ဘူးသီးတောင်မြို့ သင်္ဘောဆိပ်မြင်ကွင်းရခိုင်ပြည်နယ်
ဘူးသီးတောင် မြို့ နယ် ဓမ္မ မဏ္ဍိုင်
ကျောင်းတိုက် အတွင်း တရား ထိုင်နေသော ဦးပညာ သီရိအား မူဆလင်ဘာ သာဝင် ဘင်္ဂ လီသုံးဦးမှ
ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားသဖြင့် အဆိုပါ တရားခံ သုံးဦးအား ဘူးသီးတောင် ရဲစခန်းမှ
ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။
ပုဇွန်ချောင်း ကျေးရွာမှ ကာမာလ်(၂၂)
ဟာမတ်တူ ဆောင်း(၂၀)နှင့် အီနူးဆ်(၁၉) နှစ်တို့မှာ မတ်လ(၂၈) နေ့ ညနေ(၇) နာရီခွဲ အချိန်ခန့်တွင်
ဓမ္မမဏ္ဍိုင်ကျောင်းတိုက်သို့ ဝင်ရောက် လာပြီး ဦးပညာသီရိ တရား ထိုင်နေ စဉ် ဆေးလိပ် မီးတောင်းရာ
စကားပြန် မပြော သဖြင့် ဆရာတော်၏ ပါးအား တအား လွှဲရိုက်လိုက် ခဲ့ကြောင်း သိရသည်။
ဆရာတော် လဲကျ သွားခိုက် ကျောင်းတိုက်မှ
တခြား ကိုယ်တော် တကာများ ထွက်လာစဉ် အဆိုပါ ကုလား များ ထွက်ပြေး သွားပြီး ဆရာတော်ပါး
ပြင်ပေါ်ဝယ် ညိုမဲ နေသော လက်ဝါးရာ ကို မြင်တွေ့ ကြသော တကာများ မှ သက်ဆိုင်ရာသို့ တိုင်ကြား
ခဲ့ကြောင်း သိရသည်။
ဦးပညာ သီရိမှာ သက်တော်(၃၅)နှစ် သိက္ခါတော်(၁၀)ဝါ
ရှိပြီး ဓမ္မ မဏ္ဍိုင် ကျောင်းတိုက်တွင် သီတင်း သုံးနေသော သံဃာတော် တစ်ပါး ဖြစ်သည်။
ဦးပညာ သီရိအား စော်ကားသော သတင်းမှာ
ဘူးသီးတောင်မြို့ သူမြို့သား များထံ ချက်ချင်း ပြန့်နှံ့ သွားသောကြောင့် ဘူးသီးတောင်
ရဲတပ်ဖွဲ့ဝင် များမှ အချိန်မှီ ဆူပူမှု မဖြစ်ရန် ရပ်မိ ရပ်ဖများကို တားမြစ် ခဲ့ကြောင်း
ဘူးသီးတောင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
" သတင်း ကြားတာနဲ့ ဒေါ်သ ထွက်ကြ
တာပေါ့ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင် အမျိုးသား ဗုဒ္ဓဘာ သာဝင် တွေကို အတတ်နိုင်ဆုံး
တားကြ တာပေါ့ ၊ဥပဒေနဲ့ အညီ ဘူးသီးတောင် ပြည်သူ့ ရဲတွေက တာဝန် ကျေပါတယ် မကြာခင် တရားခ
ံတွေကို ဖမ်းမိပြီလို့ ရဲက အတည်ပြု ပြောပါတယ်။ " ဟု ဘူးသီးတောင်မှ ရခိုင် လူငယ်
တစ်ဦး က ပြော ပါသည်။
ဖမ်းဆီး ရမိ ထားသော တရားခံ မူဆလင် ဘာသာဝင်
ဘင်္ဂလီ သုံးဦးမှာ ငယ်ငယ် ကတည်းက အဆို ပါ ကျောင်းနှင့် ရင်းနှီးမှု ရှိနေပြီး မူဆလင်
ဘာသာဝင် ဘင်္ဂလီ ငယ်များ မမြဲတမ်း ဝင်ထွက် သွားလာ နေကြပြီး ဆရာတော် များဖြင့် ရင်းနှီး
နေကြကြောင်း သိရသည်။
ဆရာတော်အား ကိုယ်ထိ ကာယ ကျူးလွန် သည်မှာ
မှန်ကန်ကြောင်းကို တရား ခံများ ထွက်ဆို ထားသဖြင့် တရား ဥပဒေ အရ ပုဒ်မ(၄၅၂)၊ သာသနာကို
အကြည်ညို ပျက်စေမှု ပုဒ်မ (၂၉၅) တပ်ကာ ရဲ စွဲချက်တင် မည်ဟု ဘူးသီးတောင် ရဲတပ်သား တစ်ဦးက
အတည်ပြု ပြောကြား ခဲ့သည်။
From:The Arakan Times
Time in Rangoon


1 comments:
Take action by penal code section-323 too.
Post a Comment