Sunday, June 02, 2013

အိမ်ထောင်ရေး ဖေါက်ပြန်နေစဉ် တွေ့ရှိသူ ယောက်ခမအား သတ်ခဲ့သူချွေးမ ဖမ်းမိ

Posted by drmyochit Sunday, June 02, 2013, under | No comments


၂၈-၅-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် သုံးခွမြို့နယ်၊ သာသာမြိုင်ကျေး ရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ်
မြောက် ဘက် ရှိ ရေကန်အတွင်းမှ လွန်ခဲ့သော (၂)ရက် ကျော် ခန့် ကတည်းကပျောက်ဆုံးနေသော ကိုသန့် ဇင်ဝင်း ၏ဖ ခင် ဦးလှတင်၏အလောင်းအား နောက်ပြန်ကြိုး တုပ် လျက် တွေ့ ရှိသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေး ယူပေး ပါရန် တိုင် တန်းခဲ့၍ သုံးခွမြို့မရဲစခန်းမှအမှုဖွင့်ပြီး တရား ခံဖော် ထုတ် ဖမ်းဆီးရမိရေး စုံစမ်း ဆောင် ရွက် ခဲ့ပါ သည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်များမှ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ၂၅-၅-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန်ခန့် တွင်သေဆုံးသူ ဦးလှတင်၏ချွေးမ မစန်းစန်းလှိုင်(ကိုသန့်ဇင်ဝင်း၏ဇနီး)သည် နေအိမ် တွင် နောက်ကျော ဘက်နေ အိမ်မှ ကရင်ကြီး (ခ) ကိုသက် (ခ)တင်မောင်မြင့်နှင့် လူမှုရေး ဖောက်ပြန် ဆက်ဆံနေ စဉ် ဦးလှ တင် ရောက်ရှိမြင်တွေ့ သွားသဖြင့် ကရင်ကြီးမှာ ထွက်ပြေး သွား ခဲ့ပါသည်။

၁၈၀၀ အချိန် ဦးလှတင်သည် နေအိမ်တွင်ရှိနေစဉ် ကရင်ကြီး ရောက်ရှိလာကာ မစန်းစန်းလှိုင်နှင့်အတူ ဦးလှ တင်အား လည်ပင်း ညှစ်သတ်ပြီး ကြိုးတုပ်၍ရေကန်အတွင်းသို့ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ကရင်ကြီးနှင့် မစန်းစန်းလှိုင်တို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်