Sunday, May 26, 2013

စက္ကန့်၂၀ ဖြင့်ဆဲလ်ဖုန်းအားသွင်းနိုင်သည့်ဆယ်ကျော်သက်အရွယ်၏တီထွင်မှု

Posted by drmyochit Sunday, May 26, 2013, under | No comments



ကာလီဖိုးနီးယားပြည်နယ်မှ အသက်၁၈နှစ်အရွယ်ရှိ အက်ရှာ ခါရီသည် ဆဲလ်ဖုန်းအားစက္ကန့် ၂၀ဖြင့်အား သွင်းနိုင် သည့် စွမ်း အင်သိုလှောင် ပစ္စည်းအား တီ ထွင်နိုင်ခဲ့သည်။ထိုစွမ်းအင် သို လှောင်ပစ္စည်းအား အယ်လ် အီးဒီ မီးသီးတစ်လုံးတည်းဖြင့်အားပေး ထားသော်လည်း ၎င်း၏စွမ်း ဆောင်ရည်မှာအလွန်မြင့်မား သည်။

ထိုတီထွင်မှုကြောင့်ပင် သူ မသည် အရီဇိုးနားပြည်နယ်၊ဖီးနစ် မြို့တွင်ကျင်းပသည့် အင်တဲလ် အပြည်ပြည် ဆိုင်ရာသိပ္ပံနှင့်အင် ဂျင်နီယာပစ္စည်းပြပွဲတွင် လူငယ် သိပ္ပံပညာရှင်ဆုရရှိခဲ့သဖြင့် ဒေါ်လာ ငါးသောင်း ချီးမြှင့်ခြင်း ခံ ခဲ့ရသည်။သူမတီထွင်သည့်ပစ္စည်း မှာသေးငယ်သော်လည်းနည်းပညာ ပြုပြင်ပြောင်းလဲရေး ပစ္စည်းတစ် ခုဖြစ် လာနိုင်သည်။

ခါရီတီထွင်သောပစ္စည်းမှာ မော်တော်ယာဉ်ဘက်ထရီများ၊ ဆဲလ်ဖုန်းများနှင့်အခြားမည်သည့် ပြန်လည် အား သွင်း နိုင်သော လျှပ် စစ်ဘက်ထရီအမျိုးအစားကိုမဆို အားသွင်းနိုင်သည်။ အင်ဘီစီဆန် ဖရန်စ္စကို သတင်း ဌာနကခါရီအားဤတီထွင်မှုကို ပြုလုပ်ရန်မည်သည့်အရာက တွန်းအားပေးခဲ့ကြောင်း မေးမြန်း ရာတွင် ခါရီက သူမ၏ ဆဲလ်ဖုန်း သည်အမြဲလိုလိုအားကုန်နေတတ် သဖြင့် တီထွင်ခဲ့ကြောင်းပြန် လည်ဖြေ ကြားခဲ့သည်။

သူမအသုံးသော စူပါလျှပ် သိုပစ္စည်းမှာ အခြေခံအားဖြင့် ထု ထည်ပမာဏ နည်းနည်းတွင် စွမ်း အင်များ စွာကိုသိုလှောင်ထား နိုင် မှုအပေါ်တွင်အခြေခံထားကြောင်း လည်းသူမက ရှင်းပြခဲ့သည်။
သူမ ၏ တီထွင်မှုအား သတိ ပြုမိသည့်ဂူဂယ်ကုမ္ပဏီက သူမ တီထွင်သည့် ပစ္စည်းနှင့်ပတ်သတ် ၍ သူမ အား ချဉ်းကပ်လျက်ရှိ ကြောင်းလည်း သိရသည်။

ဥက္ကာအောင်
Source:The Sideshow
From: The Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်