Wednesday, March 27, 2013

ရွှေလီ တွေ့ဆုံမှု နောက်ပိုင်းက ကချင်နဲ့ အစိုးရ တပ်တို့၏ စစ်ရေး အခြေအနေ

Posted by drmyochit Wednesday, March 27, 2013, under | No comments

ကချင် လွတ်လပ် ရေး အဖွဲ့နှင့် အစိုးရ ကိုယ်စား လှယ်တို့ ရွှေလီ မြို့၌ ယခုလ (၁၁) ရက်နေ့ ဒုတိယ အကြိမ် တွေ့ ဆုံ ဆွေးနွေး ခဲ့ ကြပြီး နောက် ပိုင်းတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လက်အောက် ခံ တပ်မဟာ (၅) ခု ရှိသည့် အနက် (၃) ခု တို့၌ အစိုးရ တပ်များနှင့် စစ်ရေး အခြေ အနေ မှာ တည်ငြိမ် မှု မရသေးပဲ တိုက်ပွဲများ ဖြစ်ပွား နေဆဲ ရှိသည်ဟု သိရှိ ရပါသည်။

နောက်ဆုံး အနေဖြင့် ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့ နံနက် ပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရ ဦးလနန်းက ပြောပါသည်။

“ကွတ်ခိုင် မြို့နယ်မှာ ရှိတဲ့ ကျနော်တို့ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၇) ကို အစိုးရ ပူးပေါင်း စစ်ကြောင်း သုံးကြောင်းနဲ့ နံနက် ၆ နာရီမှာ လာရောက် တိုက်ခိုက် ခဲ့တာပါ” ဟု ဦးလနန်းမှ ဆိုပါသည်။

အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၉၀၊ ခလရ ၁၄၅၊ ခလရ ၁၇၊ ခမရ ၃၂၃ တပ်ဖွဲ့ တို့က စစ်ကြောင်း (၃) ကြောင်း ဖွဲ့စည်းပြီး ချီတက် တိုက်ခိုက် ခဲ့သည်ဟု KIA က ဆိုပါသည်။

မတ်လ (၂၅) ရက်နေ့ နံနက် (၆) နာရီ အချိန် မှသည် မွန်လွဲပိုင်း အထိ တစ်ကြိမ် နှင့် ညနေ ၅ နာရီ ၄၅ မိနစ် ခန့်တွင် တစ်ကြိမ် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့သည်။

မတ်လ (၂၄) ရက်နေ့တွင် နားတီး- မာန်ကန်ရွာ အနီးရှိ KIA တပ်ရင်း (၁၇) တပ်စခန်းသို့ ထို ခမရ ပူးပေါင်း စစ်ကြောင်း သုံးကြောင်း တို့က ပန်ရှော် မှ တစ်ကြောင်း၊ မန်လွန် မှ တစ်ကြောင်းနှင့် တပ်ရင်း (၁၇) စခန်း၏ တောင်ဘက်မှ တစ်ကြောင်း အသီးသီး သုံးဘက် သုံးတန် ဖြင့် ညနေ ၃ နာရီခွဲ အချိန်တွင် ထိုးစစ်ဆင် ဝိုင်းရံ ထားခဲ့သည်။ ထို့နောက်မှ KIA တပ်ရင်း (၁၇) တပ်ဖွဲ့ တို့သည် တပ်ဖြန့်ပြီး ပြန်လည် ခုခံ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း ဦးလနန်း က ဆိုပါသည်။ မတ်လ (၂၃) ရက်နေ့ တွင်လည်း တစ်ကြိမ် တိုက်ပွဲငယ် ဖြစ်ပွား ခဲ့ပါသေးသည်။

“ကျနော်တို့ တပ်ဖွဲ့ရှိတဲ့ နေရာကို စစ်ကြောင်းနဲ့ ချဉ်းကပ် လာမှတော့ ကျနော်တို့ ဘက်က ပြန်လည် ခုခံတိုက်ခိုက် ရတဲ့အဆင့် ရောက် လာတော့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ရတယ်။ ဒီနေ့ (မတ် ၂၆) ရက်နေ့ အတွက် ကတော့ သတင်းက မရောက်လာ သေးတော့ အခြေအနေများ မသိရ သေးဘူး” ဟု ဦးလနန်းမှ ဆိုပါသည်။

KIA တပ်မဟာ (၁) ပန်ဝါ ဒေသ ဘက်တွင် လည်း KIA တပ်စခန်းကို ဖြတ်သန်းပြီး ပန်ဝါ - ဂန့်ဂွင်း ကို အစိုးရ၏ တပ်မ (၈၈) လက် အောက်ခံ စစ်ကြောင်းတို့က လမ်းဖောက် လာခဲ့ကြောင်း၊ KIA ဘက်မှ စစ်ပြေငြိမ်းရေး မရရှိ သေးသည့် ကာလ ဖြစ်သောကြောင့် ပန်ဝါမှ ဂန့်ဂွင်းသို့ သွားနိုင်သည့် အခြား လမ်းတစ်လမ်းမှ ဖြတ်သန်း ဖောက်လုပ်ရန် အစိုးရတပ်အား အကြောင်းကြား ထားခဲ့သည်။

သို့သော် အစိုးရ စစ်ကြောင်းသည် KIA တပ်စခန်း ရှိနေသည့် လမ်းကြောင်း အတိုင်းသာ ဆက်လက် ဖောက်လုပ် လာသဖြင့် KIA ထောင် ထားသည့် မိုင်းများ နင်းမိပြီး အစိုးရ တပ်ဖွဲ့မှ ထိခိုက် ဒဏ်ရာများ ရရှိ သွားခဲ့သည်ဟု ဆိုပါသည်။
အလားတူ ဖားကန့်-တနိုင်း၌ အခြေစိုက်သည့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) တပ်စခန်းကို ဖြတ်ကျော်ပြီး ဖားကန့်မှ တနိုင်းသို့ ခရိုင် ဆက်သွယ်ရေး လမ်းကြောင်း တကြောင်းလည်း ဖောက်လုပ် ခဲ့ပါသည်။

စစ်ပြေ ငြိမ်းရေး မရရှိ သေးသည့် ကာလနှင့် နှစ်ဖက် တပ်များ တိတိ ကျကျ နေရာ သတ်မှတ် ရသေးခြင်း မရှိသေး သဖြင့် အဆိုပါ လမ်းဖောက် နေခြင်းသည် ရပ်ဆိုင်း ထားရန် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က နိုင်ငံတော် လုံခြုံရေး ဝန်ကြီး ဦးအောင်မင်းထံ KIA က စာရေးသား ပေးပို့ ထားပါသည်။

သို့သော်လည်း မတ်လ (၂၀) ရက်နေ့တွင် အစိုးရ ခလရ ၁၄၁ မှ အင်အား (၈၀) ခန့်ဖြင့် KIA တပ်မဟာ (၂) တပ်ရင်း (၅) ကို တိုက်ခိုက်ရန် ချီတက် လာခဲ့သည်။ ဤသို့ကြောင့် တပ်စခန်း လုံခြုံရေး အတွက် KIA မှ ထောင်ထားသည့် မိုင်းများ နင်းမိကာ အရာရှိ ၂ ဦးနှင့် တပ်သား (၃) ဦး ပွဲချင်းပြီး သေဆုံး သွားခဲ့ သည်ဟု KIA ဘက်က ဆိုပါသည်။

ဤသည်မှာ KIA ၏ ထိန်းချုပ် နယ်မြေ တွင်းရှိ တပ်မဟာ (၅) ခုအနက် တပ်မဟာ (၃) ခုတို့၏ စစ်ရေး အခြေအနေ ဖြစ်ပြီး ကျန်သည့် တပ်မဟာ (၃) နှင့် တပ်မဟာ (၅) (လိုင်ဇာဂွင်) တို့တွင်မှု တည်ငြိမ် နေပါသည်။

KIO နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် ဖေဖော် ဝါရီလ (၄) ရက်နေ့တွင် တကြိမ်နှင့် မတ်လ (၁၁) ရက်နေ့ တွင် တကြိမ် တရုတ်နိုင်ငံ ရွှေလီ မြို့တွင် စစ်ပြေ ငြိမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ထိုဆွေးနွေးပွဲကြောင့် ကချင် ပြည်နယ် အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ကျ သွားခဲ့ သော်လည်း စစ်ရေး လှုပ်ရှားမှုများ တည်ငြိမ်မှု မရှိသေးဟု ဆိုနိုင်ပေသည်။
KIA တပ်မဟာ (၄) ဒေသသည် မတ်လ (၁၁) ရက်တွေ့ဆုံ ဆွေးနွေးပွဲ ပြီးနောက်တွင် မတ်လ (၂၅) ရက်နေ့ အထိ တိုက်ပွဲများ ဖြစ်ပွား နေပါသည်။

သို့သော်လည်း ဝန်ကြီး ဦးအောင်မင်းကမူ “လက်ရှိ ရရှိထားသည့် ငြိမ်းချမ်း ရေးကို ထာဝရ ငြိမ်းချမ်းရေး အဖြစ်သို့ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း” ယမာန် နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ၌ ကျင်းပသော Japan Platform အဖွဲ့နှင့် ငြိမ်းချမ်းရေး အတွက် အထောက်အပံ့ ပေးရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနား၌ ပြောကြားခဲ့ပါသည်။

 ( ရွှေင်္ဟသာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်