Sunday, February 03, 2013

ပုဂ္ဂလိက အာမခံကုမ္ပဏီ သုံးခု မတည်ငွေ သွင်းပြီး ဟုဆို

Posted by drmyochit Sunday, February 03, 2013, under | No comments

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း အပါ အဝင် ကုမ္ပဏီ သုံးခုက ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ရန် မတည် ရင်းနှီးငွေ ပေး သွင်းပြီး ဖြစ်ကြောင်း မြန် မာ့ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက The Voice Weekly သို့ ပြောကြား သည်။

ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သည့် ကုမ္ပဏီ ၁၂ ခုတွင် မြန်မာ့ စီးပွားရေး ကော်ပိုရေး ရှင်း ပိုင် အောင်သစ္စာဦး အာမခံ ကုမ္ပဏီ လီမိတက်၊ အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီ လီမိတက် တို့နှင့် Grand Guardian Insurance Public Co., Ltd. တို့က မြန်မာ့ စီးပွားရေးဘဏ်၊ ဘဏ်ခွဲ ၄ တွင် မတည် ရင်းနှီးငွေ ပေးသွင်းထားပြီး အခြားကုမ္ပဏီ များ၏ ပြင်ဆင်နေမှု များကိုလည်း အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ က စောင့်ကြည့်လျက် ရှိကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌ တာဝန် ယူထားသူ ဦးအေးမင်းသိန်းက ဆို သည်။

ကုမ္ပဏီများ အဆင်သင့် ဖြစ်ပါက လုပ်ငန်းလိုင်စင် စတင် ချထားပေးမည် ဖြစ်ပြီး လိုင်စင် ထုတ်ပြီး တစ်နှစ် အတွင်း လုပ်ငန်း လည်ပတ်နိုင်ခြင်း မရှိပါက ဥပဒေ အရ လိုင်စင် သိမ်းနိုင် သော်လည်း သတိပေး အကြောင်းကြား သည့် ပုံစံ မျိုးသာ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေး မှူး က ရှင်းပြသည်။

"ဝန်ထမ်းတွေတော့ အဆင်သင့် ဖြစ်နေပါပြီ" ဟု နိုင်ငံသား စီးပွားရေး အာမခံ အများပိုင် လီမိတက် အမည်ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသော သမဝါယမ ဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့်က ၎င်းတို့၏ ပြင်ဆင် ထားမှုကို ပြောကြားသည်။

အသက် အာမခံလုပ်ငန်း လုပ်ကိုင်မည် ဆိုပါက မတည် ရင်းနှီးငွေ ကျပ်သန်း ခြောက်ထောင် ပေးသွင်း ရမည် ဖြစ်ပြီး အသက် အာမခံနှင့် အထွေထွေ အာမခံအတွက် ကျပ်သန်း လေးသောင်းခြောက်ထောင် မတည် ရင်းနှီးငွေ ပေးသွင်း ရမည် ဖြစ်ကာ အဆိုပါ မတည် ရင်းနှီးငွေ များထဲမှ ၆၀ ရာခိုင်နှုန်း ကို လုပ်ငန်း လည်ပတ်ရန် သုံးစွဲခြင်း၊ ၃၀ ရာခိုင်နှုန်းကို ငွေတိုက် စာချုပ် ဝယ်ယူခြင်း၊ ၁၀ ရာခိုင်နှုန်း ကို မြန်မာ့ စီးပွားရေး ဘဏ်၌ အာမခံကြေး အဖြစ် ထားရှိခြင်း တို့ ပြုလုပ်ရမည် ဖြစ်ကြောင်း အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က ကြေညာ ထားသည်။

အသက် အာမခံ လုပ်ငန်းကို ကုမ္ပဏီ သုံးခု၊ အသက် အာမခံနှင့် အထွေထွေ အာမခံ လုပ်ငန်းကို ကုမ္ပဏီ ကိုးခု က လုပ်ကိုင်ခွင့် ရရှိ ထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်