လမ်းမတော်မြို့နယ် ၀ါးတန်း ဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး RORO III ဇက်ပေါ်မှ မြစ်ထဲသို့ ပြုတ် ကျသွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၁ ရက် မွန်းလွဲ ၂ နာရီတွင် လမ်းမတော်မြို့နယ် ၀ါးတန်း ဇက် ဆိပ်တွင် ကိုသက်နိုင် မောင်းနှင်သော ဟိုင်းလပ် ၃ခ/.... အစိမ်းရောင် ယာဉ်သည် RORO III ဇက်ပေါ် သို့ မောင်းတက်ခဲ့ပြီး ရပ်ထားခဲ့ရာမှ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
"အယ်ဒီ ဟိုင်းလပ်ကားက ပထမဆုံး ဇက်ပေါ်သို့ အရင်စတက်သွားပြီး အရှေ့ဆုံးမှာ ရပ်ထားတယ်။ နောက်ကားတွေ ဆက်တက်တဲ့ အခါမှာ တက်တဲ့အရှိန်ကြောင့် ဇက်ကလှုပ်ပြီး ဂျမ်းတုံးကိုကျော်၍ ရေထဲကို ကျသွား တာပါ။ ကားပေါ်မှာတော့ လူတစ်ယောက် ပါသွားတယ်။ နောက်ပြီး ခဏအကြာမှာတော့ အယ်ဒီ လူက ရေကူးပြီး အပေါ်ကို ပြန်တက်လာတာ တွေ့ပါတယ်" ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ကိုဆွေဦးက ဆို သည်။
ပြုတ်ကျသွားသည့် ယာဉ်ပိုင်ရှင် ဦးသက်နိုင်က "ကျွန်တော်က ကော့မှူးကို ပြန်မှာပါ။ ဇက်ပေါ်ရောက်တော့ ကျွန်တော် ကားကို ဂီယာထိုးပြီး ဂျမ်းတုံးခုထားတယ်။ နောက်ကားတွေ တက်တော့ ဇက်လှုပ်ပြီး ဂျမ်း တုံးကျော် ကာ ပြုတ်သွားတာပါ" ဟု ဆိုသည်။
ဝါးတန်းဇက်ဆိပ်တွင် တစ်နေ့လျှင် ဇက်နှစ်စီးဖြင့် ကားများကို ပို့ဆောင်ပေးနေပြီး ဇက်တစ်စီးပေါ်တွင် ကား အစီးရေ ၂၅ စီးခန့် ဆံ့ကြောင်း RORO III ဇက်ပေါ်မှ စက်ပိုင်းဆိုင်ရာ တာဝန်ခံ ဦးမြင့်နိုင်က ပြောကြား ခဲ့သည်။
From: Eleven
Time in Rangoon


0 comments:
Post a Comment