Saturday, May 25, 2013

ကျောင်းသားထုတွင်လိင်ပိုင်းဆိုင်ရာအသိပညာပေးမှုများလိုအပ်နေပြီ

Posted by drmyochit Saturday, May 25, 2013, under | No comments


ကျွန်တော့်မှာ လေးနှစ်အ ရွယ်မြေးငယ်တစ်ဦးရှိသည်။ ဒီ မြေးငယ်အတွက် နောင်ကြီးပြင်း လာမည့် အချိန် ကာလနှင့် အသက် အရွယ်တွင် ကြုံတွေ့ရမည့်ခေတ် ကြီး၏အနေအထားကို တွေး၍ ရင်လေးရပါသည်။ အိုင်တီ နည်း ပညာများ၊ တိုးတက်မှုခေတ်ရေ စီးကြောင်း၌ မျောပါသွားမည်ကို လည်း စိုးရိမ်မိသည်။
အရွယ် မရောက်သေးသော မိန်းကလေးများကို တစ်ဖက်လိင် မတူသောယောက်ျားများက ကာမ ဆန္ဒတစ်ခုတည်းကိုသာကွက်၍ ကြည့်ပြီး ကာမဆန္ဒကို အဓမ္မ အနိုင်ရယူမှုများသာဖြစ်သည်။

ကြားသိနေ ရသောယခုမျက် မှောက်သတင်းဖြစ်ရပ်တွေကလည်း စုံလှသည်။ မကြားချင်အဆုံး၊ မဖတ်ချင် အဆုံး။
ကျွန်တော် စာအုပ် စာနယ် ဇင်းဆိုင်တွင် စာဖတ်ပရိသတ် ဖောက်သည်တစ်ဦးရှိသည်။ သူက မှုခင်း သတင်း ဂျာနယ်ကို ထွက်သမျှအပတ်စဉ်ဝယ်သည်။

““မှုခင်းဖတ်လျှင်၊ အနိဋ္ဌာရုံ၊ ကျက်သရေမရှိ””ဟူသော အတွေး အခေါ်ဟောင်းက တစ်ကမ္ဘာမှာ ချန်ထားခဲ့ပါပြီ။

မကောင်းမှုလွန်ကျူးမည့် သူများကိုကြိုတင်ဟန့်တားကာ ကွယ်သော ပညာပေးမှု၊ ဆောင် ရန်၊ ရှောင်ရန် နည်းပညာ ကိုမသိ ၍ မှုခင်းများကို ကန့်လန့်ကာချ ထားခဲ့သောသူများ၊ ယခုတော့ နဖူးတွေ့၊ ဒူးတွေ့ကြုံ ကြရ ပါပြီ။

အရွယ်နှင့်မမျှအောင် ကာမ ဂုဏ်ဆိုင်ရာ လွန်ကျူးခံရသူတွေ၊ သွေးဆောင်ဖြားယောင်းခံရသူ တွေ များပြား လာသော ယနေ့ ခေတ်ကြီးကို သမီးရှင်၊ မြေးရှင် ဖြစ်ရသော ကျွန်တော့်အဖို့ ရင် တမမဖြစ်ရပါပြီ။
အရွယ် မရောက်သေးသော မူ-လယ်-ကျောင်းသူကလေးများ ကို၊ ချစ်သူသမီးရည်းစားဘ၀ အဖြစ် ကာမရ ယူ အနိုင်ကျင့်ခြင်း၊ အခြားနည်းပုံစံဖြင့် ဖြားယောင်း သွေးဆောင်ဘ၀ဖျက်ဆီးခြင်း၊ လူ့ ဘ၀တွင် ဥမမယ်-ဇာမမြောက် မဖြစ်ခင်ကပင်၊ ဘ၀ကိုအရှုံးပေး သည့်အသွင်ဖြင့် နစ်မွန်းခံရသော ဘ၀ဖြစ်ရပ်များ ကိုကြားသိ ရ၍၊ စိတ်မကောင်းပါ။ မိဘချင်း၊ မြေး အဖိုးချင်း၊ စာနာစိတ်ဖြစ်မိပါ သည်။

ချစ်သူရည်း စားဘ၀ဖြင့်၊ အချစ်နယ်ကျွန်သွားပါက ကုစား ရန်ပဋိသန္ဓေတားဆေးများက အလွယ် တကူဝယ် ယူနိုင် သည်။ လမ်းဘေးကွမ်းယာဆိုင်မှ၊ မှန် ကောင်တာကြီးဖြင့် ရှိုးကျကျ ရောင်းချသောစတိုးဆိုင်၊ ဆေး ဆိုင်များ အထိ၊ ကုစားရနိုင်သော ဆေးများက လိုသလောက်ရနေ သောအချိန်ကာလ။

ကိုယ်ဝန်ရလျှင် ဖျက်ချပေး ရန် အရပ်လက်သည်ကလည်း ကိုယ်ဝန်သန္ဓေအနုအရင့်ပေါ် မူတည်၍ ကျပ်ငွေ (၂၀၀၀၀-၅၀၀၀၀) ထိပေးနိုင်လျှင် အမှုကိစ္စ က နာရီပိုင်းအတွင်း ပြီးစီးနိုင် သော ““လူသတ်ကုန်း””များ လည်း နေရာ အတော် များများ၌ ကြီးစိုး လုပ်စားနေသောအချိန်ကာလ။
တည်ဆဲ ဥပဒေ၊ နည်းဥပဒေ တိုင်အောင်၊ မကျရောက်၊ မရင် ဆိုင်ရဘဲ ပလပ်၊ ပျက်ပြယ်သွား သော မုဒိမ်းမှုအနိုင်ကျင့်၊ ဗိုလ်ကျ စိုးမိုးမှု၊ သွေးသားသောင်းကျန်း မှုကလည်း ဒုနှင့်ဒေး။

မိဘအုပ်ထိန်းသူ၊ အတန်း ပိုင်ဆရာ၊ ဆရာမများက၊ ဖာသိ ဖာသာနေလိုက်ပါက ““ကာမ မုဆိုး””အနိုင်ကျင့်သူများ၏လက် ၀ယ် ပညာရေးတစ်ပိုင်းတစ်စဖြင့် ရေတိမ်နစ်နေကြရသော သမီး ငယ်၊ မြေးငယ်များအတွက် ကျွန် တော်အချိန်ပေး၍ စာနာမိလိုက် ပါသည်။

တည်းခိုခန်းမှ အရွယ်မ ရောက်သော မိန်းကလေးကို ခေါ်လာပြီး နာရီပိုင်း၊ အချိန်ပိုင်း၊ တည်းခိုသည်ကို သားသမီးချင်း စာနာစိတ်ဖြင့် တည်းခိုခန်းမန်နေ ဂျာများ၊ အုပ်ချုပ်စီမံသူများက ဘာကြောင့် လျစ်လျူရှုနိုင်ကြ တာလဲ။

လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ် ၀န်းကျင်က ကျွန်တော်တို့မြို့မှာ ပင် ရင်းနှီးသောပုဂိ္ဂုလ်ဆယ်ကျော် သက်ရွယ်ယောက်ျားလေးအား မူလတန်းကျောင်းသူကလေးကို ကျူရှင်ပို့ခိုင်းရာမှဖြစ်ပေါ်သွား သော မုဒိန်းမှု၊ ဖြားယောင်းသွေး ဆောင်မှု။

စည်ပင်ဈေးသို့ မုန့်ဝယ်ခိုင်း ရာမှ ပြန်လာသောမူလတန်း ကျောင်းသူကလေးကို ဘုန်းတော် ကြီးကျောင်းဝင်း ချောင်ကျရာ နေရာသို့ ခေါ်ဆောင်၍ အဓမ္မ ကြံစည်မှု။
စသည့် စသည့် တရားခွင် ရောက်ပြစ်မှုများနှင့် ရပ်သိရွာသိ အနေအထားမျှဖြင့် ဥပဒေက အရေးမယူလိုက်ရသော တရားခွင် သို့ မရောက်သောပြစ်မှုများက လည်း စုံမှစုံ၊ များမှများ။
အိုင်တီနည်းပညာပိုင်းဆိုင် ရာတိုးတက်မှုနောက်ဝယ် ချစ်သူ ရည်းစားချင်း၊ ကိလေသာကာမ ဂုဏ်တိုးပွားအောင် လမ်းပြဖော် ဆောင်နိုင်သော သိပံ္ပနည်းပညာ ပစ္စည်း၊ အင်တာနက်များလည်း တစ်မျိုးပြီးတစ်မျိုးပေါ်နေပြီ။

ညစ်ညမ်းခွေများတွင်လည်း ဖြစ်ရပ်စုံ၊ မြင်ကွင်းစုံများကို ဇာတ် ကွက်ဇာတ်လမ်းဆင်၍တစ်ဖုံ၊ တည်းခိုခန်းဖြစ်ရပ်အသွင်ဖြင့်တစ် မျိုး မြင်ကွင်းကျယ်များဖြင့် ထုတ် ခဲ့ကြသော စီဒီခွေများကိုလည်း၊ နိုင်ငံတော်က မူးယစ်ဆေးဝါး အသွင် လမ်းကြိတ်စက်များဖြင့် မဟာဗျူဟာဖွင့်၍ ဖျက်ဆီးနေ ကြပါပြီ။ လမ်းဘေးအရောင်းဆိုင် များကိုလည်း ဥပဒေ၊ နည်းဥပဒေ အရ ဟန့်တားနေကြပါပြီ။ သက် ဆိုင်ရာအစည်းအရုံး၊ အဖွဲ့အစည်း  များကလည်း ချေမှုန်းနေကြပါ ပြီ။

သို့သော်- သို့သော်

နှစ်ပေါင်းသုံးလေးဆယ်ကာ လအတွင်း လွှမ်းမိုးအနိုင်ယူခဲ့ သော ယဉ်ကျေးမှုတော်လှန်ရေး ကြီး၏ ရေစီးကြောင်းဝယ် အမှိုက် သရိုက်များက ပေါလောမျောနေ ကြပါဦးမည်။

အနောက်နိုင်ငံ ဒီမိုကရေစီ နိုင်ငံကြီးများက စာသင်ကျောင်း များမှာ လိင်ပညာပေးကို ကျောင်း ချိန်အတွင်း ဘာသာရပ်တစ်ခု အနေဖြင့် သင်ကြားပို့ချနေသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း လိင် ပညာပေးဟောပြောမှုများလောက် တော့ သက်ဆိုင်ရာမှ အချိန်ပေး ဆောင်ရွက်သင့်ပါပြီ။
လိင်ကိစ္စပြောရ၊ ဆိုရမည်ကို သာရှက်နေကြတာပါ။ အသွင် မတူယောက်ျားလေးနှင့် ပန်းခြံ၊ တည်းခိုးခန်း၊ ဆိတ်ကွယ်ရာနေ ရာနှင့် သန္ဓေသားဖျက်ချရာနေ ရာသို့ ၀င်ထွက်သွားရမည်ကို တော့ သူတို့မရှက်တတ်ကြပါ။ ““လူသတ်ကုန်း””မှာ လူ့ဘ၀သို့ မရောက်သေးသော ရင်သွေးငယ် တို့ကို အရှင်လတ်လတ် သတ်နေ တာကိုတော့ သူတို့မရှက်တတ် ကြပါ။
တက္ကသိုလ်ရပ်ဝန်းဒေသတွင် မိဝေး၊ ဖဝေးဖြင့် ပညာသင်ယူနေ ကြသော ကျောင်းသူကလေးများ ဘ၀မေ့ပြီး၊ ခေတ်နှင့်အပြိုင် အသွင်မတူသောလိင်၊ ယောက်ျား များကို ဆက်ဆံပေါင်းသင်းပြီး၊ ပညာရေးလမ်းကြောင်းပေါ်မှ သွေဖီကာ၊ ငွေကိုရေလိုသုံးရာမှ အကျင့်ပျက်အဖြစ် ကိုယ်ဝန်ရ လာကြသောသတင်းများကလည်း ရိုးအီနေပါပြီ။

လင်ယူသားမွေးလုပ်ခြင်းကို ထမင်းစား၊ ရေသောက်၊ စားပြီး သားထမင်းပန်းကန်ရေဆေးသကဲ့ သို့ အလွယ်ဆုံးကျင့်သုံးပြီး၊ ဂုဏ် သိက္ခာ၊ မျိုးရိုးဗီဇများကို ကြမ်း ပြင်ထက်၊ မြေကြီးထက်ဝယ် နင်း ချေခဲ့ကြပါပြီကော။

ဆယ်ကျော်သက်အရွယ် ကျောင်းနေအရွယ် ရင်သွေးငယ် များကို လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့်စော်ကားမှုကို ကာကွယ် တားဆီးဖို့ ဥပဒေဆိုင်ရာကူညီရေး အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့ နှင့် အခြားလူမှုရေးအဖွဲ့တို့က တစ်နိုင်ငံလုံးအတိုင်းအတာ စာ သင်ကျောင်းများမှ ပညာပေး ဟောပြောပွဲများပြုလုပ်မည်ဟု သိရသည်။
အသက် ၁၃ နှစ်-၁၆နှစ် ကြား မိန်းမပျိုကလေးများကို လိင်မတူသောယောက်ျားများက ““အရှက်နှင့်အသက်””ယှဉ်တွဲပြီး ကုစားနိုင်ဖို့ ပညာပေးရန်လိုသည်။ တစ်ဖက်က မုဒိမ်းမှုကျူးလွန်လို သူ ယောက်ျားအမျိုးသားများ၏ လှည့်ကွက်လိမ်ကွက်၊ နွံထံမှာ မနစ်မွမ်းကြရအောင် တရား လွှတ်တော်ရှေ့နေဥပဒေပညာရှင် များက မိမိတို့တာဝန်ကျရာဒေသ ခံနေရာဒေသတိုင်း စာသင် ကျောင်းတိုင်းမှာ ပညာပေးသင့် ပါသည်။ တရားခွင်ထဲသို့ ရောက် လာသော တရားခံကို စီရင်ပေးမှု ထက်၊ တရားရုံးသို့ မချဉ်းကပ် လာအောင် ကြိုတင်ကာကွယ် ပညာပေးသင့်ပါပြီ။

ထက်-လယ်-မူ-တက္ကသိုလ် ကျောင်းဝင်းများနှင့် နီးစပ်ရာ ဒေသများတွင် တည်းခိုခန်း၊ အနှိပ်ခန်း၊ ကာရာအိုကေ၊ ကိုယ် ၀န်ဖျက်ချရာ သားဖွားခန်းများ၊ လူသတ်ကုန်းများ ထားရှိနေခြင်း က ပြစ်မှုကျူး လွန်မည့် သူများ ကို အားပေးစေ့ဆော်နေသလိုဖြစ်နေ ပါသည်။
သားသမီးချင်း၊ မြေးမြစ်ချင်း စာနာမှု၊ မြန်မာတို့၏ ပင်ကိုယ် ဗီဇစိတ်ပြည့်ဝစွာဖြင့် မျိုးရိုးနွယ်  မပျောက်ရေးကို အမျိုးသားရေး အနိမ့်ဆုံးဝန်တာတစ်ရပ်အနေဖြင့် ယနေ့ပင် ၀ိုင်းဝန်းစတင်ဆောင် ရွက်ကြပါစို့။


ကိုကိုညိမ်း-ကောလင်း

From: The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်