Saturday, May 25, 2013

ဘူးသီးတောင်တွင် အသက် ၁၂ နှစ်ရွယ် မိန်းခလေး တစ်ဦးပျောက်ဆုံးနေ

Posted by drmyochit Saturday, May 25, 2013, under | No comments

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် အသက် (၁၂) နှစ်အရွယ် အမျိုးငယ် တစ်ဦး မေလ ၁၈ ရက်နေ့က စတင် ပျောက်ဆုံးသွားပြီး ယခု အချိန်ထိ ရှာဖွေ မတွေ့ရှိသေးကြောင်း သိရသည်။

“ ပျောက်တာက ဒီလ ၁၈ ရက်နေ့က နံနက် ၁၀ နာရီခန့်မှာပါ။ သူအမေနေအိမ်ကနေ အဖွားအိမ်ကို သွားတဲ့ လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်” ဟု ဘူးသီးတောင် ဒေသခံ ကိုသန်းနိုင်က ပြောသည်။

ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်မှ မမေဖြိုးဝင်းသည် မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင် ဈေးထဲတွင် ဟင်းသီးဟင်းရွက် ရောင်းနေသော မိခင်ဖြစ်သူအား တိုင်ကြားပြီး အဖွားရှိရာ အိုးတောင်စု ရပ်ကွက်သို့ သွားမည်ဟု ခွင့်တောင်းကာ နံနက် ၁၀ နာရီခန့်တွင် ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

မိခင် ဖြစ်သူမှ အဖွားဖြစ်သူထံသို့ ရောက်ရှိသွားပြီဟု ယူဆ၍ အေးအေးဆေးဆေး နေထိုင်နေပြီး ၂ ရက်ခန့် အကြာတွင် ဆက်သွယ်ရာ မမေဖြိုးဝင်းမှာ အဖွားဖြစ်သူထံ ရောက်ရှိခြင်း မရှိကြောင်း သိရသည်။

မိခင်ဖြစ်သူမှ မမေဖြိုးဝင်းပျောက်ဆုံးနေခြင်းကို သိရပြီးနောက် တစ်ခြားနေရာများသို့ သွားရောက် လိုက်လံ ရှာဖွေသော်လည်း မတွေ့ရှိဘဲ ပျောက်ဆုံးနေသဖြင့် ယခုလ ၂၁ ရက်နေ့က ဘူးသီးတောင်မြို့ ရဲစခန်သို့ သွားရောက် တိုင်ကြားခဲ့သည်ဟု ဆိုသည်။

“ ရဲစခန်းကို သွားရောက်တိုင်ကြားတာက မေလ ၂၁ ရက်နေ့မှာပါ။ ရဲအဖွဲ့ကတော့ လိုက်လံ ရှာဖွေ စိစစ်မူတွေ ပြုလုပ်နေပါတယ်။ သဲလွန်စတွေတော့ မရသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီပျောက်ဆုံးမူနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်တယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး” ဟု ကိုသန်းနိုင်က ဆက်ပြောသည်။

အဆိုပါ လူပျောက်မူနှင့် ပတ်သက်ပြီး ဘူးသီးတောင် ရဲစခန်းသို့ ဖုံးဖြင့် ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်