Friday, January 25, 2013

နိုင်ငံတကာသို့ မြန်မာအမျိုးသမီး အလုပ်သမားများကို စေလွှတ်ခွင့်ပေးထားပြီး ဖြစ်သော်လည်း အိမ်ဖော်နှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ပြုထားခြင်းမရှိ ယင်းလုပ်ငန်းနှစ်ခုကို ပုဂ္ဂလိက အေဂျင်စီမှ စေလွှတ်ရန် တင်ပြလာလျှင် ခွင့်ပြုမည်မဟုတ်ကြောင်း သိရ

Posted by drmyochit Friday, January 25, 2013, under | No comments



နိုင်ငံတကာသို့ မြန်မာအမျိုးသမီး အလုပ်သမားများကို စေလွှတ်ခွင့်ပေးထားပြီး ဖြစ်သော်လည်း အိမ်ဖော်နှင့် ဖျော်ဖြေရေးအလုပ်များတွင် လုပ်ကိုင်ခွင့်ပြုထားခြင်း မရှိဘဲ အဆိုပါအလုပ်နှစ်ခုကို ပုဂ္ဂလိက အေဂျင်စီများမှ စေလွတ်ရန် တင်ပြလာလျှင်လည်း ခွင့်ပြုမည်မဟုတ်ကြောင်း အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီး ဒုတိယ ညွှန်ကြားရေး မှုးချုပ် ဦးသက်နိုင်ဦးက ဇန်န၀ါရီ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်


မြန်မာအမျိုးသမီးများကို ပြည်ပသို့ အလုပ်သမားများ စေလွတ်ရာတွင် နိုင်ငံတော်အနေဖြင့် အိမ်ဖော်နှင့် ဖျော်ဖြေရေးအလုပ်များ၌ ယနေ့အချိန်အထိ တရားဝင်စေလွှတ်ထားခြင်း မရှိဘဲ တရားဝင်စေလွှတ်ရန်လည်း မရှိကြောင်း သိရသည်။

"ဒီအလုပ်တွေဟာ အမျိုးသမီးတွေအတွက် အန္တရာယ်များတယ်။ ပြည်ပက မြန်မာအမျိုးသမီးတွေကို ဖျော်ဖြေရေးနဲ့ အိမ်ဖော်လုပ်ရန်အတွက် ခေါ်စာတွေလာရင်လည်း လုံးဝမ လွှတ်ဘူး။ နိုင်ငံတော်အနေနဲ့ ကိုယ့်နိုင်ငံရဲ့ လူမျိုးသိက္ခာကိုလည်း ကြည့်ပါတယ်။ ဒီအလုပ် နှစ်ခုကိုတော့ စေလွှတ်မှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောပြသည်။

အိမ်ဖော်နှင့် ဖျော်ဖြေအလုပ်များကို လုပ်ကိုင်ခွင့်မပြုသော်လည်း ကျန်ရှိသော အလုပ်များကို စေလွှတ်ခွင့်ပြုထားကြောင်း၊ စေလွှတ်ရာတွင်လည်း သတ်မှတ်ချက် များရှိကြောင်း၊ လက်ရှိအချိန်တွင် ပြည်ပသို့ အမျိုးသမီးအလုပ်သမားများ တရားဝင်စတင် စေလွှတ် မှုများ ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

"မြန်မာအမျိုးသမီး လုပ်သားတွေကို တရားဝင်စေလွှတ်ခွင့် ပေးထားတယ်။ သို့သော် အဲဒီအလုပ်သမားတွေကို ဖျော်ဖြေရေးနဲ့ အိမ်ဖော်လုပ်ငန်းတွေ မဖြစ်ရဘူး။ မြန်မာအမျိုး သမီးလုပ် သား သွားပြီးလုပ်ကိုင်ရင် ဟိုမှာအနည်းဆုံး ငါးဦးရှိရမယ်။ တစ်ကြိမ်သွားရင် အနည်း ဆုံး နှစ်ဦး ရှိရမယ်။ ဟိုမှာသွားပြီးဆုံရင် ငါးဦးရှိရမှာ ဖြစ်တယ်။ နှစ်ယောက်တည်း သွားခိုင်းလို့ မရဘူး။ အဲဒီစည်းကမ်းချက်နဲ့ အခု မလေးရှားကို အမျိုးသမီးအလုပ်သမားတွေ စတင်စေ လွတ်နေ ပါတယ်" ဟု အလုပ်သမား ညွန်ကြားမှု ဦးစီးဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင် ဦးက ပြောကြားခဲ့သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်