Wednesday, March 27, 2013

စစ်ဘေး သင့် ဒေသမှ ကျည်ခွံများကို ဘုရား ဆင်းတုတော် သွန်းလောင်းမည်

Posted by drmyochit Wednesday, March 27, 2013, under | No comments


မတ်လ ၂၅ ရက် နေ့တွင် မြန်မာ နိုင်ငံ သတင်း စာ ဆရာ ကွန်ရက် ခန်းမ၌ ကျင်း ပသော လိုင်ဇာ ခရီးစဉ် အပြန် သတင်းစာ ရှင်းလင်း ပွဲ၌ ကို စည်သူ ၀င်း ခေါင်းဆောင်သည့် ရန်ကုန်၊ လိုင်ဇာလမ်း လျှောက်မစ် ရှင် အဖွဲ့မှ ၀ိုင်းမော်မြို့ မှ လိုင်ဇာသို့ ချီတက်ရာ လမ်းတစ် လျှောက်၌ ၎င်းတို့ ကောက်ယူ သိမ်း ဆည်း လာသည့် လက်နက်ကြီး လက်နက် ငယ် ကျည်ဆံ ခွံများ အား ဘာသာရေး အတွက် အကျိုး ရှိ ရှိ အသုံးပြု သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၎င်း လမ်းလျှောက် မစ်ရှင် အဖွဲ့ တွင် ပါဝင်သော ဦးဝင်းချိုမှ “ကျွန်တ်ာတို့ ၀ိုင်းမော် ကနေ လိုင်ဇာ ကို သွားတဲ့ လမ်း တစ် လျှောက် လုံး မှာ ပြန့် ကြဲ နေတဲ့ ကျည် ခွံတွေ အများ ကြီးတွေ့ ရတယ်။ ကျွန်တော် တို့ ဒီကျည်ခွံ တွေကို ဟိုဟို ဒီဒီလိုက် ကောက်တာ မဟုတ်ဘူး။ လမ်း လျှောက် ရင်းနဲ့ ခလုတ် တိုက်မိတဲ့ ဟာတွေပဲ ကောက် လာတာ၊ အဲဒီ ကောက် လာတဲ့ ကျည်ခွံ တွေ ကို လိုင် ဇာ မြို့က ဗုဒ္ဓ ဘာသာ ၀င် တွေရဲ့ ဆန္ဒ အရ ကျွန်တော် တို့ လမ်းလျှောက် မစ်ရှင် အဖွဲ့မှာ ပါဝင် တဲ့ ဆရာတော် အရှင် ပဏ္ဍိတ နန္ဒနဲ့ တိုင်ပင်ပြီး ဘုရား ဆင်း တုတော် ဖြစ်ဖြစ်၊ ဘုရား ပုလ္လင်တော် ဖြစ်ဖြစ် သွန်းလောင်းပြီး လှူဒါန်း သွားဖို့ စီစဉ် ထားတယ်”ဟု ၎င်း မှာ ပြော ကြား သည်။

ဝင်းကိုကို
The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်