Friday, January 25, 2013

ပြည်ပရောက် ကချင်တိုင်းရင်းသား မြန်မာတွေ ကချင်ဒေသ စစ်ပြေးဒုက္ခသည် များကို အကြောင်းပြ၍ ကိုယ့်နိုင်ငံကို ဖွံ့ဖြိုး တိုးတက်လာမှာကို မလိုလားတာလား

Posted by drmyochit Friday, January 25, 2013, under | No comments


အခု မြင်ရတဲ့ ပုံတွေကတော့ တရုတ် ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒဖော်ထုတ်နေပုံ နဲ့ ဖြန့်ဝေတဲ့ သဘောထားထုတ်ပြန်ချက် ဖြစ်ပါတယ်။
စစ်မြေပြင် ကချင်ဒေသမှာ ဒုက္ခသည် တသိန်းကျော် ရှိလာတဲ့အထိ အခြေအနေ ဆိုးရွား နေပြီလို့ ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် ကချင်တိုင်းရင်းသားတွေက ပြောလိုက် ပါတယ်။
ချင်းမိုင်မှာ ရှိကြတဲ့ တရုတ်၊ အမေရိကန် ကောင်စစ် ၀န်ရုံးများရှေ့ ဆန္ဒပြစဉ်မှာ ဖြန့်ဝေတဲ့ ကြေညာ ချက်မှာ အဲဒီလို ရေးထားတာပါ။

ဒုက္ခသည် တွေကို အကူ အညီပေးဖို့၊ ကချင် ဒေသ အရေးကို ကုလ သမဂ္ဂ အထွေထွေ ညီလာ ခံမှာ ဆွေးနွေးကြဖို့ အမေရိကန် အစိုးရကို တိုက်တွန်းကြောင်း ကြေညာချက်က ဆိုပါ တယ်။
"မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျော့ပေးခြင်းကို ပြန်လည် သုံးသပ်၍ အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ရန်"လည်း အမေရိကန် အစိုးရကို တောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံရောက် ဒုက္ခသည် များအတွက် UNHCR ရုံးဖွင့်ပြီး အကူအညီပေးခွင့်ရဖို့ တရုတ် အစိုးရကို တိုက်တွန်းပါလို့လည်း တောင်းဆိုထားပါတယ်။

(ဧရာဝတီ Blog)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်