Sunday, February 03, 2013

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း လေပြင်းမုန်တိုင်း တိုက်ခတ်၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား

Posted by drmyochit Sunday, February 03, 2013, under | No comments

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ဇန်နဝါရီ ၃၁ ရက် နံနက် ၈ နာရီ မိနစ် ၂၀ အထိ နောင်ကျန်ကျေးရွာ အုပ်စုတွင် ရုတ်တရက် လေပြင်းမုန်တိုင်းများ တိုက်ခတ်၍ မိုးသီးများ ရွာသွန်းမှုကြောင့် နေအိမ် ၃၁ လုံး ပြိုကျပျက်စီးပြီး ကိုးလုံး အမိုးလှန်ကျ ပျက်စီး၍ စုစုပေါင်း အိမ် ၄၀ ပြိုကျ ပျက်စီးခဲ့သည့်အပြင် နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ ဘုရင်ညီကျေးရွာအုပ်စု ကော့ရင်း၊ နောင်ကျန် ကျေးရွာများမှ လယ်ဧကပေါင်း ၁၅၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ပြီး အောက်ကော့ရင်း ကျေးရွာအုပ်စုမှ ခမိန်ဒို အရှေ့ကွင်း၊ သကြားဟင်းအိုးကွင်းရှိ ကောက်ပဲသီးနှံ လယ်ကွင်းစပါး ၁၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
 
နောင်ကျန်ကျေးရွာရှိ မုန်တိုင်းလေလမ်းကြောင်း တည့်နေသော ခုနစ်နှစ်အရွယ်ရှိ ရောဘာခြစ်ပင် ဧက ၂၀ ခန့် ဘုန်းကြီးကျောင်း တစ်ကျောင်း၏ အမိုးဝရန်တာများ ထိခိုက်ပြိုကျ ပျက်စီးသည့်အပြင် အထက်ကော့ ရင်းအုပ်စုမှ ကော့မှူးသီးကျေးရွာတွင် မူလတန်းကျောင်းလည်း သစ်ပင်ပြိုကျသဖြင့် စာသင်ဆောင်တချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ 
 
ပျက်စီးဆုံးရှုံးသော နေရာဌာနများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၊ ဒေသခံ တပ်ရင်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ သံလွင် အနောက်ဘက် မာဃလူမှုကူညီရေး အသင်းအဖွဲ့ များက ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီဆောင် ရွက်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက လတ်တလော ပြိုကျပျက်စီးသော နေအိမ်များကို သက်ငယ်ပျစ် ၁၀၀ နှင့် တစ်အိမ်ထောင်လျှင် ဆန်ရှစ်ပြည်နှုန်း ကူညီပံ့ပိုးခဲ့သဖြင့် နေအိမ်နှင့် ပြန်လည် တည်ဆောက်ရေး အတွက် ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်