မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ကမ်းလွန်ဒေသများတွင် ရေနံတွင်းတူးစင်များရှိရာဒေ၀ူး ကုမ္ပဏီ၏ရေနံ တွင်းတူး စင်တွင် ကိုရီးယား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် အခြားနိုင်ငံသားများတာဝန်ထမ်း ဆောင်နေကြသည်။
မေ ၁၆ ရက်နေ့ တိုက်ခတ် မည့်မဟာစင်မုန်တိုင်းသတင်းကို ကုမ္ပဏီက မေ (၁၁) ရက်နေ့က တည်းက သတင်း ရရှိခဲ့သောလည်း ၀န်ထမ်းများကို ရွှေ့ပြောင်းပေးမှု အားနည်းခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ မေ ၁၄ တွင် ပထမအသုတ် မေ ၁၅ တွင် ဒုတိယအသုတ်ရွှေပြောင်းပေးရ မည်ဖြစ်ရာ မေ ၁၄ ရက်နေ့ အစီအစဉ်ပျက်ပြီး မေ ၁၅ ရက် နေ့ နံနက် ၉ နာရီမှသာ ၀န်ထမ်း အချို့အားရွှေ့ပြောင်းပေးနိုင် ခဲ့ သည်။ ရွှေ့ပြောင်းရေးအစီအစဉ် သည်တစ်ဖက်တစ်ပျက်နှင့် ရပ်တန် ခဲ့သည်။ ရေနံတွင်း တူစင်ပေါ်တွင် မြန်မာ့ရေ နံနှင့် သဘာဝဓတ်ငွေ့ လုပ်ငန်းမှဝန်ထမ်းအချို့မြန်မာ နိုင်ငံသားဒေ၀ူးကုမ္ပဏီမှသင်တန်း သားဝန် ထမ်းများနှင့် အခြားနိုင်ငံ သားဝန်ထမ်းများကျန်ရစ်ခဲ့ကြောင်း သိရသည်။
ပြောင်းရွှေ့ခံရသောဝန်ထမ်း အချို့ကိုလည်း စစ်တွေတွင်ချန် ထားခဲ့ပြီး ရန်ကုန်သို့ကိုရီးယားနိုင်ငံ သားဝန်ထမ်းများသာပြောင်းရွှေ့ ပေးခဲ့ကြောင်း ကံကောင်းထောင့် မ၍တါင်း တူစင်တွင်ကျန်ခဲ့သော ၀န်ထမ်းများ အသက်အန္တရာယ် မဖြစ်ခဲ့ကြောင်း ၀န်ထမ်းများဘေး ကင်းလုံခြုံရေးပေါ်တွင် ကုမ္ပဏီ ၏တာဝန်ယူမှုအားနည်းကြောင်း မုန်တိုင်းကာလအတွင်း တွင်းတူ စင်ပေါ်တွင်ကျန်ခဲ့သော ၀န်ထမ်း အင်အားမှာ ၅၉ ဦးရှိကြောင်း အင်တာနက်သတင်းစာမျက်နှာ ပေါ်တွင်ပါရှိခဲ့သည်။
မောင်ယဿ
The Hot News Weekly
Time in Rangoon


1 comments:
မြန်မာနိုင်ငံသားက လူမဟုတ်လို့လားကွဟေ
Post a Comment