Sunday, May 26, 2013

မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် နေပြည်တော် အမြန်လမ်းမကြီးတွင် တိမ်းမှောက်ပြီး ၁၁ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရရှိ

Posted by drmyochit Sunday, May 26, 2013, under | No comments


ကိုးဂွတံတားအောက်သို့ ထိုးကျပျက်စီးနေသော မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်အား မေ ၂၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ဝင်းချစ်)

မေ ၂၅ ရက် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-မော်လမြိုင်-ဘားအံ-သံဖြူ ဇရပ်သို့ မောင်းနှင်သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံယာဉ် တစ်စီးသည် ပြည်ထောင်စု အမြန် လမ်းမ ကြီးပေါ်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကိုးဂွတံတားအောက်သို့ ထိုးကျခဲ့သဖြင့် ခရီးသည် ၁၁ ဦး သေဆုံး ခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံယာဉ်သည် ရန်ကုန်မှ မေ ၂၄ ရက် ည ၈ နာရီခွဲမှ စတင်ကာ မန္တလေး သို့ ထွက်ခွာလာစဉ် ယာဉ်မောင်းသီဟအောင် မောင်းနှင်ချိန်၊ ပဲခူးတိုင်းဒေသကြီး အုတ် တွင်းမြို့ နယ် ပြည်ထောင်စု အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂၅ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံ အကြားသို့အ ရောက် တွင် ကိုးဂွတံတားအနီး လမ်းမဘယ်ဘက် နံဘေးရှိ ဘာဂျာတုံးအား တိုက်မိရာမှ ကိုးဂွတံတားအား ဆက် လက် တိုက်မိကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်ပေါ် တွင် ယာဉ်မောင်းယာဉ်နောက်လိုက်နှင့် ခရီးသည် စုစုပေါင်း၂၆ ဦး လိုက်ပါခဲ့ပြီး အမေရိ ကန်နိုင်ငံသား ခရီးသွား တစ်ဦးလည်း ပါဝင်ခဲ့ရာ အမေရိကန်နိုင်ငံသား Gleen အသက် ၃၁ နှစ်ခန့်အား ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ပြီး တစ်ဦးမှာ မိမိအစီအစဉ်ဖြင့် ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။

လမ်းမှာထမင်းစားနားတဲ့ အချိန်မှာ သူတို့ကားကို ပြင်နေတာ တွေ့တယ်။ ဦးဇင်းလည်း ကားပေါ်တက်ခါနီး ကားဘီးကို ကြည့်လိုက်တော့ ကားဘီးက ကွဲနေတာတွေ့တယ်။ တာယာကကွဲနေတာ အခုမှောက် တဲ့နေရာရောက်တော့ ကားကဘီးပေါက်တာလား ဘာလားမသိဘူး၊ ဟိုဘက်ယိမ်း ဒီဘက်ယိမ်း ဖြစ်ပြီးတော့မှ ချောက် ထဲကို ထိုးကျသွားတာ . . . . .

မှန်လုံယာဉ်မှာ ခါးပိုင်းကျိုး အနေအထားဖြင့် တံတားပေါင်မှ အောက်ဘက်သို့ ထိုးကျတိမ်းမှောက်ရာ ကားတစ် စီးလုံး ပျက်စီးသွားခဲ့ပြီး ခရီးသည် ကျား ၅ ဦး၊ မ ၅ ဦးနှင့် သံဃာ ၁ ဦး စုစုပေါင်း ၁၁ ဦး သေဆုံး သွား ခဲ့ကြောင်း မေလ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်စာရင်းအရ သိရှိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများ အား ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကျား ၉ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၁၃ ဦး တက်ရောက် ကုသနေပြီး ကျား ၂ ဦးမှာ စိုးရိမ်ရသော အခြေအနေရှိနေပြီး သတိပြန်လည်လာခြင်း မရှိသေးကြောင်း၊ ဖြူးမြို့ဆေးရုံကြီးရှိ အတွင်းလူနာများအား နိုင်ငံတော်မှ ထုတ်ပေးထားသော အရေးပေါ် အထူး ကုဆေး ၀ါးများ၊ ဓာတ်မှန်ရိုက်ပေးခြင်းတို့အား ဆေးရုံရှိ အထူးကု ဆရာဝန်ကြီးများဖြင့် အခမဲ့ ကုသပေး လျက်ရှိကြောင်း ဖြူးမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဦးဇော်လွင်က ပြောကြားသည်။

ဒဏ်ရာရ ခရီးသည်များအား ဖြူးဆေးရုံတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ဝင်းချစ်)

"ဦးဇင်းက မြစ်ကြီးနားကိုပြန်ဖို့ ရန်ကုန်ကနေ မန္တလေးကို စီးလာတာပါ။ ကားက ရန်ကုန်ကနေ ည ၈ နာရီခွဲမှာ စထွက်တာ၊ စထွက်ပြီး သိပ်မကြာဘူး အမှတ် ၃ လမ်းမကြီးကို မရောက်ခင်ကတည်းက နှစ်ကြိမ်လောက် ပျက်သေးတယ်။ အဲဒီက ဆက်မောင်းလာပြီး လမ်းမှာထမင်းစားနားတဲ့ အချိန်မှာ သူတို့ကားကို ပြင်နေတာ တွေ့တယ်။ ဦးဇင်းလည်း ကားပေါ်တက်ခါနီး ကားဘီးကို ကြည့်လိုက်တော့ ကားဘီးက ကွဲနေတာတွေ့တယ်။ တာယာကကွဲနေတာ အခုမှောက်တဲ့နေရာရောက်တော့ ကားကဘီးပေါက်တာလား ဘာလားမသိဘူး၊ ဟိုဘက်ယိမ်း ဒီဘက်ယိမ်း ဖြစ်ပြီးတော့မှ ချောက်ထဲကို ထိုးကျသွားတာ။ နောက်တော့ ဦးဇင်းတို့လည်း ဘာမှမသိတော့ဘူး" ဟု ဖြူးမြို့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေသော မြစ်ကြီးနားမြို့၊ မဟာဗောဓိကျောင်းတိုက်မှ ဦးဇင်းဦးဇန္နကမှ မိန့်ကြားတော်မူသည်။

"ကျွန်မတို့ကဖြစ်ပြီး ၁၀ မိနစ် ပတ်ဝန်းကျင်လောက်မှာ ရောက်တယ်။ အရေးကြီးတဲ့သူတွေ အရင်ပို့တယ်။ ၁၀ မိနစ်လောက်သာ နောက်ကျမယ်ဆိုရင် နောက်ထပ် ၃၊ ၄ ယောက်လောက် ထပ်ပြီးသေမှာပါ။ ရောက်ရောက်ချင်း နှလုံးခုန်ရပ်နေတဲ့ မိန်းကလေးကို နှလုံးခုန်အောင် လုပ်နိုင်ခဲ့တဲ့အတွက် အသက်ဆုံးရှုံးမှုကနေ လွတ်မြောက်အောင် ကူညီနိုင်ခဲ့တယ်။ ယခုလို ကားမှောက်ရတာ အဓိကကတော့ ကားဘီးတွေက ပွိုင့်တွေမကောင်းတာလည်း ပါတယ်" ဟု အရေးပေါ် ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဒေါ်သန်းသန်းမြင့်က ပြောကြားခဲ့သည်။

"ဖြစ်တဲ့နေရာကို ကျွန်တော်တို့ ၁၀ မိနစ်အတွင်း ရောက်ရှိသွားတယ်။ ဒီတစ်ခေါက် ဖြစ်စဉ်မှာ အမြန်လမ်းပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အားသုံးပြီးတော့ လုပ်ဆောင်ခဲ့တဲ့အတွက် အသက်တွေကို ကယ်နိုင်ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရရှိတဲ့ သူတွေရဲ့ ပစ္စည်းတွေကို ဆောက်လုပ်ရေး၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး၊ ပြည်သူလူထု ပါဝင်တဲ့ ဘုတ်အဖွဲ့ဖွဲ့ပြီး သိမ်းဆည်းထားပါတယ်။ အမြန်လမ်းပေါ်မှာ တာယာပေါက်ပြီးတော့ ယာဉ်တိမ်းမှောက်ဖြစ်စဉ်တွေက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီအတွက် ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးဖို့ လိုပါတယ်" ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်းက ဆိုခဲ့သည်။

မန်းရွှေမြို့တော် မှန်လုံယာဉ်သည် ရန်ကုန်မှ စထွက်ပြီး ကားခဏခဏ ပျက်ခြင်း ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါယာဉ်အား ယာဉ်မောင်းသီဟအောင်နှင့် ညွန့်ဝေနှစ်ဦး မောင်းနှင်ပြီး ရန်ကုန်မှစထွက်ချိန်တွင် ယာဉ်မောင်း ညွန့်ဝေမှ မောင်းနှင်ပြီး ဖြူးမြို့နယ် ယာဉ်ရပ်နားစခန်းတွင် ထမင်းစားနားပြီး ဆက်လက်ထွက်ခွာရာ ယာဉ်မောင်းသီဟအောင်က ပြောင်းလဲမောင်းနှင်ရာတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာများ ရရှိကာ ဖြူးမြို့ပြည်သူ့ဆေးရုံးကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူကြသူ ခရီးသည်များက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ အမြန်လမ်း ရဲစခန်း၊ ကယ်ဆယ်ရေးစခန်း၊ ဆောက်လုပ်ရေးဌာနနှင့် ခရိုင်အတွင်းရှိ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ အင်အားများဖြင့် လာရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းအား ယာဉ် ပ-၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄( က)/၃၃၈/၃၃၇ ဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ ယာဉ်မတော်တဆ ဖြစ်ပွားမှု စာရင်း

                                                           ယာဉ်မတော်တဆမှု   ဒဏ်ရာရ   သေဆုံး
၂၀၀၉ မတ်လမှ     ၂၀၁၀ မတ်လအတွင်း        ၁၀၃ ကြိမ်                  ၁၇၀ ဦး        ၄၇ ဦး
၂၀၁၀ ဧပြီလမှ     ၂၀၁၁ မတ်လအတွင်း         ၇၃ ကြိမ်                     ၁၄၅ ဦး       ၃၈ ဦး
၂၀၁၁ ဧပြီလမှ    ၂၀၁၂ ဒီဇင်ဘာလအတွင်း     ၁၂၂ ကြိမ်                  ၁၅၁ ဦး       ၁၀၁ ဦး

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်