Friday, May 24, 2013

မိန်းကလေးငယ်ကို အဓမ္မကျင့်ပြီး လက်ထပ်ခွင့်ရတဲ့အပေါ်မကျေနပ်ကြ

Posted by drmyochit Friday, May 24, 2013, under | No comments


မလေးရှားနိုင်ငံမှာ ​ရှာရီးယားလို့ခေါ်တဲ့ ​ဘာသာရေးတရားရုံးက ​အရွယ်ရောက်ပြီးသား ​အမျိုးသားတစ်ဦးနဲ့ ​၁၃ ​နှစ်အရွယ် ​မိန်းမငယ်လေးကို ​လပ်ထပ်ခွင့်ပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ​မလေးရှားနိုင် ငံ ​ရှေ့နေချုပ်က ​နိုင်ငံပြဌာန်းဥပဒေအရ ​အရေးယူနိုင်ဖို့ကြိုးပမ်းသွားမယ်လို့ ​ကတိပြုလိုက်ပါတယ်။

အသက် ​၄၀ ​အရွယ်အမျိုးသားဟာ ​၁၃ ​နှစ်အရွယ်မိန်းမငယ်လေးကို ​လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုနဲ့ ​ကနဦး ​စွဲချက်တင်ခံရပေမယ့် ​မိန်းမငယ်လေးကို ​အဆိုပါအမျိုးသားက ​လက်ထပ်လိုက်တဲ့အခါမှာတော့ ​အဓမ္မပြုကျင့်မှုစွဲဆိုချက်ကို ​ပလပ်ခဲ့ပါတယ်။

ဒါပေမယ့် ​အဓမ္မပြုကျင့်မှုထင်ရှားရင် ​ကျခံရမယ့် ​ထောင်ဒဏ်ကို ​ရှောင်ရှားချင်တဲ့အတွက် ​လပ်ထက်ထိမ်းမြားဖို့ ​ရှာရီးယားဘာသာရေးတရားရုံးမှာ ​လျောက်ထားခဲ့တာကို ​ရှာရီးယားတရားရုံးက ​ခွင့်ပြုခဲ့တဲ့အတွက် ​အဓမ္မမှုမမြောက်သယောင်ဖြစ်ပြီး ​ပြစ်ဒဏ်လွတ်ခဲ့ရတဲ့အပေါ် ​မကျေမနပ်ဝေဖန်သံတွေ ​ထွက်လာပြီးနောက်မှာ ​ရှေ့နေချုပ်က ​အခုလိုကတိပြုလိုက်တာဖြစ်ပါတယ်။

Sisters ​in ​Islam ​လို့ခေါ်တဲ့ ​လူမှုအဖွဲ့တဖွဲ့ကတော့ ​အဓမ္မပြုကျင့်သူဟာ ​ပြစ်ဒဏ်ရှောင်ရှားဖို့ ​သူအဓမ္မပြု ကျင့် ခဲ့တဲ့ ​အသက် မပြည့်သူ ​မိန်းမငယ်ကို ​လပ်ထပ်တာကို ​ရှာရီးယားရုံးက ​ခွင့်ပြုခဲ့တာအပေါ် ​အတော်လေးအမျက်ဒေါသထွက်ရတယ်လို့ ​ပြောလိုက်ပါတယ်။

အသက်မပြည့်သေးတဲ့သူတွေကို ​ကာကွယ်စောင့်ရှောက်ရမယ့်အစား ​အခုလို ​မလျော်မကန်လုပ်ခဲ့တာကို ​မနှစ်မြို့နိုင်ကြောင်းလည်း ​ပြောထားပြီး ​ရှာရီးယားတရားရုံးအနေနဲ့ ​တရားဆုံးဖြတ်မှုတွေမှာ ​ပွင့်လင်းမြင်သာရှိဖို့လိုနေတယ်လို့လည်း ​ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ​မွတ်စလင်မဟုတ်တဲ့သူတွေအတွက် ​လက်ထပ်ထိမ်းမြားနိုင်တဲ့ ​အသက်အရွယ်ဟာ ​၁၈ ​နှစ်အထက် ​ဖြစ်ပါတယ်။ ​မွတ်စလင် ​တွေအတွက်ကတော့ ​အမျိုးသားတွေအတွက် ​အသက် ​၁၈ ​နှစ်အထက်နဲ့ ​အမျိုးသမီးတွေအတွက် ​အသက် ​၁၆ ​နှစ်အထက်ရှိမှသာ ​တရားဝင်လက်ထပ်ထိမ်းမြားခွင့် ​ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ​ရှာရီးယားလို့ခေါ်တဲ့ ​အစ္စလာမ်ဘာသာရေးတရားရုံးကသာခွင့်ပြုရင် ​အသက်ပြည့်ပြီး ​အမျိုးသားတွေက ​အသက် ​၁၆ ​နှစ်မပြည့်သေးတဲ့ ​ငယ်ရွယ်သူ ​မိန်းမငယ်လေးတွေကို ​ကာမပိုင်အဖြစ် ​လက်ထပ်ပေါင်းသင်းနိုင်တယ်လို့ ​သိရပါတယ်။

From: ABC Radio

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်