Sunday, May 26, 2013

မုဒိမ်းအကျင့်ခံရသည့်မိန်းကလေး ကျောင်းအိမ်သာထဲတွင် ကလေးမွေး

Posted by drmyochit Sunday, May 26, 2013, under | No comments



မုဒိမ်းအကျင့်ခံရပြီး ကိုယ်ဝန် ရှိလာသည့် မိန်းကလေး တစ်ဦးသည် ကျောင်းအိမ်သာ အတွင်း ကလေးမွေး ခဲ့သည့် ဖြစ်ရပ်တစ်ခု ထိုင်ဝမ်တွင်ဖြစ်ပွားခဲ့သည်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးကို လမ်းပေါ်တွင်နေထိုင်သည့် အခြေအနေမဲ့တစ်ဦးက မုဒိမ်း ကျင့်ပြီး ကိုယ်ဝန် ရရှိလာခဲ့ကြောင်း ထိုမိန်းကလေးက ဝန်ခံခဲ့သည်။

မိန်းကလေးသည် မိမိတွင် ကိုယ်ဝန်ရှိနေသည်ကို မသိဘဲ အဖော်များနှင့် ဘတ်စ်ကက်ဘော ကစားနေစဉ် ဗိုက်နာ လာသဖြင့် အိမ်သာသို့ပြေး ခဲ့ရကြောင်း၊ အိမ်သာ ထဲရောက်မှ ကလေး ထွက်ကျ လာသဖြင့် အံ့သြ သွားမိ ကြောင်း၊ အရေးပေါ်အော်ဟစ် အကူ အညီတောင်းပြီး ဆေးရုံသို့ အမြန်ပို့ခဲ့ရကြောင်း၊ ကလေးသည် မွေးမွေးချင်း လုံးဝ အသက်မရှူကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

သူမ၏ မိဘများ၊ သူငယ်ချင်းများနှင့် မိန်းကလေးကိုယ်တိုင် ကိုယ်ဝန်ရှိနေခြင်းကို မသိခဲ့ဘဲ၊ ဝလာသည်ဟု ထင် ခဲ့ကြောင်း သူမကဆိုသည်။

သူမကို တာဝန်ရှိသူများက မည်သူဆိုခြင်းကို စစ်မေးရာတွင် မပြောနိုင်ကြောင်း၊ ရဲများကလည်း ပတ်ဝန်း ကျင်ရှိ အခြေအနေမဲ့များ၏ DNA နှင့် တိုက်ဆိုင်စစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မွေးဖွားလာသည့်ကလေးမှာ မိန်းကလေးဖြစ်ပြီး အသက်ရှင်လျက်ရှိကြောင်း၊ မိသားစုက ထိုကလေးကို မိဘမဲ့ ကလေး များဂေဟာသို့ သွားရောက်ပေးပို့ရန် စီစဉ်ထားသည်ဟုဆိုသည်။

မောက္ခနိုင်ငံတကာသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်