ မြစ်ထဲကိုခုန်ဆင်းထွက်ပြေးလို့ လွတ်မြောက် လာပါတယ်။ " ဟု ထွက်ပြေး လွတ်မြောက် လာသည့် စက်ဆရာက ပြောသည်။
အဆိုပါ လုယက်ခြင်းခံရသည့် ဆန်များမှာ ကျောက်တော်မြို့ အပေါက်ဝကျေးရွာနေ ဦးအောင် သိန်း နှင့် ဒေါ်သိန်းနုရွှေတို့၏ ဆက်စက်မှ ဆန်များဖြစ်ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေး လွတ်မြောက် လာပြီးနောက် ဒေသ အာဏာပိုင် များ အကူ အညီဖြင့် အဆိုပါ စက်လှေအား လိုက်လံရှာဖွေရာ ကုလားတန်မြစ်ထဲတွင်တွေရှိခဲ့သော်လည်း ဘုတ်မှာ ပျက်စီးနေပြီး ဆန်အိတ်များ မရှိတော့ကြောင်း သိရသည်။

အဆိုပါ အခင်း အရာနှင့် ပတ်သက်၍ ဒေသခံ အာဏာ ပိုင်များက ဆက်လက် လိုက်လံ စုံစမ်းရာ ဇန္နဝါရီလ ၂၄ ရက်နေ့ တွင် ဆန်အိတ်များကို အဆိုပါပိုက်သည်ကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းရမိကြောင်း နောက်ဆုံး သတင်းပေးကြားချက်အရ သိရသည်။

ဆန်အိတ်များကိုကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းခဲ့သော်လည်း ဆန်အိတ် များကိုလု ယူထား သည့် ကုလားများအား အာဏာပိုင်များက တစ်စုံတစ်ရာ အရေး ယူဆောင်ရွက်ခြင်း များ မရှိသေးကြောင်း သိရသည်။

Arakan Times

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်