ကျွန်တော်တို့နိုင်ငံဟာ အခုအချိန် မှာ လူထုလူတန်းစားအလွှာအသီးသီးပါ ၀င်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်း မှု ဖြစ် စဉ်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ လစ် ဘရယ်လိုက်ဇေးရှင်း (တင်းကျပ်မှုများ ကို ဖြေ
လျှော့ခြင်း)ဆိုတဲ့ အဆင့်အောက် ကနေ ရုန်းထကြိုးစားနေကြတဲ့အချိန် ဖြစ်ပါတယ်။ လစ်ဘရယ် လိုက်ဇေး ရှင်းဆို တာ ဒီမိုကရက်တိုက်ဇေးရှင်းရဲ့ ဒုတိယ အဆင့်ဖြစ်ပါတယ်။ ၂၀၁၀ မှာ တက်လာ တဲ့အရပ်သား အစိုးရ ဟာ ဆိုရှယ်ပေါ် လစ်တစ်(လူထုအခြေပြုနိုင်ငံရေး)ကို တဖြည်းဖြည်းချင်း လမ်းဖွင့်ပေးခဲ့တယ် ဆိုတာ ကိုတော့ ကျွန်တော်တို့ငြင်းလို့မရ ပါဘူး။ ဒါပေမဲ့ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးတွေ ဘယ်လိုပဲ ပွင့်ပွင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ပါဝါပေါ် လစ်တစ်ကိုတော့ မျက်စောင်းတောင် မခဲလေနဲ့၊ ကုပ်ပေါ်ဓားဝဲသွားမယ်ဆို သလို ပိုင်ပိုင်စွဲမြဲဆုပ်ကိုင်ထားဆဲဖြစ်ပါ တယ်။ လွှတ်တော်လေ သံနဲ့ပြောရရင် အစီအစဉ်ရှိပါသလား၊ မရှိပါပေါ့ဗျာ။ ဒါကိုပဲ ရန်သူမျိုးငါးပါးဘေးနဲ့ ယဉ်ပါးပြီး သား ကျွန်တော်တို့ပြည်သူတွေကလည်း ပုံပြင်ထဲက ကုလားအုတ်ထုံးနှလုံးမူလို့ တဖြည်းဖြည်း တိုးဝင်နေ ရတာပေါ့။
စစ်အာဏာရှင်အုပ်ချုပ်ရေးဆိုတဲ့ ဖျာစုတ်ကြီးကတော့ လှန်လိုက်ပါပြီ။ ဖျာ စုတ်ကြီးအောက်က အနှစ်နှစ် အလလ အဖိနှိပ် ခံခဲ့ရလို့ငြိမ်ကုပ်နေ ခဲ့ရတဲ့ ပိုး ကောင်မွှားကောင်လေးတွေဟာ ၀မ်းသာ အားရနဲ့ ဟိုဒီပြေး လွှားဆော့ ကစားကြ တာကတော့ မဆန်းပါဘူး။ တချို့လည်း အမှောင်ထုကြီး ရုတ်တရက်ဖယ်ရှား လိုက်လို့ လင်းထိန် သွားလေတော့ မှင် တက်ကြောင်ငေးနေမိကြသေးတာပေါ့။ ပရဟိတအဖွဲ့အစည်းတွေနဲ့ အသင်း အဖွဲ့ အမျိုးမျိုး၊ သမဂ္ဂ အမျိုးမျိုး၊ ကွန်ရက်အဖုံ ဖုံဟာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နဲ့ တရားမျှ တမှုကာ ကွယ်စောင့်ရှောက် ရေးခေါင်းစဉ်တွေအစုံစုံနဲ့ အက်တစ်ဗစ် တက်ကြွလှုပ်ရှားသူတွေဟာ လူထုကြား မှာ မြေသင်း နံ့ရှူရင်း မအားမလပ်နိုင် အောင် လှုပ်ရှားကြရတော့တာပါပဲ။ လှုပ် ရှားစရာ အရေးတွေ ကလည်း တစ်ခုပြီး တစ်ခု (မြစ်ဆုံ၊ ရခိုင်၊ ကချင်၊ လက်ပံ တောင်း၊ မြေသိမ်းယာသိမ်း၊ အလုပ်ခွင် မတရား မှုများ ကနေ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ပြန်လည်ပေါ်ထွန်း ရေးအထိ) အပြိုင်း အရိုင်းဖြစ် ထွန်းနေ သလို အာဏာရှင်စနစ်ဆိုးရဲ့ အမွေခံ တွေကလည်း တရားသူကြီးကနေ ရပ် ကွက်အုပ် ချုပ်ရေးမှူး အထိ ခေါက်ရိုးကျိုး နေခဲ့တဲ့ စရိုက်ဆိုးတွေနဲ့ အထက်ဖား အောက်ဖိ ခသုံးလုံး စစ်စတမ်တွေ သုံးပြီး ပျော်ပျော်ကြီး အဂတိ လိုက်စားနေကြ သေးတာ ဆိုတော့ ရွှေပြည်တော် ကတော့ မျှော်တိုင်းဝေးနေ ရသေး တာပါပဲ။
ဘယ်လောက်ပဲဝေးဝေး မိုင်တစ် ထောင်ခရီး အစခြေတစ်လှမ်း ကဆိုသ လို တောင်ကြီး ဖ၀ါးအောက် စိတ်ဓာတ် နဲ့ မောင်ကြီး အလျားမှောက်ခဲ့ ရတဲ့အ မှုတွေ တစ်ခုပြီးတစ်ခု ဆွဲထုတ်နေကြရ မှာပဲလေ။ ကျွန်တော် တို့ အရပ် ဘက်အဖွဲ့ အစည်း ခေါင်းဆောင်တွေ ကတော့ တကယ်ကို ကိုယ်ကျိုးစွန့်အနာခံ သတိ္တ ရှိနေကြ တာ အမှန်ပါပဲ။ တရားဥပဒေစိုးမိုးရေးကို စိန် ခေါ်နေမှုများအပေါ် စီးရီးဆွဲနေတဲ့ ကုန် ဈေးနှုန်းကိုထင်ကျော်ခရိုနီအထိုးခံရ တယ်။ ဟောပြီးတော့ အချက်မသိတော့ သမက် သူခိုးထင် ဆိုသလို အထိုး ခံရတဲ့ သူကိုပဲ တရားစွဲတာခံရတယ် (ကိုထင် ကျော်ကစွဲထားတဲ့အမှုကျတော့ စက္ကူ မ၀ယ် မရသေး လို့ထင်ရဲ့၊ တရားရုံး မတင်ရ သေးဘူး)၊ ကိုအောင်စိုး၊ ကိုဝေဠု၊ မနော်အုန်းလှနဲ့ ကိုနေမျိုးဇင်၊ ကိုမိုးသွေး၊ ကိုဒီငြိမ်းလင်းတို့လည်း ပုဒ်မပုဒ်ထီး အမျိုးမျိုးတပ်ပြီး တရားရုံးတွေသွားရလွန်း လို့ ထီးဖြူ ဖိနပ်ပါး ကားတိုက်သေအောင် အမှုတွေ အများကြီးစွဲပြီး အညှဉ်းခံနေရ တယ်။
ကချင်ဒေသငြိမ်းချမ်းရေးအေ့ရှူး ကြီးကလည်း ပေါက်ပင်ဘာကြောင့်ကိုင်း ရတယ်၊ ဗျိုင်းနား လို့ကိုင်း ရတယ် ဆိုပေမဲ့ ငါ့ဝမ်းပူဆာမနေသာလို့ဆိုတဲ့တရားကိုယ် ကို တွေ့နေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကချင်ဒေသ ခံလူ ထုတွေကို ကယ်တင်ဖို့ အတွက် တိုင်းရင်းသားပြည်သူတစ်ရပ် လုံးမှာ တာဝန်ရှိတယ် ဆိုတဲ့အ သိကို ရင်မှာပိုက်ပြီး အခုဆိုရင် လူငယ်လေး တွေ ငြိမ်းချမ်းရေးအလံတစ်ချောင်းနဲ့ မိုင် ပေါင်းရှစ်ရာခြေလျင်ခရီးရှည်ကြီး ချီတက် နေကြရှာတယ်။ ဒီလူငယ်လေးတွေဟာ တိုင်းပြည်ငြိမ်း ချမ်းဖို့ ဆိုရင် ရင်ဘတ်တွေနဲ့ တံတိုင်းခင်းဖို့ မိုင်းနင်းမှာလည်းမကြောက် တော့ဘူး။ ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖက် စလုံး ကတော့ ကချင်ပြည်သူတွေရဲ့ မျက် ရည်စီးကြောင်းတွေပေါ် စစ်ဖိနပ်တွေနဲ့ ကိုယ်စီ နင်းပြီး သေနတ်မောင်းတွေ တင် နေကြတုန်းပါပဲ။ ဗုဒ္ဓဘာသာနဲ့ အာဏာ ရှင်စနစ် ဆယ်စုနှစ်များစွာ ဒွန်တွဲရှိ ခဲ့တဲ့ နိုင်ငံမှာအာဏာရှင်စနစ်ဆိုတဲ့ ဖျာစုတ် ကြီးလှန်ခဲ့ပြီဆိုပေမဲ့ ဆိတ်ခေါင်းချိတ် ပြီး ခွေးသားရောင်းနေ တာများလားဆိုတဲ့ သံသယတွေဟာ နိုင်ငံရေးနိုးကြားမှုရှိ လာတဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ တဖြည်းဖြည်း ခိုင်မာရင့်သန်လာကြတာကို ကြားသိတွေ့မြင်နေရပါတယ်။
နိုင်ငံ သားတိုင်းရဲ့ အခြေခံရပိုင်ခွင့်တွေ၊ လွတ် လပ်ခွင့်တွေ၊ အသင်းအပင်းဖွဲ့စည်းခွင့် တွေနဲ့ မွေးရာပါ လူ့အခွင့် အရေးတွေ ဟာ နိုင်ငံတကာစံတွေနဲ့ တိုင်းထွာရင် ဆီနဲ့ ရေ၊ တီနဲ့မြွေ လိုကွာခြားနေလေ
တော့ ကောက်ကောက်ထဲမှာ ဖြောင့်ဖြောင့်ရှာ၊ ခပ်ကွေးကွေးဟာ အဖြောင့်ဆုံးပဲဆိုတဲ့ တင်းတိမ်ရောင့် ရဲမှုစိတ် ဓာတ်တွေ မွေးဖို့ မင်္ဂလသုတ်ကို နည်းနည်းဆွေးနွေးရဦး မယ်ထင်တယ်။ အစိုးရလို့ခေါ်တဲ့ ပြည် သူ့ကျွန် အကြီးစားတွေ ထဲက “မီးပျက်ရင် ဖယောင်းတိုင်ထွန်းနေပေါ့” သဘော ထားတင်းမာသူတစ်စုရဲ့ စိတ်ဓာတ်တွေ ဟာ လက်နဲ့ဆွဲဖွင့်စရာမလိုဘဲ တံခါးရှေ့ ရပ်လိုက်ရုံနဲ့ အလိုအလျောက် ပွင့်နိုင်တဲ့ စလိုက်တံ ခါးတစ်ချပ်တော့မဟုတ်ပေဘူး။
ကဲ အဲဒီတော့ ကျွန်တော်တို့အား လုံး ဘုံရည်မှန်းချက်ကိုပဲ အမိအရ ဖမ်း ဆုပ်ထားရပါတော့မယ်။ လွှတ်တော် ထဲ မှာ ဓာတ်ပုံအရိုက်ခံနေရရှာတဲ့ ဒီမိုက ရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်ကို ၀န်းရံဖေး မပြီး ပြည်ကို ဝေစည်အလှတိုးစေဖို့ ဒီမိုကရေစီဘ၀ တစ်ချိုးမှာဖြင့် အသစ် အကြံတွေ အဖြစ် မြန်ပြီး အနှစ် ကျန်ကာ အစစ်အမှန်ရ အောင်ပ (စနစ်ဆိုးကြီးရဲ့ ပုံရိပ်မှန်သမျှ ကို ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ရေး ကမ်ပိန်း အမျိုးမျိုးနဲ့) အမြစ်လှန်ကြမှဖြစ်ပါတော့ မယ်။ ကျွန်တော်လည်း ဖျာစုတ်ကြီး အောက်က ပိုးကောင်လေး တစ်ကောင် ပါပဲဗျာ။
ဝီရအောင်
0 comments:
Post a Comment