Wednesday, March 27, 2013

ရန်ကုန် အကြမ်း ဖက် လှုံ့ဆော်မှု ဖြစ်စဉ်တွင် နိုင်ငံရေး ပါတီဝင် အချို့ ပါဝင် ဟုဆို

Posted by drmyochit Wednesday, March 27, 2013, under | No comments

ရန်ကုန်မှာ လတ် တ လော ဖြစ် ပေါ် နေတဲ့ အကြမ် ဖက် မှု ဖြစ်အောင် လှုံ့ ဆော် နေတဲ့ ဖြစ် ရပ် တချို့မှာ အောက် ခြေ နိုင်ငံရေး ပါတီဝင် တချို့ ပါဝင် နေတာ တွေ့ ရတဲ့ အတွက် ပါတီ တွေ အ နေနဲ့ ထိန်း သိမ်း ပေးဖို့ ရန် ကုန်တိုင်း ၀န်ကြီး ချုပ်က ဒီနေ့ ပြော လိုက် ပါတယ်။


ရန်ကုန် အခြေ စိုက် နိုင်ငံရေး ပါတီ ခေါင်း ဆောင် တွေနဲ့ တွေ့ ဆုံ ပွဲမှာ ၀န် ကြီး ချုပ် ဦး မြင့် ဆွေ က အခု လို ပြောလိုက် တာ ဖြစ် ပြီး ဒီ ပြော ကြား ချက် အ ပေါ် အမျိုး သား ဒီ မို က ရေ စီ အဖွဲ့ ချုပ် အ နေနဲ့ သ ဘော တူ တယ် လို့ တွေ့ ဆုံ ပွဲ တက် ခဲ့တဲ့ အန် အယ်လ်ဒီ ဗဟို အလုပ် အမှု ဆောင် ဦးဥာဏ် ၀င်းက ပြော ပါတယ်။
 ဦးဥာဏ်ဝင်း
ဦး ဥာဏ် ၀င်းကို ဆက် သွယ် မေးမြန်း ထား ပါတယ်။

ရန် ကုန် တိုင်း ၀န် ကြီး ချုပ်နဲ့ ရန်ကုန် တိုင်း လုံခြုံ ရေး ၀န် ကြီး ဗိုလ် မှူး ကြီး တင်ဝင်း တို့ က တချို့ နေရာ တွေမှာ ရန် ကုန်မှာ အခု လတ် တ လော ဖြစ် ပျက် နေတဲ့ အဖြစ် အပျက် တွေမှာ အောက်ခြေ ပါတီဝင် တချို့ ပါတာ တွေ့ တယ်တဲ့။ ဘယ် ပါ တီ လဲ ဆို တာ မ ပြော ဘူး။ အဲ ဒါတွေ ထိန်း သိမ်း ပေးဖို့၊ လုံခြုံရေး ကိစ္စ ပူးပေါင်း ဆောင် ရွက်ဖို့။ အဲဒါ တွေ ပြော တယ်။ ကျ နော်တို့ ကလည်း ဒါကို သ ဘော တူ ပါ တယ်။ ကျနော် တို့ ဆီ က လုံခြုံ ရေး တွေ၊ ဌာန ဆိုင်ရာ တာ ၀န် ရှိ သူ တွေ၊ ရဲ တပ် ဖွဲ့ ရပ် မိ ရပ် ဖ တွေ နဲ့ ဒီ လို အဖြစ် အပျက် တွေ မကြီး ထွား လာအောင် ဆောင် ရွက် ကြဖို့ မနေ့ က တည်း က ညွှန် ကြား ချက် ထုတ် ပြီး သား ပါ။ ဒါတွေ ဆွေးနွေး ပါတယ်။ တခြား ပါတီ တွေက လည်း ဒီ ကိစ္စနဲ့ တိုက် ရိုက် မဆိုင် သော်လည်း စိတ်ဝင်စား တာလေး တွေ ဆွေး နွေး ကြ ပါ တယ်။

အခု ရန်ကုန် အနေ အထား ကရော ဘယ် လို ရှိ ပါလဲ။

ကျနော် နေရာ အနှံ့ တော့ မရောက် ဘူး။ ကျ နော် မြင် ရတဲ့ နေ ရာတော့ အေး ချမ်း သွားပြီ၊ အရင် ရက်တွေ လောက် စိုးရိမ် ပူ ပန် မှု နည်း သွား ပြီ။ မရှိ တော့ ဘူး။မနေ့ က ဘာ ကြေ ညာ ချက် ထုတ် ပြန် ထား တာ ပါ လဲ။

မနေ့ က ရန်ကုန် တိုင်း အ နေနဲ့ မြို့ နယ် တွေ ကို ညွှန် ကြားတယ်။ ဒီလို ကိစ္စ တွေမှာ မိမိနဲ့ မဆိုင် တာမှာ ပါဝင် ပတ်သက်မှု မရှိ ဖို့နဲ့ သက်ဆိုင်ရာ တာဝန် ရှိသူတွေ၊ ရပ်မိ ရပ်ဖ တွေနဲ့ သက် ဆိုင် ရာ ရဲ တပ် ဖွဲ့ နဲ့ ပူးပေါင်း ဆောင် ရွက် ဖို့ စာ ထုတ် တာ ပါ။

တွေ့ ဆုံ ပွဲမှာ မွတ် စလင် ပါတီ ၂ ပါ တီ က လည်း ဆွေး နွေး ကြ တယ် ပြောတယ်။ သူတို့ ရော ဘာ ဆွေး နွေး ဖြစ် ကြ လဲ။

သူတို့ ကတော့ သူတို့က တိုင်းရင်း သား ပါ ပဲ၊ နိုင်ငံ သား ပါပဲ။ ဘာ သာ မ တူ တာ ပဲ ရှိ တယ်။ ဖွဲ့ စည်းပုံ အခြေခံ ဥ ပဒေ အရ လည်း လွတ် လပ်စွာ ကိုး ကွယ် ခွင့် ရှိတယ်။ ဒါ တွေ ဆွေး နွေး တင် ပြ ပါ တယ်။
ဝန်ကြီးတွေ ပြော သွား တဲ့ အထဲ၊ လုံခြုံ ရေး ၀န်ကြီး တို့ ပြော သွား တဲ့ အထဲ ရန်ကုန် လုံခြုံ ရေး နဲ့ ပတ် သက် လို့ တင်ပြ သွား တာ မှာ စိတ် ကျေ နပ် မှု ရှိ လား။

လုံ ခြုံ ရေး အ တွက် ဘယ် လို စီ မံ ထား တယ် ဆို တာ တော့ မ ပြော ဘူး။ သို့ သော် လုံခြုံ ရေး အတွက် လုပ်နေ တယ်။ ရန် ကုန် ဟာ အရေး ကြီး တဲ့ နေ ရာ တ ခု ပဲ။ ရန် ကုန်မှာ ဖြစ် ခဲ့ရင် ကျန် တဲ့ နေ ရာ တွေ ကူး စက် လွယ် တယ် ပေါ့။ ဒါ ကြောင့် ရန် ကုန် မ ဖြစ် အောင် ကြိုး စား ဆောင် ရွက် နေ တယ် ဆိုတာ ပြော တယ်။

တခြား ဖြည့် စွက် ပြော လို တာ ရှိ ရင် ပြော ပေး ပါ။

အ ဓိ က က တော့ နိုင် ငံ ရေး ပါ တီ တွေ အား လုံး မီး ပွား ကနေ မီး မ လောင် အောင်၊ စိုးရိမ် ကြောင့် ကြ နေ ရ တဲ့ အ ဖြစ် တွေ မ ဖြစ် ရ အောင် ပူး ပေါင်း ပါ ၀င် ဖို့ ဖိတ် ခေါ် တဲ့ ပွဲလို့ ပြော ရင် ရ တယ်။

From : ..dvb

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်